ကုန္စည္ေတြအေပၚ သုံးစြဲပုံနဲ႔ ပတ္သက္တဲ့ အမိန္႔ေၾကာ္ျငာစာ မၾကာမီထုတ္ျပန္မယ္

0
321

၂၀၁၄ ခုႏွစ္ စားသုံးသူ အကာအကြယ္ေပးေရး ဥပေဒအရ ပုဒ္မ ၈၊ ပုဒ္မခြဲ (ဃ) အရ စီးပြားေရး လုပ္ငန္းရွင္ေတြဟာ ကုန္စည္ေတြအေပၚ သုံးစြဲပုံနဲ႔ ပတ္သက္တဲ့ အမိန္႔ေၾကာ္ျငာစာကို မၾကာမီ ထုတ္ျပန္သြားမွာ ျဖစ္ပါတယ္။

အဲဒီအမိန္႔ေၾကာ္ျငာစာမွာ သတင္း၊ အခ်က္အလက္ သို႔မဟုတ္ ၫႊန္ၾကားခ်က္မ်ားကို ျမန္မာဘာသာနဲ႔ ျဖစ္ေစ၊ ျမန္မာႏွင့္ အျခားဘာသာ တြဲလ်က္ျဖစ္ေစ ေဖာ္ျပၿပီးေတာ့ ထုတ္လုပ္ျခင္း၊ ကုန္သြယ္ျခင္း၊ ေရာင္းခ်ျခင္းမ်ား ေဆာင္႐ြက္သြားဖို႔ အမိန္႔ေၾကာ္ျငာစာကို မၾကာမီ ထုတ္ျပန္ ေၾကညာသြားမွာျဖစ္ပါတယ္။

အဲဒီလို အမိန္႔ေၾကာ္ျငာစာထုတ္ျပန္ၿပီးေနာက္ပိုင္းမွာ လိုက္နာျခင္းမရွိပါက စားသုံးသူ အကာအကြယ္ေပးေရး ဥပေဒႏွင့္အညီ အေရးယူခံရရမွာ ျဖစ္ေၾကာင္းနဲ႔ လုပ္ငန္းရွင္ေတြအေနနဲ႔ ႀကိဳတင္ျပင္ဆင္ ေဆာင္႐ြက္ထားၾကဖို႔ သတိေပး ႏႈိးေဆာ္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကုန်စည်တွေအပေါ် သုံးစွဲပုံနဲ့ ပတ်သက်တဲ့ အမိန့်ကြော်ငြာစာကို မကြာမီ ထုတ်ပြန်မယ်

၂၀၁၄ ခုနှစ် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေအရ ပုဒ်မ ၈၊ ပုဒ်မခွဲ (ဃ) အရ စီးပွားရေး လုပ်ငန်းရှင်တွေဟာ ကုန်စည်တွေအပေါ် သုံးစွဲပုံနဲ့ ပတ်သက်တဲ့ အမိန့်ကြော်ငြာစာကို မကြာမီ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။

အဲဒီအမိန့်ကြော်ငြာစာမှာ သတင်း၊ အချက်အလက် သို့မဟုတ် ညွှန်ကြားချက်များကို မြန်မာဘာသာနဲ့ ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာ တွဲလျက်ဖြစ်စေ ဖော်ပြပြီးတော့ ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း၊ ရောင်းချခြင်းများ ဆောင်ရွက်သွားဖို့ အမိန့်ကြော်ငြာစာကို မကြာမီ ထုတ်ပြန် ကြေညာသွားမှာဖြစ်ပါတယ်။

အဲဒီလို အမိန့်ကြော်ငြာစာထုတ်ပြန်ပြီးနောက်ပိုင်းမှာ လိုက်နာခြင်းမရှိပါက စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေနှင့်အညီ အရေးယူခံရရမှာ ဖြစ်ကြောင်းနဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြဖို့ သတိပေး နှိုးဆော်ထားပါတယ်။

?bph6