ပညာသင္ၾကားရင္း အလုပ္လုပ္ကိုင္ႏိုင္မယ့္ အခြင့္အေရးေတြ ဖန္တီးေပးမယ္ (႐ုပ္/သံ)

0
327

ႏိုင္ငံတကာစီးပြားေရးနဲ႔ သက္ဆိုင္တဲ႔ ဘာသာရပ္ေတြကို သင္ၾကားရင္း အလုပ္လုပ္ကိုင္ႏိုင္မယ့္ အခြင့္အေရးေတြ ဖန္တီးေပးမယ္လို႔ Kaplan Myanmar University College က ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

ႏိုင္ငံတကာစီးပြားေရးနဲ႔ သက္ဆိုင္တဲ႔ ဘာသာရပ္ေတြကို သင္ၾကားေပးေနတဲ႔ Kaplan Group က ရန္ကုန္ၿမိဳ႕ ကမာရြတ္ၿမိဳ႕နယ္မွာ Kaplan Myanmar University College ကို ဇြန္လ ၂၈ ရက္ေန႔က စတင္ဖြင့္လွစ္ခဲ႔ပါတယ္။

အဲဒီေက်ာင္းမွာ တကၠသိုလ္ဝင္တန္းေအာင္ျမင္သူေတြအတြက္ ႏိုင္ငံတကာစီးပြားေရးနဲ႔ သက္ဆိုင္တဲ႔ ဘာသာရပ္ေတြကို သင္ၾကားေပးမယ့္အျပင္ ေက်ာင္းတက္ရင္း အလုပ္သင္အေနနဲ႔ အလုပ္လုပ္ႏိုင္မယ့္ အခြင့္အေရးေတြကိုပါ ဖန္တီေပးမယ္လို႔ Kaplan Myanmar University College တာဝန္ရွိသူေတြက ေျပာပါတယ္။

Soundbite – ေဒၚခိုင္ခိုင္လင္း (ေက်ာင္းအုပ္၊ Kaplan Myanmar University College)

ေက်ာင္းဝင္ခြင့္အေနနဲ႔ သတ္မွတ္ထားတဲ႔ အဂၤလိပ္စာ စာေမးပြဲကို ေျဖဆိုရမွာ ျဖစ္ၿပီး၊ အဲဒီကရလာဒ္အေပၚ မူတည္ၿပီး အဂၤလိပ္စာကို ျပန္လည္သင္ယူရမွာ ျဖစ္ပါတယ္။

အဲဒီေက်ာင္းမွာ စကၤာပူနဲ႔ ၾသစေၾတးလ်ႏိုင္ငံေတြက ဆရာ၊ ဆရာမေတြအျပင္ ျမန္မာႏိုင္ငံက ဆရာ၊ ဆရာမေတြလည္း သင္ၾကားေပးမွာ ျဖစ္ၿပီး သင္ၾကားေရးအေနနဲ႔ ေနာက္ဆုံးေပၚ ဒီဂ်စ္တယ္စနစ္ေတြ အသုံးျပဳၿပီး သင္ၾကားေပး သြားမွာ ျဖစ္ပါတယ္။

Soundbite – ေဒၚခိုင္ခိုင္လင္း (ေက်ာင္းအုပ္၊ Kaplan Myanmar University College)

Kaplan Myanmar University College မွာ ႏိုင္ငံတကာစီးပြားေရးနဲ႔ သက္ဆိုင္တဲ႔ ဘာသာရပ္ေတြကို Diploma, Advance Diploma, Bachelor နဲ႔ Master ေတြအထိ တက္ေရာက္ သင္ယူႏိုင္မွာ ျဖစ္ပါတယ္။
အဲဒီေက်ာင္းနဲ႔ ၾသစေၾတးလ်က Murdoch University, အဂၤလန္က Teeside University နဲ႔ ခ်ိတ္ဆက္သင္ၾကားေပးေနတာ ျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံတကာစီးပွားရေးနဲ့ သက်ဆိုင်တဲ့ ဘာသာရပ်တွေကို သင်ကြားရင်း အလုပ်လုပ်ကိုင်နိုင်မယ့် အခွင့်အရေးတွေ ဖန်တီးပေးမယ်လို့ Kaplan Myanmar University College က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

နိုင်ငံတကာစီးပွားရေးနဲ့ သက်ဆိုင်တဲ့ ဘာသာရပ်တွေကို သင်ကြားပေးနေတဲ့ Kaplan Group က ရန်ကုန်မြို့ ကမာရွတ်မြို့နယ်မှာ Kaplan Myanmar University College ကို ဇွန်လ ၂၈ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။

အဲဒီကျောင်းမှာ တက္ကသိုလ်ဝင်တန်းအောင်မြင်သူတွေအတွက် နိုင်ငံတကာစီးပွားရေးနဲ့ သက်ဆိုင်တဲ့ ဘာသာရပ်တွေကို သင်ကြားပေးမယ့်အပြင် ကျောင်းတက်ရင်း အလုပ်သင်အနေနဲ့ အလုပ်လုပ်နိုင်မယ့် အခွင့်အရေးတွေကိုပါ ဖန်တီပေးမယ်လို့ Kaplan Myanmar University College တာဝန်ရှိသူတွေက ပြောပါတယ်။

Soundbite – ဒေါ်ခိုင်ခိုင်လင်း (ကျောင်းအုပ်၊ Kaplan Myanmar University College)

ကျောင်းဝင်ခွင့်အနေနဲ့ သတ်မှတ်ထားတဲ့ အင်္ဂလိပ်စာ စာမေးပွဲကို ဖြေဆိုရမှာ ဖြစ်ပြီး၊ အဲဒီကရလာဒ်အပေါ် မူတည်ပြီး အင်္ဂလိပ်စာကို ပြန်လည်သင်ယူရမှာ ဖြစ်ပါတယ်။

အဲဒီကျောင်းမှာ စင်္ကာပူနဲ့ သြစတြေးလျနိုင်ငံတွေက ဆရာ၊ ဆရာမတွေအပြင် မြန်မာနိုင်ငံက ဆရာ၊ ဆရာမတွေလည်း သင်ကြားပေးမှာ ဖြစ်ပြီး သင်ကြားရေးအနေနဲ့ နောက်ဆုံးပေါ် ဒီဂျစ်တယ်စနစ်တွေ အသုံးပြုပြီး သင်ကြားပေး သွားမှာ ဖြစ်ပါတယ်။

Soundbite – ဒေါ်ခိုင်ခိုင်လင်း (ကျောင်းအုပ်၊ Kaplan Myanmar University College)

Kaplan Myanmar University College မှာ နိုင်ငံတကာစီးပွားရေးနဲ့ သက်ဆိုင်တဲ့ ဘာသာရပ်တွေကို Diploma, Advance Diploma, Bachelor နဲ့ Master တွေအထိ တက်ရောက် သင်ယူနိုင်မှာ ဖြစ်ပါတယ်။
အဲဒီကျောင်းနဲ့ သြစတြေးလျက Murdoch University, အင်္ဂလန်က Teeside University နဲ့ ချိတ်ဆက်သင်ကြားပေးနေတာ ဖြစ်ပါတယ် ခင်ဗျာ။

?bph6