ျပည္ပထြက္ခြာအလုပ္သမားေတြ ျမန္မာ႔အာမခံမွာ အာမခံထားနိုင္ျပီ (႐ုပ္/သံ)

0
373

ျပည္ပထြက္မယ့္ အလုပ္သမားေတြ ထိခိုက္နစ္နာေၾကးနဲ႔ အသက္အာမခံေၾကး ျမန္မာ့အာမခံလုပ္ငန္းမွာ လုပ္ေဆာင္နိုင္ေတာ႔မွာ ျဖစ္ပါတယ္ ။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

ျမန္မာျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအဖြဲ႔ခ်ဳပ္(MOEAF)နဲ႔ ျမန္မာအာမခံလုပ္ငန္းတို႔ ထိခိုက္ နစ္နာေၾကး၊ အသက္အာမခံေၾကးေတြနဲ႔ ပတ္သက္ၿပီး ဇြန္လ ၁၃ ရက္ေန႔က MoU လက္မွတ္ေရးထိုးခဲ႔ပါတယ္။

အဲဒါေၾကာင့္ ျပည္ပထြက္မယ့္ အလုပ္သမားေတြအေနနဲ႔ ထိခိုက္နစ္နာေၾကးနဲ႔ အသက္အာမခံေၾကး က်ပ္ ၃ ေသာင္းကို ျမန္မာ့အာမခံလုပ္ငန္းမွာ ေအဂ်င္စီေတြကတဆင့္ အလုပ္သမားရဲ႕ဆႏၵအတိုင္း ေပးသြင္းႏိုင္တယ္ လို႔ ျမန္မာျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ား အဖြဲ႔ခ်ဳပ္(MOEAF) ကေျပာပါတယ္။

ဇြန္လ ၁၃ ရက္ေန႔က ျမန္မာျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအဖြဲ႔ခ်ဳပ္(MOEAF) ရုံးခန္းမမွာ ထိခိုက္နစ္နာေၾကးနဲ႔ အသက္အာမခံေၾကးအေၾကာင္း သတင္းစာရွင္းလင္းခဲ႔တာပါ။

Soundbite – ဦးပီတာညႊန္႔ေမာင္ (ဥကၠဌ၊ ျမန္မာျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအဖြဲ႔ခ်ဳပ္ MOEAF)

အဲဒီလို အာမခံေၾကး ေပးသြင္းထားတဲ႔ အလုပ္သမားအတြက္ မေတာ္တဆ ေသဆုံးခဲ႔ရင္ က်ပ္ သိန္း ၅၀ ရရွိမွာ ျဖစ္ၿပီး ထိခိုက္နစ္နာဒဏ္ရာရရွိပါက ထိခိုက္ဒဏ္ရာအလိုက္ ရာခိုင္ႏႈန္းသတ္မွတ္ေပးသြားမွာ ျဖစ္တယ္လို႔ ျမန္မာျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအဖြဲ႔ခ်ဳပ္ MOEAF ကေျပာပါတယ္။

Soundbite – ဦးပီတာညႊန္႔ေမာင္ (ဥကၠဌ၊ ျမန္မာျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအဖြဲ႔ခ်ဳပ္ MOEAF)

အခုလက္ရွိ ျပည္ပအလုပ္အကိုင္ေအဂ်င္စီေတြက ျပည္ပထြက္မယ့္ အလုပ္သမား ၁၇၀ ေက်ာ္အတြက္ ျမန္မာ့အာမခံလုပ္ငန္းမွာ အာမခံေပးသြင္းထားၿပီး ျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်ပထွက်မယ့် အလုပ်သမားတွေ ထိခိုက်နစ်နာကြေးနဲ့ အသက်အာမခံကြေး မြန်မာ့အာမခံလုပ်ငန်းမှာ လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ် ။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)နဲ့ မြန်မာအာမခံလုပ်ငန်းတို့ ထိခိုက် နစ်နာကြေး၊ အသက်အာမခံကြေးတွေနဲ့ ပတ်သက်ပြီး ဇွန်လ ၁၃ ရက်နေ့က MoU လက်မှတ်ရေးထိုးခဲ့ပါတယ်။

အဲဒါကြောင့် ပြည်ပထွက်မယ့် အလုပ်သမားတွေအနေနဲ့ ထိခိုက်နစ်နာကြေးနဲ့ အသက်အာမခံကြေး ကျပ် ၃ သောင်းကို မြန်မာ့အာမခံလုပ်ငန်းမှာ အေဂျင်စီတွေကတဆင့် အလုပ်သမားရဲ့ဆန္ဒအတိုင်း ပေးသွင်းနိုင်တယ် လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်(MOEAF) ကပြောပါတယ်။

ဇွန်လ ၁၃ ရက်နေ့က မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF) ရုံးခန်းမမှာ ထိခိုက်နစ်နာကြေးနဲ့ အသက်အာမခံကြေးအကြောင်း သတင်းစာရှင်းလင်းခဲ့တာပါ။

Soundbite – ဦးပီတာညွှန့်မောင် (ဥက္ကဌ၊ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF)

အဲဒီလို အာမခံကြေး ပေးသွင်းထားတဲ့ အလုပ်သမားအတွက် မတော်တဆ သေဆုံးခဲ့ရင် ကျပ် သိန်း ၅၀ ရရှိမှာ ဖြစ်ပြီး ထိခိုက်နစ်နာဒဏ်ရာရရှိပါက ထိခိုက်ဒဏ်ရာအလိုက် ရာခိုင်နှုန်းသတ်မှတ်ပေးသွားမှာ ဖြစ်တယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF ကပြောပါတယ်။

Soundbite – ဦးပီတာညွှန့်မောင် (ဥက္ကဌ၊ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF)

အခုလက်ရှိ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေက ပြည်ပထွက်မယ့် အလုပ်သမား ၁၇၀ ကျော်အတွက် မြန်မာ့အာမခံလုပ်ငန်းမှာ အာမခံပေးသွင်းထားပြီး ဖြစ်ပါတယ်ခင်ဗျာ။

?bph6