ဟုမၼလင္းမွာ စက္ေလွနစ္ျမဳပ္မႈ ၁ ဦးေသ၊ ၄ ဦး ဒဏ္ရာရ

0
267

စစ္ကိုင္းတိုင္း၊ ဟုမၼလင္းၿမိဳ႕နယ္၊ ေကာယားေက်းရြာ ဆိပ္ကမ္းမွာ မေန႔ ဇြန္ ၁၃ ရက္ေန႔က စက္ေလွနစ္ျမဳပ္လို႔ အမ်ိဳးသမီး ၁ ဦး ေသဆံုးၿပီး ၄ ဦး ဒဏ္ရာရရွိခဲ့ပါတယ္။

မင္းသက္ဦး (၂၃ ႏွစ္) ေမာင္းႏွင္တဲ့ ေရႊစင္ဦး စက္ေလွဟာ ခရီးသည္ ၂၉ ဦး တင္ေဆာင္ၿပီး ဆိပ္ကမ္းက အခြာ ၅ ေပ အေရာက္မွာ ေရစီးအားေၾကာင့္ စက္ေလွ နစ္ျမဳပ္ခဲ့တာ ျဖစ္ပါတယ္။ စက္ေလွေပၚမွာ အမ်ိဳးသား ၈ ဦး၊ အမ်ိဳးသမီး ၂၁ ဦး ပါရွိၿပီး ေဒၚဥာဏ္ေရႊ (၅၁ ႏွစ္) ေရနစ္ ေသဆံုးကာ အမ်ိဳးသမီး ၃ ဦး၊ မိန္းကေလးငယ္ ၁ ဦး ဒဏ္ရာ ရရွိခဲ့ပါတယ္။

စက္ေလွ နစ္ျမဳပ္မႈနဲ႔ ပတ္သက္ၿပီး စက္ေလွေမာင္းသူ မင္းသက္ဦးကို ဟုမၼလင္း ၿမိဳ႕မရဲစခန္းက အမႈဖြင့္ စစ္ေဆးေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဟုမ္မလင်းမှာ စက်လှေနစ်မြုပ်မှု ၁ ဦးသေ၊ ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ကောယားကျေးရွာ ဆိပ်ကမ်းမှာ မနေ့ ဇွန် ၁၃ ရက်နေ့က စက်လှေနစ်မြုပ်လို့ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မင်းသက်ဦး (၂၃ နှစ်) မောင်းနှင်တဲ့ ရွှေစင်ဦး စက်လှေဟာ ခရီးသည် ၂၉ ဦး တင်ဆောင်ပြီး ဆိပ်ကမ်းက အခွာ ၅ ပေ အရောက်မှာ ရေစီးအားကြောင့် စက်လှေ နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။ စက်လှေပေါ်မှာ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၂၁ ဦး ပါရှိပြီး ဒေါ်ဉာဏ်ရွှေ (၅၁ နှစ်) ရေနစ် သေဆုံးကာ အမျိုးသမီး ၃ ဦး၊ မိန်းကလေးငယ် ၁ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

စက်လှေ နစ်မြုပ်မှုနဲ့ ပတ်သက်ပြီး စက်လှေမောင်းသူ မင်းသက်ဦးကို ဟုမ္မလင်း မြို့မရဲစခန်းက အမှုဖွင့် စစ်ဆေးနေပါတယ်။

?bph6