ေရႊပိသာခ်ိန္ ၁၂၀၀ က်န္ရွိတယ္ဆိုတာ လိမ္တာဟု ဆို (႐ုပ္/သံ)

0
363

မိုးထိမိုးမိ ေရႊလုပ္ကြက္က ေရႊပိသာခ်ိန္ ၁၂၀၀ ေက်္ာ အေၾကြးက်န္တယ္ဆိုတာ အစိုးရဘက္က လုပ္တဲ့ အလိမ္ေတြအလႊဲေတြျဖစ္ေၾကာင္း ဦးစိုးထြန္းရွိန္က ေျပာၾကားလိုက္ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေမာင္ထက္ ကေပးပို႔ထားပါတယ္။

အမ်ိဳးသားၾကီးပြားတိုးတက္ေရးကုမၸဏီအေနနဲ႔ ႏိုင္ငံေတာ္ကို ေပးသြင္းရမယ့္ ေရႊပိသာခ်ိန္ ၁၂၀၀ က်န္ရွိတယ္ ဆိုတာ လႊဲမွားေနျပီး ေရႊ ပိသာ ၁၀၁ ပိသာ သာက်န္ရွိေတာ့တာျဖစ္တယ္လို႔ ဥကၠ႒ ဦးစိုးထြန္းရွိန္က ေျပာပါတယ္ ။
ဇူလိုင္လ ၆ ရက္ေန႔က အမ်ိဳးသားၾကီးပြားတိုးတက္ေရးေရႊတူးေဖာ္ထုတ္လုပ္မႈ အုပ္စုလီမိတက္ က လက္ရွိ သူတို႔ရင္ဆိုင္ေနရတဲ႔ အခက္အခဲေတြအေၾကာင္းကို ရန္ကုန္ျမိဳ႔ ေရႊေေတာ္၀င္ႏွင္းဆီခန္းမမွာ သတင္းစာရွင္း လင္းပြဲျပဳလုပ္ခဲ႔တာပါ ။

Soundbites- ဦးစိုးထြန္းရွိန္(ဥကၠ႒)
အမ်ိဳးသားၾကီးပြားတိုးတက္ေရးေရႊတူးေဖာ္ထုတ္လုပ္မႈ အုပ္စုလီမိတက္

လက္ရွိမွာ အစိုးရတာ၀န္ရွိသူေတြက ေရႊေၾကြးမ်ားစြာ က်န္ရွိေနတဲ့ အမ်ိဳးသားၾကီးပြားတိုးတက္ေရး ေရႊတူးေဖာ္ထုတ္လုပ္မႈ အုပ္စုလီမိတက္က ဒါရိုက္တာ အဖြဲ႔၀င္ ရွစ္ဦးကို ႏိုင္ငံျခားထြက္ခြာခြင့္ ကို တားျမစ္ထားပါတယ္ ။

Soundbites- ဦးစိုးထြန္းရွိန္ (ဥကၠ႒)၊အမ်ိဳးသားၾကီးပြားတိုးတက္ေရးေရႊတူးေဖာ္ထုတ္လုပ္မႈ အုပ္စုလီမိတက္

အမ်ိဳးသားၾကီးပြားတုိးတက္ေရး ကုမၸဏီဟာ သတ္မွတ္ ေရႊပမာဏာ မေပးသြင္းႏုိင္ပဲ ေရႊကိုဆက္ထုတ္ေနတဲ့အတြက္ ၂၀၁၈ ေဖေဖၚ၀ါရီလမွာ ေရႊထုတ္လုပ္ခြင့္ ပါမစ္ လံုး၀ ရပ္စဲတာ ခံခဲ့ရသလို ေမလ ၁၇ ရက္ေန႔မွာ အစိုးရဘက္က စာခ်ဳပ္ကို အျပီး ရပ္စဲလိုက္ျပီ ျဖစ္ပါတယ္။ ဒါ့အျပင္ ကုမၸဏီဟာ ေရႊပိသာခ်ိန္၁၂၀၀ေက်ာ္(ကာလတန္ေၾကးက်ပ္ေငြ ဘီလ်ံ ၁၁၀ ေလာက္ေပးေလ်ာ္ရဖို႔ )ရွိေနတဲ့အတြက္ ကုမၸဏီတာ၀န္ရွိသူေတြကို အစိုးရက တရားစြဲဆိုသြားဖို႔ရွိေနတာျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မိုးထိမိုးမိ ရွှေလုပ်ကွက်က ရွှေပိသာချိန် ၁၂၀ဝ ကျော် အကြွေးကျန်တယ်ဆိုတာ အစိုးရဘက်က လုပ်တဲ့ အလိမ်တွေအလွှဲတွေဖြစ်ကြောင်း ဦးစိုးထွန်းရှိန်က ပြောကြားလိုက်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မောင်ထက် ကပေးပို့ထားပါတယ်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီအနေနဲ့ နိုင်ငံတော်ကို ပေးသွင်းရမယ့် ရွှေပိသာချိန် ၁၂၀ဝ ကျန်ရှိတယ် ဆိုတာ လွှဲမှားနေပြီး ရွှေ ပိသာ ၁၀၁ ပိသာ သာကျန်ရှိတော့တာဖြစ်တယ်လို့ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်က ပြောပါတယ် ။
ဇူလိုင်လ ၆ ရက်နေ့က အမျိုးသားကြီးပွားတိုးတက်ရေးရွှေတူးဖော်ထုတ်လုပ်မှု အုပ်စုလီမိတက် က လက်ရှိ သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေအကြောင်းကို ရန်ကုန်မြို့ ရွှေတော်ဝင်နှင်းဆီခန်းမမှာ သတင်းစာရှင်း လင်းပွဲပြုလုပ်ခဲ့တာပါ ။

Soundbites- ဦးစိုးထွန်းရှိန်(ဥက္ကဋ္ဌ)
အမျိုးသားကြီးပွားတိုးတက်ရေးရွှေတူးဖော်ထုတ်လုပ်မှု အုပ်စုလီမိတက်

လက်ရှိမှာ အစိုးရတာဝန်ရှိသူတွေက ရွှေကြွေးများစွာ ကျန်ရှိနေတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ရွှေတူးဖော်ထုတ်လုပ်မှု အုပ်စုလီမိတက်က ဒါရိုက်တာ အဖွဲ့ဝင် ရှစ်ဦးကို နိုင်ငံခြားထွက်ခွာခွင့် ကို တားမြစ်ထားပါတယ် ။

Soundbites- ဦးစိုးထွန်းရှိန် (ဥက္ကဋ္ဌ)၊အမျိုးသားကြီးပွားတိုးတက်ရေးရွှေတူးဖော်ထုတ်လုပ်မှု အုပ်စုလီမိတက်

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဟာ သတ်မှတ် ရွှေပမာဏာ မပေးသွင်းနိုင်ပဲ ရွှေကိုဆက်ထုတ်နေတဲ့အတွက် ၂၀၁၈ ဖေဖေါ်ဝါရီလမှာ ရွှေထုတ်လုပ်ခွင့် ပါမစ် လုံးဝ ရပ်စဲတာ ခံခဲ့ရသလို မေလ ၁၇ ရက်နေ့မှာ အစိုးရဘက်က စာချုပ်ကို အပြီး ရပ်စဲလိုက်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီဟာ ရွှေပိသာချိန်၁၂၀ဝကျော်(ကာလတန်ကြေးကျပ်ငွေ ဘီလျံ ၁၁၀ လောက်ပေးလျော်ရဖို့ )ရှိနေတဲ့အတွက် ကုမ္ပဏီတာဝန်ရှိသူတွေကို အစိုးရက တရားစွဲဆိုသွားဖို့ရှိနေတာဖြစ်ပါတယ် ခင်ဗျာ ။

?bph6