ဗီယက္နမ္က ျမန္မာကို လစဥ္ ဝက္သား ၂၆ တန္ တင္ပို႔ေရာင္းခ်မယ္

0
480

ဗီယက္နမ္ႏိုင္ငံက မာဗင္ ဂ႐ု (ပ္) စီးပြားေရးလုပ္ငန္းစုဟာ ျမန္မာႏိုင္ငံကို လစဥ္ ၂၆ တန္နဲ႔ ညီမွ်တဲ့ လတ္ဆတ္တဲ့ ဝက္သားေတြကို တင္ပို႔ေရာင္းခ်ဖို႔ စီစဥ္ေနတယ္လို႔ ဗီယက္နမ္ ဘစ္ဇ္ဟတ္ဘ္ သတင္းက ေဖာ္ျပပါတယ္။ မာဗင္ ဂ႐ု (ပ္) ဟာ ၾသစေၾတးလ်နဲ႔ ဗီယက္နမ္တို႔ရဲ႕ ေမြးျမဴေရး ဖက္စပ္လုပ္ငန္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေမလကုန္မွာ ျမန္မာႏိုင္ငံကို သေဘၤာနဲ႔ ပထမဆံုးအသုတ္အျဖစ္ ဝက္သားတင္ပို႔ၿပီးေနာက္ မာဗင္ ဂ႐ု (ပ္) ဟာ ဗီယက္နမ္ႏိုင္ငံမွာ ျပည္ပေစ်းကြက္ကို လတ္ဆတ္တဲ့ ဝက္သားတင္ပို႔တဲ့ ပထမဆံုးေသာ စီးပြားေရးလုပ္ငန္းစု ျဖစ္လာခဲ့ၿပီး ဗီယက္နမ္ျပည္တြင္းမွာ ေအာင္ျမင္တဲ့ ေမြးျမဴေရးလုပ္ငန္းလည္း ျဖစ္လာတာ ျဖစ္ပါတယ္။

မာဗင္ ဂ႐ု (ပ္) စီးပြားေရးလုပ္ငန္းစု ဥကၠ႒ ေဒးဗစ္ ဂြ်န္ ဝိႈက္ဟက္က ျမန္မာႏိုင္ငံကို လစဥ္ ဝက္သား ၂၆ တန္ တင္ပို႔ဖို႔ စီစဥ္ေနတာ ျဖစ္ေၾကာင္း ေျပာပါတယ္။ အသားထြက္ကုန္ေတြျဖစ္တဲ့ ဝက္သားျပား၊ ဝက္အူေခ်ာင္း၊ ၾကပ္တင္ထားတဲ့ ဝက္သားေတြကိုလည္း ျမန္မာေစ်းကြက္ထဲ သေဘာၤနဲ႔တင္ပို႔ဖို႔ ညွိႏိႈင္းေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗီယက်နမ်က မြန်မာကို လစဉ် ဝက်သား ၂၆ တန် တင်ပို့ရောင်းချမယ်

ဗီယက်နမ်နိုင်ငံက မာဗင် ဂရု (ပ်) စီးပွားရေးလုပ်ငန်းစုဟာ မြန်မာနိုင်ငံကို လစဉ် ၂၆ တန်နဲ့ ညီမျှတဲ့ လတ်ဆတ်တဲ့ ဝက်သားတွေကို တင်ပို့ရောင်းချဖို့ စီစဉ်နေတယ်လို့ ဗီယက်နမ် ဘစ်ဇ်ဟတ်ဘ် သတင်းက ဖော်ပြပါတယ်။ မာဗင် ဂရု (ပ်) ဟာ သြစတြေးလျနဲ့ ဗီယက်နမ်တို့ရဲ့ မွေးမြူရေး ဖက်စပ်လုပ်ငန်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလကုန်မှာ မြန်မာနိုင်ငံကို သင်္ဘောနဲ့ ပထမဆုံးအသုတ်အဖြစ် ဝက်သားတင်ပို့ပြီးနောက် မာဗင် ဂရု (ပ်) ဟာ ဗီယက်နမ်နိုင်ငံမှာ ပြည်ပဈေးကွက်ကို လတ်ဆတ်တဲ့ ဝက်သားတင်ပို့တဲ့ ပထမဆုံးသော စီးပွားရေးလုပ်ငန်းစု ဖြစ်လာခဲ့ပြီး ဗီယက်နမ်ပြည်တွင်းမှာ အောင်မြင်တဲ့ မွေးမြူရေးလုပ်ငန်းလည်း ဖြစ်လာတာ ဖြစ်ပါတယ်။

မာဗင် ဂရု (ပ်) စီးပွားရေးလုပ်ငန်းစု ဥက္ကဋ္ဌ ဒေးဗစ် ဂျွန် ဝှိုက်ဟက်က မြန်မာနိုင်ငံကို လစဉ် ဝက်သား ၂၆ တန် တင်ပို့ဖို့ စီစဉ်နေတာ ဖြစ်ကြောင်း ပြောပါတယ်။ အသားထွက်ကုန်တွေဖြစ်တဲ့ ဝက်သားပြား၊ ဝက်အူချောင်း၊ ကြပ်တင်ထားတဲ့ ဝက်သားတွေကိုလည်း မြန်မာဈေးကွက်ထဲ သင်္ဘောနဲ့တင်ပို့ဖို့ ညှိနှိုင်းနေပါတယ်။