ဘုတ္ျပင္းမွာ တရားမဝင္ သတၱဳ တူးေဖာ္သူေတြကို ဖမ္းဆီး

0
362

တနသၤာရီတိုင္း၊ ေကာ့ေသာင္းခ႐ိုင္၊ ဘုတ္ျပင္းၿမိဳ႕၊ ျပည္ႀကီးမ႑ိဳင္ၿမိဳ႕နယ္ရွိ ကုမၸဏီတစ္ခုက အလုပ္သမား ၁၃ ဦးဟာ တရားဝင္ခြင့္ျပဳခ်က္ မက်ခင္ ခဲသတၱဳ တူးေဖာ္တဲ့အတြက္ ဇြန္လ ၇ ရက္ေန႔မွာ နယ္ျခားေစာင့္တပ္ရင္း (၁၀၁) က ဖမ္းဆီးလိုက္ပါတယ္။

ဘန္းဂလား ေက်းရြာအုပ္စု၊ ရတနာပံု ေက်းရြာရွိ နန္မလြန္ ေခ်ာင္းတစ္ဝိုက္မွာ မာန္ျပည့္ၿဖိဳး ကုမၸဏီ လုပ္ကြက္အနီးမွာ သတၱဳတူးေဖာ္ေနတဲ့ အလုပ္သမား ၁၃ ဦးနဲ႔ ဘက္ဟိုးတစ္စီးကို ဖမ္းမိတာ ျဖစ္တယ္လို႔ ျပည္ႀကီးမ႑ိဳင္ၿမိဳ႕နယ္ ရဲစခန္းက ေျပာပါတယ္။

“အလုပ္သမားေတြကို အခု အမႈဖြင့္အေရးယူထားပါတယ္၊ နယ္ေျမတပ္ရင္းက ဖမ္းဆီးတာပါ၊ သူတို႔က ခြင့္ျပဳခ်က္ တင္ထားဆဲပါ၊ လုပ္ပိုင္ခြင့္မရေသးဘဲနဲ႔ တရားမဝင္ လုပ္ကိုင္ေနလို႔ ဖမ္းဆီးလိုက္တာ ျဖစ္ပါတယ္၊ ေနာက္ၿပီး ဘက္ဟိုးကလည္း လိုင္စင္ကို အေထာက္အထားနဲ႔လည္း မျပႏိုင္ဘူး” လို႔ တာဝန္က် ရဲတစ္ဦးက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘုတ်ပြင်းမှာ တရားမဝင် သတ္တု တူးဖော်သူတွေကို ဖမ်းဆီး

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့၊ ပြည်ကြီးမဏ္ဍိုင်မြို့နယ်ရှိ ကုမ္ပဏီတစ်ခုက အလုပ်သမား ၁၃ ဦးဟာ တရားဝင်ခွင့်ပြုချက် မကျခင် ခဲသတ္တု တူးဖော်တဲ့အတွက် ဇွန်လ ၇ ရက်နေ့မှာ နယ်ခြားစောင့်တပ်ရင်း (၁၀၁) က ဖမ်းဆီးလိုက်ပါတယ်။

ဘန်းဂလား ကျေးရွာအုပ်စု၊ ရတနာပုံ ကျေးရွာရှိ နန်မလွန် ချောင်းတစ်ဝိုက်မှာ မာန်ပြည့်ဖြိုး ကုမ္ပဏီ လုပ်ကွက်အနီးမှာ သတ္တုတူးဖော်နေတဲ့ အလုပ်သမား ၁၃ ဦးနဲ့ ဘက်ဟိုးတစ်စီးကို ဖမ်းမိတာ ဖြစ်တယ်လို့ ပြည်ကြီးမဏ္ဍိုင်မြို့နယ် ရဲစခန်းက ပြောပါတယ်။

“အလုပ်သမားတွေကို အခု အမှုဖွင့်အရေးယူထားပါတယ်၊ နယ်မြေတပ်ရင်းက ဖမ်းဆီးတာပါ၊ သူတို့က ခွင့်ပြုချက် တင်ထားဆဲပါ၊ လုပ်ပိုင်ခွင့်မရသေးဘဲနဲ့ တရားမဝင် လုပ်ကိုင်နေလို့ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်၊ နောက်ပြီး ဘက်ဟိုးကလည်း လိုင်စင်ကို အထောက်အထားနဲ့လည်း မပြနိုင်ဘူး” လို့ တာဝန်ကျ ရဲတစ်ဦးက ပြောပါတယ်။

?bph6