သားဖြားသူနာျပဳ သင္တန္းသားေတြ အေရးေပၚ အသက္ကယ္နည္းေတြကို စနစ္တက် လုပ္တတ္ဖို႔ လို (႐ုပ္/သံ)

0
84

လူငယ္မ်ိဳးဆက္သစ္ သားဖြားသူနာျပဳ သင္တန္းသူသင္တန္းသားေတြအေနနဲ႔ အေရးေပၚ အသက္ကယ္နည္းေတြကုိ စနစ္တက် လုပ္ေဆာင္တတ္ဖို႔ လုိအပ္ေနပါတယ္။ ဒီသတင္းကုိေတာ့ MCN သတင္းေထာက္ မင္းျပည့္ႏုိင္ ကေပးပုိ႔ထားပါတယ္။

လူငယ္မ်ိဳးဆက္သစ္ သားဖြားသူနာျပဳေတြ၊ လူငယ္က်န္းမာေရး၀န္ထမ္းေတြအေနနဲ႔ အေရးေပၚ အသက္ကယ္နည္းေတြကုိ နည္းမွန္ လမ္းမွန္ စနစ္တက် လုပ္ေဆာင္တတ္ဖုိ႔နဲ႔ အဆင့္ျမင့္ အသက္ကယ္ နည္းလမ္းေတြကုိ ဒီထက္မက သိရွိနားလည္းဖုိ႔ လုိအပ္တယ္လို႕ ႔ အၿငိမ္းစားပါေမာကၡ ေဒါက္တာ ဦးညႊန္႔သိန္းက ေျပာပါတယ္။
ဇူလုိင္လ ၄ ရက္ေန႕က ရန္ကုန္ၿမဳိ႕ သူနာျပဳတကၠသုိလ္မွာ ျပဳလုပ္ခဲ့တဲ့ လူငယ္က်န္းမာေရးပညာေပး ေဟာေျပာပြဲမွာ ေဒါက္တာသိန္းညႊန္႕က အခုလို သတိေပး ေျပာၾကားခဲ့တာပါ။

အင္တာဗ်ဴး ေဒါက္တာ ဦးညႊန္႔သိန္း (အၿငိမ္းစားပါေမာကၡ)

ဒါ့အျပင္ အေရးေပၚအသက္ကယ္နည္းလမ္းေတြကုိ ႏုိင္ငံေတာ္ရဲ့ မ်ဳိးဆက္သစ္ သူနာျပဳ သင္တန္းသူသင္တန္းသားေတြကုိ လက္ဆင့္ကမ္း ျပန္လည္သင္ၾကားေပးသြားဖုိ႔ရွိတယ္လုိ႔ ရန္ကုန္ၿမဳိ႕ ဗဟုိအမ်ဳိးသမီးေဆးရုံးႀကီးက သူနာျပဳ ဆရာမႀကီး ေဒၚကယ္ရီက ေျပာပါ တယ္။

အင္တာဗ်ဴး ေဒၚကယ္ရီ (သူနာျပဳဆရာမႀကီး) ဗဟုိအမ်ဳိးသမီးေဆးရုံးႀကီး

လူငယ္မ်ိဳးဆက္သစ္ သားဖြားသူနာျပဳ သင္တန္းသူသင္တန္းသားေတြအနနဲ႕ အေရးေပၚ အသက္ကယ္နည္းလမ္းေတြကုိ စနစ္တက်တတ္ေျမာက္ဖို႕အတြက္ လူငယ္က်န္းမာေရး ပညာေပး ေဟာေျပာပြဲကုိ ျမန္မာႏုိင္ငံ သူနာျပဳနဲ႕သားဖြားအသင္းက On doctor ေတြနဲ႔ ပူးေပါင္းၿပီး ျပဳလုပ္ခဲ့တာျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူငယ်မျိုးဆက်သစ် သားဖွားသူနာပြု သင်တန်းသူသင်တန်းသားတွေအနေနဲ့ အရေးပေါ် အသက်ကယ်နည်းတွေကို စနစ်တကျ လုပ်ဆောင်တတ်ဖို့ လိုအပ်နေပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် မင်းပြည့်နိုင် ကပေးပို့ထားပါတယ်။

လူငယ်မျိုးဆက်သစ် သားဖွားသူနာပြုတွေ၊ လူငယ်ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ အရေးပေါ် အသက်ကယ်နည်းတွေကို နည်းမှန် လမ်းမှန် စနစ်တကျ လုပ်ဆောင်တတ်ဖို့နဲ့ အဆင့်မြင့် အသက်ကယ် နည်းလမ်းတွေကို ဒီထက်မက သိရှိနားလည်းဖို့ လိုအပ်တယ်လို့ ့ အငြိမ်းစားပါမောက္ခ ဒေါက်တာ ဦးညွှန့်သိန်းက ပြောပါတယ်။
ဇူလိုင်လ ၄ ရက်နေ့က ရန်ကုန်မြို့ သူနာပြုတက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ လူငယ်ကျန်းမာရေးပညာပေး ဟောပြောပွဲမှာ ဒေါက်တာသိန်းညွှန့်က အခုလို သတိပေး ပြောကြားခဲ့တာပါ။

အင်တာဗျူး ဒေါက်တာ ဦးညွှန့်သိန်း (အငြိမ်းစားပါမောက္ခ)

ဒါ့အပြင် အရေးပေါ်အသက်ကယ်နည်းလမ်းတွေကို နိုင်ငံတော်ရဲ့ မျိုးဆက်သစ် သူနာပြု သင်တန်းသူသင်တန်းသားတွေကို လက်ဆင့်ကမ်း ပြန်လည်သင်ကြားပေးသွားဖို့ရှိတယ်လို့ ရန်ကုန်မြို့ ဗဟိုအမျိုးသမီးဆေးရုံးကြီးက သူနာပြု ဆရာမကြီး ဒေါ်ကယ်ရီက ပြောပါ တယ်။

အင်တာဗျူး ဒေါ်ကယ်ရီ (သူနာပြုဆရာမကြီး) ဗဟိုအမျိုးသမီးဆေးရုံးကြီး

လူငယ်မျိုးဆက်သစ် သားဖွားသူနာပြု သင်တန်းသူသင်တန်းသားတွေအနနဲ့ အရေးပေါ် အသက်ကယ်နည်းလမ်းတွေကို စနစ်တကျတတ်မြောက်ဖို့အတွက် လူငယ်ကျန်းမာရေး ပညာပေး ဟောပြောပွဲကို မြန်မာနိုင်ငံ သူနာပြုနဲ့သားဖွားအသင်းက On doctor တွေနဲ့ ပူးပေါင်းပြီး ပြုလုပ်ခဲ့တာဖြစ်ပါတယ် ခင်ဗျာ

?bph6