ရန္ကုန္ျမိဳ႕သစ္စီမံကိန္း ပုဂၢလိက – အစိုးရ ပူးေပါင္းေဆာင္ရြက္မႈ ဥပေဒရွိမွ ေဖာ္ေဆာင္သင့္ဟုဆို(႐ုပ္/သံ)

0
143

ပုဂၢလိက – အစိုးရ ပူးေပါင္းေဆာင္ရြက္မႈ ဥပေဒ (PPP Law) ရွိမွသာ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းကို ေဆာင္ရြက္ သင့္တယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးက ေဝဖန္လိုက္ ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

ပုဂၢလိက-အစိုးရပူးေပါင္းေဆာင္ရြက္မႈ ဥပေဒ (Public – Private Partnership Law ) ကို လႊတ္ေတာ္မွာ တင္ျပႏိုင္ဖို႔ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနက ေရးဆြဲေနပါတယ္။

အဲဒါေၾကာင့္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းကို ပုဂၢလိက-အစိုးရပူးေပါင္းေဆာင္ရြက္မယ္ဆိုရင္ Public – Private Partnership Law ရွိဖို႔လိုတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚစႏၵာမင္းက ေျပာပါတယ္။

ဇြန္လ ၂၅ ရက္ေန႔က ရန္ကုန္ၿမိဳ႕ Park Royal ဟိုတယ္မွာ အေျခခံအေဆာက္အဦး ဖြံ႔ၿဖိဳးတိုးတက္ေရးဆိုင္ရာ အစိုးရ-ပုဂၢလိက အက်ိဳးတူပူးေပါင္းေဆာင္ရြက္ျခင္း အလုပ္ရုံေဆြးေႏြးပြဲ ျပဳလုပ္ခဲ႔တာပါ။

Soundbite ေဒၚစႏၵာမင္း (ဥကၠ႒၊ ဘ႑ာေရး၊စီမံကိန္းႏွင္႔စီးပြားေရးေကာ္မတီ၊ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္)

အာဆီယံေဒသတြင္းမွာ Public – Private Partnership ပုဂၢလိက-အစိုးရပူးေပါင္းေဆာင္ရြက္မႈေတြ လုပ္ေဆာင္ ေနသလို အစိုးရဝန္ႀကီးဌာနေတြမွာ Public – Private Partnership အစီအစဥ္နဲ႔ တင္ဒါေခၚယူေနတာေတြ ရွိပါတယ္။

အဲဒီလို ပူးေပါင္းေဆာင္ရြက္မႈေတြ ရွိလာတဲ႔အခါမွာ နည္းပညာပိုင္းဆိုင္ရာ ေလ့လာမႈေတြလည္း ရရွိလာမွာ ျဖစ္တယ္လို႔ Sandhi Governance Institute က ေျပာပါတယ္။

Soundbite ဦးခိုင္ဝင္း (ဒါရိုက္တာ၊ Sandhi Governance Institute)

ပုဂၢလိက-အစိုးရပူးေပါင္းေဆာင္ရြက္မႈ ဥပေဒ (Public – Private Partnership Law )ကို ဦးသိန္းစိန္အစိုးရ လက္ထက္မွာ စတင္ေရးဆြဲဖို႔ ျပင္ဆင္ေဆာင္ရြက္ခဲ႔ေပမယ့္ အခုလက္ရွိ NLD အစိုးရလက္ထက္အထိ ဥပေဒမူၾကမ္းေရးဆြဲေနတဲ႔ အဆင့္သာ ရွိေနေသးတာပါ ျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပုဂ္ဂလိက – အစိုးရ ပူးပေါင်းဆောင်ရွက်မှု ဥပဒေ (PPP Law) ရှိမှသာ ရန်ကုန်မြို့သစ်စီမံကိန်းကို ဆောင်ရွက် သင့်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဝေဖန်လိုက် ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

ပုဂ္ဂလိက-အစိုးရပူးပေါင်းဆောင်ရွက်မှု ဥပဒေ (Public – Private Partnership Law ) ကို လွှတ်တော်မှာ တင်ပြနိုင်ဖို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ရေးဆွဲနေပါတယ်။

အဲဒါကြောင့် ရန်ကုန်မြို့သစ်စီမံကိန်းကို ပုဂ္ဂလိက-အစိုးရပူးပေါင်းဆောင်ရွက်မယ်ဆိုရင် Public – Private Partnership Law ရှိဖို့လိုတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောပါတယ်။

ဇွန်လ ၂၅ ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစိုးရ-ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့တာပါ။

Soundbite ဒေါ်စန္ဒာမင်း (ဥက္ကဋ္ဌ၊ ဘဏ္ဍာရေး၊စီမံကိန်းနှင့်စီးပွားရေးကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်)

အာဆီယံဒေသတွင်းမှာ Public – Private Partnership ပုဂ္ဂလိက-အစိုးရပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင် နေသလို အစိုးရဝန်ကြီးဌာနတွေမှာ Public – Private Partnership အစီအစဉ်နဲ့ တင်ဒါခေါ်ယူနေတာတွေ ရှိပါတယ်။

အဲဒီလို ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာတဲ့အခါမှာ နည်းပညာပိုင်းဆိုင်ရာ လေ့လာမှုတွေလည်း ရရှိလာမှာ ဖြစ်တယ်လို့ Sandhi Governance Institute က ပြောပါတယ်။

Soundbite ဦးခိုင်ဝင်း (ဒါရိုက်တာ၊ Sandhi Governance Institute)

ပုဂ္ဂလိက-အစိုးရပူးပေါင်းဆောင်ရွက်မှု ဥပဒေ (Public – Private Partnership Law )ကို ဦးသိန်းစိန်အစိုးရ လက်ထက်မှာ စတင်ရေးဆွဲဖို့ ပြင်ဆင်ဆောင်ရွက်ခဲ့ပေမယ့် အခုလက်ရှိ NLD အစိုးရလက်ထက်အထိ ဥပဒေမူကြမ်းရေးဆွဲနေတဲ့ အဆင့်သာ ရှိနေသေးတာပါ ဖြစ်ပါတယ် ခင်ဗျာ။

?bph6