ရခိုင္ျပည္နယ္ အေရးမွာ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ကို တ႐ုတ္ကူညီမယ္

0
408

ရခိုင္ျပည္နယ္ ပဋိပကၡနဲ႔ ပတ္သက္လို႔ ေျဖရွင္းေရးအျဖစ္ ဒုကၡသည္ေတြ ေနရပ္ျပန္ေရးနဲ႔ နယ္စပ္ေဒသ ဖြံ႔ၿဖိဳးေရးတို႔အတြက္ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ကို ကူညီဖို႔ တ႐ုတ္ ႏိုင္ငံျခားေရး ဝန္ႀကီး မစၥတာ ဝမ္ယီက ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္က ဝန္ႀကီးေတြနဲ႔ ေဆြးေႏြးခဲ့ပါတယ္။

ရခိုင္ျပည္နယ္ အေရးဟာ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ အၾကား ေဆြးေႏြးမႈ၊ တိုင္ပင္မႈေတြနဲ႔ ေျဖရွင္းရမွာ ျဖစ္တယ္လို႔ ယံုၾကည္ေၾကာင္း၊ ႏိုင္ငံတကာကလည္း ႏွစ္ႏိုင္ငံရဲ႕ ဆႏၵနဲ႔အညီ လုပ္ေဆာင္သင့္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာခြင့္ရသူ လူကန္က ေျပာတယ္လို႔ ဂလိုဘယ္တိုင္းမ္ သတင္းမွာ ေဖာ္ျပထားပါတယ္။

ႏိုင္ငံေတာ္ အတိုင္ပင္ခံ႐ံုးဝန္ႀကီး ဦးေက်ာ္တင့္ေဆြ၊ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီး အဘူလ္ ဟတ္ဆန္ မိုဟာမက္ အလီတို႔ မေန႔က ဇြန္ ၂၉ ရက္မွာ ေတြ႔ဆံုေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္။ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ကလည္း ဘဂၤါလီ မြတ္စလင္ ဒုကၡသည္ အေရးကို တ႐ုတ္ႏိုင္ငံက အကူအညီေပးဖို႔ ေမွ်ာ္လင့္တယ္လို႔ လူကန္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ် အရေးမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကို တရုတ်ကူညီမယ်

ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်လို့ ဖြေရှင်းရေးအဖြစ် ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးတို့အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကို ကူညီဖို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝမ်ယီက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ဝန်ကြီးတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။

ရခိုင်ပြည်နယ် အရေးဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အကြား ဆွေးနွေးမှု၊ တိုင်ပင်မှုတွေနဲ့ ဖြေရှင်းရမှာ ဖြစ်တယ်လို့ ယုံကြည်ကြောင်း၊ နိုင်ငံတကာကလည်း နှစ်နိုင်ငံရဲ့ ဆန္ဒနဲ့အညီ လုပ်ဆောင်သင့်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ လူကန်က ပြောတယ်လို့ ဂလိုဘယ်တိုင်းမ် သတင်းမှာ ဖော်ပြထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဘူလ် ဟတ်ဆန် မိုဟာမက် အလီတို့ မနေ့က ဇွန် ၂၉ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကလည်း ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည် အရေးကို တရုတ်နိုင်ငံက အကူအညီပေးဖို့ မျှော်လင့်တယ်လို့ လူကန်က ပြောပါတယ်။

?bph6