နယ္ေဒသေတြက ေက်ာင္းေတြမွာ ေတြးေခၚေျပာဆိုမႈ ၿပိဳင္ပြဲေတြ က်င္းပေပးဖို႔ ေတာင္းဆို (႐ုပ္/သံ)

0
315

ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အင္ဂ်င္နီယာေက်ာင္းေတြတင္မဟုတ္ဘဲ နယ္ေဒသေတြက ေက်ာင္းေတြမွာလည္း ေတြးေခၚေျပာဆိုမႈျပိဳင္ပြဲေတြ က်င္းပေပးဖို႔ ရန္ကုန္နည္းပညာ တကၠသိုလ္ေက်ာင္းသားေတြက ေတာင္းဆိုလုိက္ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေမာင္ထက္ ကေပးပို႔ထားပါတယ္။

ျမန္မာ့စြမ္းအင္ျမွင့္တင္ျခင္း’ ေခါင္းစဥ္နဲ႔ ေက်ာင္းသား/ေက်ာင္းသူေတြရဲ့ စြမ္းအင္ဆိုင္ရာ ေတြးေခၚေျပာဆိုမွဳ ၿပိဳင္ပြဲကို ရန္ကုန္နည္းပညာတကၠသိုလ္မွာ ဇူလိုင္လ၃ရက္ေန႕ကေန ၇ရက္ေန႔အထိ က်င္းပခဲ့တာပါ။

ဒီလိုၿပိဳင္ပြဲေတြကို ရန္ကုန္ၿမိဳ႕က နည္းပညာေက်ာင္းေတြမွာတင္မဟုတ္ဘဲ နယ္ေဒသေတြက နည္းပညာေက်ာင္းေတြမွာလည္း ျပဳလုပ္ေပးဖို႔လိုအပ္ေနတယ္လို႔ ရန္ကုန္နည္းပညာ ေက်ာင္းသားေက်ာင္းသူေတြက ေတာင္းဆိုလိုက္တာပါ။

Soundbites-မျမျမတ္ခ်ယ္ခ်ယ္ (Fifth Year Civil Engineering)
ေမွာ္ဘီနည္းပညာတကၠသိုလ္

ဒါ့အျပင္ ျမန္မာႏိုင္ငံဟာ အစိုးရ အေျပာင္းအလဲမွာ ပညာေရးက႑ာကို ျမင့္တာလာတာေတြ႔ရသလို ေက်ာင္းသားလူငယ္ေတြကို ဘက္စံုတိုးတက္ထူးခြ်န္ဖို႔ အခုလို ေတြးေခၚေျပာဆိုမႈျပိဳင္ပြဲေတြကို အေျခခံပညာအထက္တန္းအဆင့္မွာ ကတည္းက က်င္းပေပးဖို႔လိုအပ္ေနတယ္လို႔ ေက်ာင္းသားေတြက ေျပာပါတယ္။

Soundbites- ကိုေကာင္းျမတ္ေက်ာ္ (တတိယႏွစ္စက္မႈအင္ဂ်င္နီယာေက်ာင္းသား)
ရန္ကုန္နည္းပညာတကၠသိုလ္

လက္ရွိက်င္းပေနတဲ႔ ျပိဳင္ပြဲမွာ ရန္ကုန္တိုင္းေဒသၾကီးအတြင္း နည္းပညာတကၠသိုလ္ (၄) ခုက ေက်ာင္းသားေတြပါ၀င္ ယွဥ္ၿပိင္ေနၾကတာျဖစ္ပါတယ္။ ဒီျပိဳင္ပြဲကို လူတိုင္း လွ်ပ္စစ္ဓါတ္အား သုံးစြဲႏိုင္ေရး အတြက္ ေရရွည္တည္တ့ံတဲ့ နည္းလမ္းေတြနဲ႔ပက္သက္ျပီး ေက်ာင္းသားလူငယ္ေတြရဲ့ အေတြးအေခၚ နည္းပညာပုိင္းေတြ တိုးတက္လာဖို႔နဲ႔ ျပည္သူလူထု အသိပညာတိုးပြါးေစရန္ ရည္ရြယ္ျပီး ကမာၻဘဏ္က ပံ့ပိုးကူညီလုပ္ေဆာင္ေပးတာ ျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန်မြို့မှာရှိတဲ့ အင်ဂျင်နီယာကျောင်းတွေတင်မဟုတ်ဘဲ နယ်ဒေသတွေက ကျောင်းတွေမှာလည်း တွေးခေါ်ပြောဆိုမှုပြိုင်ပွဲတွေ ကျင်းပပေးဖို့ ရန်ကုန်နည်းပညာ တက္ကသိုလ်ကျောင်းသားတွေက တောင်းဆိုလိုက်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မောင်ထက် ကပေးပို့ထားပါတယ်။

မြန်မာ့စွမ်းအင်မြှင့်တင်ခြင်း’ ခေါင်းစဉ်နဲ့ ကျောင်းသား/ကျောင်းသူတွေရဲ့ စွမ်းအင်ဆိုင်ရာ တွေးခေါ်ပြောဆိုမှု ပြိုင်ပွဲကို ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ဇူလိုင်လ၃ရက်နေ့ကနေ ၇ရက်နေ့အထိ ကျင်းပခဲ့တာပါ။

ဒီလိုပြိုင်ပွဲတွေကို ရန်ကုန်မြို့က နည်းပညာကျောင်းတွေမှာတင်မဟုတ်ဘဲ နယ်ဒေသတွေက နည်းပညာကျောင်းတွေမှာလည်း ပြုလုပ်ပေးဖို့လိုအပ်နေတယ်လို့ ရန်ကုန်နည်းပညာ ကျောင်းသားကျောင်းသူတွေက တောင်းဆိုလိုက်တာပါ။

Soundbites-မမြမြတ်ချယ်ချယ် (Fifth Year Civil Engineering)
မှော်ဘီနည်းပညာတက္ကသိုလ်

ဒါ့အပြင် မြန်မာနိုင်ငံဟာ အစိုးရ အပြောင်းအလဲမှာ ပညာရေးကဏ္ဍာကို မြင့်တာလာတာတွေ့ရသလို ကျောင်းသားလူငယ်တွေကို ဘက်စုံတိုးတက်ထူးချွန်ဖို့ အခုလို တွေးခေါ်ပြောဆိုမှုပြိုင်ပွဲတွေကို အခြေခံပညာအထက်တန်းအဆင့်မှာ ကတည်းက ကျင်းပပေးဖို့လိုအပ်နေတယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

Soundbites- ကိုကောင်းမြတ်ကျော် (တတိယနှစ်စက်မှုအင်ဂျင်နီယာကျောင်းသား)
ရန်ကုန်နည်းပညာတက္ကသိုလ်

လက်ရှိကျင်းပနေတဲ့ ပြိုင်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း နည်းပညာတက္ကသိုလ် (၄) ခုက ကျောင်းသားတွေပါဝင် ယှဉ်ပြိင်နေကြတာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို လူတိုင်း လျှပ်စစ်ဓါတ်အား သုံးစွဲနိုင်ရေး အတွက် ရေရှည်တည်တံ့တဲ့ နည်းလမ်းတွေနဲ့ပက်သက်ပြီး ကျောင်းသားလူငယ်တွေရဲ့ အတွေးအခေါ် နည်းပညာပိုင်းတွေ တိုးတက်လာဖို့နဲ့ ပြည်သူလူထု အသိပညာတိုးပွါးစေရန် ရည်ရွယ်ပြီး ကမ္ဘာဘဏ်က ပံ့ပိုးကူညီလုပ်ဆောင်ပေးတာ ဖြစ်ပါတယ်ခင်ဗျာ။

?bph6