ေဆးျဖတ္သူေတြအတြက္ မက္သရုန္းစင္တာေတြ အလံုအေလာက္မရွိေသး (႐ုပ္္/သံ)

0
326

မက္သ႐ုန္းေဆးတိုက္ေကၽြးတဲ့ စင္တာေတြ ခ႐ိုင္အလိုက္ ဖြင့္လွစ္ေပးဖို႔ မူးယစ္ေဆးျဖတ္သူေတြက ေတာင္းဆို ထားပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

ရန္ကုန္ၿမိဳ႕မွာ မႈးယစ္ေဆးျဖတ္သူေတြအတြက္ မက္သရုန္းေဆးတိုက္ေကၽြးတဲ႔ေနရာဆိုလို႕ ရြာသာႀကီးေဆးရုံႀကီးနဲ႔ စံျပေဆးရုံနွစ္ခုဘဲ ရွိေနတာပါ ။ အခုလို မႈးယစ္ေဆးျဖတ္ေပးတဲ႔ေနရာေတြ နည္းပါးေနတဲ႔အတြက္ မက္သရုန္းေဆးတိုက္ေကၽြးတဲ႔ စင္တာေတြကို ခရိုင္အလိုက္ဖြင့္ေပးဖို႔ မူးယစ္ေဆးျဖတ္သူေတြက လိုလားေနၾကတာပါ။

Soundbite – ဦးထူးဝင့္ေက်ာ္ (အမႈေဆာင္၊ ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးသုံးစြဲသူမ်ားကြန္ရက္)

မူးယစ္ေဆးဝါး သုံးစြဲသူေတြကို အရင္က မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဥပေဒ အရ ႏွစ္ရွည္ေထာင္ဒဏ္ခ်မွတ္ရာကေန အခုျပင္ဆင္လိုက္တဲ႔ ဥပေဒမူၾကမ္းမွာ လူမႈေရးျပစ္ဒဏ္သာခ်မွတ္မယ္လို႔ ေဖၚျပထားပါတယ္။ ဒါ့အျပင္ အဲဒီဥပေဒမူၾကမ္းမွာ ေဆးသုံးစြဲသူေတြဆီမွာ ေဆးဝါးလက္ဝယ္ေတြ႔ရွိရင္ ေထာင္ဒဏ္ ခ်မွတ္ခံရႏိုင္တဲ႔အေပၚ ေျဖေလွ်ာ့ေပးဖို႔ မူးယစ္ေဆးဝါးေရးရာမူဝါဒေျပာင္းလဲျခင္း ေထာက္ခံေဆြးေႏြးမႈအဖြဲ႔-ျမန္မာ(DPAG) က ေတာင္းဆိုထားပါတယ္။

Soundbite – ေဒါက္တာနန္းပန္းအိခမ္း (ညွိႏႈိင္းေရးတာဝန္ခံ၊ မူးယစ္ေဆးဝါးေရးရာမူဝါဒေျပာင္းလဲျခင္း ေထာက္ခံေဆြးေႏြးမႈအဖြဲ႔-ျမန္မာ DPAG)

မူးယစ္ေဆးျဖတ္သူေတြကို လ်စ္လ်ဴရႈမထားဘဲ၊ အားေပးကူညီၾကဖို႔ မူးယစ္ေဆးဝါးေရးရာမူဝါဒေျပာင္းလဲျခင္း ေထာက္ခံေဆြးေႏြးမႈအဖြဲ႔-ျမန္မာ(DPAG) က ဦးေဆာင္ၿပီး ဇြန္လ ၂၃ ရက္ေန႔က ရန္ကုန္ၿမိဳ႕ လူစည္ကားရာ ေနရာေတြမွာ “ကူညီပါ၊ အျပစ္မေပးပါနဲ႔” ဆိုတဲ႔ စာရြက္ေဝကမ္ပိန္းလႈပ္ရွားမႈ ျပဳလုပ္ခဲ႔ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မက်သရုန်းဆေးတိုက်ကျွေးတဲ့ စင်တာတွေ ခရိုင်အလိုက် ဖွင့်လှစ်ပေးဖို့ မူးယစ်ဆေးဖြတ်သူတွေက တောင်းဆို ထားပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

ရန်ကုန်မြို့မှာ မှုးယစ်ဆေးဖြတ်သူတွေအတွက် မက်သရုန်းဆေးတိုက်ကျွေးတဲ့နေရာဆိုလို့ ရွာသာကြီးဆေးရုံကြီးနဲ့ စံပြဆေးရုံနှစ်ခုဘဲ ရှိနေတာပါ ။ အခုလို မှုးယစ်ဆေးဖြတ်ပေးတဲ့နေရာတွေ နည်းပါးနေတဲ့အတွက် မက်သရုန်းဆေးတိုက်ကျွေးတဲ့ စင်တာတွေကို ခရိုင်အလိုက်ဖွင့်ပေးဖို့ မူးယစ်ဆေးဖြတ်သူတွေက လိုလားနေကြတာပါ။

Soundbite – ဦးထူးဝင့်ကျော် (အမှုဆောင်၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးသုံးစွဲသူများကွန်ရက်)

မူးယစ်ဆေးဝါး သုံးစွဲသူတွေကို အရင်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဥပဒေ အရ နှစ်ရှည်ထောင်ဒဏ်ချမှတ်ရာကနေ အခုပြင်ဆင်လိုက်တဲ့ ဥပဒေမူကြမ်းမှာ လူမှုရေးပြစ်ဒဏ်သာချမှတ်မယ်လို့ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် အဲဒီဥပဒေမူကြမ်းမှာ ဆေးသုံးစွဲသူတွေဆီမှာ ဆေးဝါးလက်ဝယ်တွေ့ရှိရင် ထောင်ဒဏ် ချမှတ်ခံရနိုင်တဲ့အပေါ် ဖြေလျှော့ပေးဖို့ မူးယစ်ဆေးဝါးရေးရာမူဝါဒပြောင်းလဲခြင်း ထောက်ခံဆွေးနွေးမှုအဖွဲ့-မြန်မာ(DPAG) က တောင်းဆိုထားပါတယ်။

Soundbite – ဒေါက်တာနန်းပန်းအိခမ်း (ညှိနှိုင်းရေးတာဝန်ခံ၊ မူးယစ်ဆေးဝါးရေးရာမူဝါဒပြောင်းလဲခြင်း ထောက်ခံဆွေးနွေးမှုအဖွဲ့-မြန်မာ DPAG)

မူးယစ်ဆေးဖြတ်သူတွေကို လျစ်လျူရှုမထားဘဲ၊ အားပေးကူညီကြဖို့ မူးယစ်ဆေးဝါးရေးရာမူဝါဒပြောင်းလဲခြင်း ထောက်ခံဆွေးနွေးမှုအဖွဲ့-မြန်မာ(DPAG) က ဦးဆောင်ပြီး ဇွန်လ ၂၃ ရက်နေ့က ရန်ကုန်မြို့ လူစည်ကားရာ နေရာတွေမှာ “ကူညီပါ၊ အပြစ်မပေးပါနဲ့” ဆိုတဲ့ စာရွက်ဝေကမ်ပိန်းလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်ခင်ဗျာ။

?bph6