မင္းဘူးၿမိဳ႕နယ္မွာ ေက်ာင္းသူ ၁ ဦး ဓာတ္လိုက္ ေသဆံုး

0
87

မေကြးတိုင္း၊ မင္းဘူးၿမိဳ႕နယ္၊ ေရႊေရာင္ေတာ္ေက်းရြာ စာသင္ေက်ာင္းမွာ ေက်ာင္းသူ ၁ ဦး ဓာတ္လိုက္ ေသဆံုးမႈ မေန႔က ဇြန္လ ၁၃ ရက္ေန႔မွာ ျဖစ္ပြားခဲ့ပါတယ္။

ေရႊေရာင္ေတာ္ေက်းရြာ၊ အထက (ခြဲ) ေက်ာင္းဝင္းအတြင္း ေက်ာင္းသူ မမူမူခိုင္ (၁၂ ႏွစ္) ဟာ ဓာတ္တိုင္ကေန ေက်ာင္းေရသန္႔စက္ကို သြယ္တန္းထားတဲ့ ဝါယာႀကိဳးကတဆင့္ ဓာတ္လိုက္ၿပီး အခင္းျဖစ္တဲ့ေနရာမွာပဲ ေသဆံုးသြားတာ ျဖစ္ပါတယ္။

လည္ပင္းညိဳမဲ ပြန္းျခစ္ဒဏ္ရာနဲ႔ ဓာတ္လိုက္ေသဆံုးသြားတဲ့အတြက္ မင္းဘူးၿမိဳ႕မ ရဲစခန္းက ေသမႈေသခင္းအျဖစ္ အမႈဖြင့္ စစ္ေဆးေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>

မင်းဘူးမြို့နယ်မှာ ကျောင်းသူ ၁ ဦး ဓာတ်လိုက် သေဆုံး

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ရွှေရောင်တော်ကျေးရွာ စာသင်ကျောင်းမှာ ကျောင်းသူ ၁ ဦး ဓာတ်လိုက် သေဆုံးမှု မနေ့က ဇွန်လ ၁၃ ရက်နေ့မှာ ဖြစ်ပွားခဲ့ပါတယ်။

ရွှေရောင်တော်ကျေးရွာ၊ အထက (ခွဲ) ကျောင်းဝင်းအတွင်း ကျောင်းသူ မမူမူခိုင် (၁၂ နှစ်) ဟာ ဓာတ်တိုင်ကနေ ကျောင်းရေသန့်စက်ကို သွယ်တန်းထားတဲ့ ဝါယာကြိုးကတဆင့် ဓာတ်လိုက်ပြီး အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးသွားတာ ဖြစ်ပါတယ်။

လည်ပင်းညိုမဲ ပွန်းခြစ်ဒဏ်ရာနဲ့ ဓာတ်လိုက်သေဆုံးသွားတဲ့အတွက် မင်းဘူးမြို့မ ရဲစခန်းက သေမှုသေခင်းအဖြစ် အမှုဖွင့် စစ်ဆေးနေပါတယ်။

?bph6