ႏိုင္ငံတကာ အသိအမွတ္ျပဳ ဘြဲ႕ဒီဂရီေတြ အြန္လုိင္းကေန သင္ယူနိုင္ေတာ့မယ္ (႐ုပ္/သံ)

0
298

လူငယ္ေတြ အလုပ္အကုိင္အခြင့္အလမ္းပိုမိုရရွိနုိင္ဖို႔ နုိင္ငံတကာအသိအမွတ္ျပဳ ဘြဲ႕ဒီဂရီေတြကို ျပင္ပေက်ာင္းေတြမွာမဟုတ္ဘဲ အြန္လုိင္းကေနလည္း သင္ယူထားဖုိ႔ လိုအပ္ေနၿပီျဖစ္ပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ ေကသြယ္ကေပးပို႔ ထားပါတယ္။

လူငယ္ေတြအေနနဲ႔ အလုပ္အကိုင္အခြင့္အလမ္းေတြပိုမုိရရွိနုိင္ဖို႔ ျပည္တြင္းမွာရွိတဲ့ ဘြဲ႕ဒီဂရီေတြအပါအ၀င္ နုိင္ငံတကာအသိအမွတ္ျပဳဘြဲ႕ဒီဂရီေတြကုိ နုိင္ငံတကာေက်ာင္းေတြမွာသာမက အြန္လိုင္းကေနတဆင့္ သင္ယူထားဖို႔လိုအပ္ေနၿပီလို႔ MiMber Institute 0f Management Studies ရဲ႕အမႈေဆာင္အရာရွိခ်ဳပ္ ေဒၚဆုိဖီယာကေျပာပါတယ္။

ဇြန္လ ၁၀ရက္ေန႔ကရန္ကုန္ၿမိဳ႕ Melia ဟုိတယ္မွာ စီးပြားေရးစီမံခန္႔ခြဲမႈဆိုင္ရာ နုိင္ငံတကာအသိအမွတ္ျပဳ ေပးအပ္တဲ့ ဘြဲ႕ႏွင္းသဘင္ အခမ္းအနားျပဳလုပ္ခဲ့တာပါ။

Soundbite ေဒၚဆုိဖီယာ (အမႈေဆာင္အရာရွိခ်ဳပ္)
MiMber Institute 0f Management Studies

စီမံခန္႔ခြဲမႈဆုိင္ရာ နုိင္ငံတကာအသိအမွတ္ျပဳေပးအပ္တဲ့ ဘြဲ႔ႏွင္းသဘင္အခမ္းအနားမွာ ဘာသာရပ္အလုိက္ သင္တန္းေအာင္ျမင္သူ ၁၅၀ ရွိတဲ့အနက္ ၁၁၇ ဦးကို အသိအမွတ္ျပဳလက္မွတ္ေတြ ထုတ္ေပးခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ တက္ေရာက္သင္ၾကားမယ့္ ေက်ာင္းသူေက်ာင္းသားလူငယ္ေတြအေနနဲ႔ ဘာသာရပ္အလုိက္ သင္တန္းေတြကုိ အရစ္က်စနစ္နဲ႔ တက္ေရာက္သင္ၾကားနုိင္မွာျဖစ္ပါတယ္ ။

Soundbite ေဒၚဆုိဖီယာ (အမႈေဆာင္အရာရွိခ်ဳပ္)
MiMber Institute 0f Management Studies

MiMber Institute 0f Management Studies ေက်ာင္းမွာ စီးပြားေရးဆုိင္ရာစီမံခန္႔ခြဲမႈ သင္တန္းေတြျဖစ္တဲ့ HR Management ၊ Marketing Management ၊Project Management အပါအ၀င္ တျခားစီးပြားဆုိင္ရာသင္တန္းေတြကို ပို႔ခ်ေပးေနတာျဖစ္ပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိနိုင်ဖို့ နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့ဒီဂရီတွေကို ပြင်ပကျောင်းတွေမှာမဟုတ်ဘဲ အွန်လိုင်းကနေလည်း သင်ယူထားဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ကေသွယ်ကပေးပို့ ထားပါတယ်။

လူငယ်တွေအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေပိုမိုရရှိနိုင်ဖို့ ပြည်တွင်းမှာရှိတဲ့ ဘွဲ့ဒီဂရီတွေအပါအဝင် နိုင်ငံတကာအသိအမှတ်ပြုဘွဲ့ဒီဂရီတွေကို နိုင်ငံတကာကျောင်းတွေမှာသာမက အွန်လိုင်းကနေတဆင့် သင်ယူထားဖို့လိုအပ်နေပြီလို့ MiMber Institute 0f Management Studies ရဲ့အမှုဆောင်အရာရှိချုပ် ဒေါ်ဆိုဖီယာကပြောပါတယ်။

ဇွန်လ ၁၀ရက်နေ့ကရန်ကုန်မြို့ Melia ဟိုတယ်မှာ စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ နိုင်ငံတကာအသိအမှတ်ပြု ပေးအပ်တဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားပြုလုပ်ခဲ့တာပါ။

Soundbite ဒေါ်ဆိုဖီယာ (အမှုဆောင်အရာရှိချုပ်)
MiMber Institute 0f Management Studies

စီမံခန့်ခွဲမှုဆိုင်ရာ နိုင်ငံတကာအသိအမှတ်ပြုပေးအပ်တဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဘာသာရပ်အလိုက် သင်တန်းအောင်မြင်သူ ၁၅၀ ရှိတဲ့အနက် ၁၁၇ ဦးကို အသိအမှတ်ပြုလက်မှတ်တွေ ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တက်ရောက်သင်ကြားမယ့် ကျောင်းသူကျောင်းသားလူငယ်တွေအနေနဲ့ ဘာသာရပ်အလိုက် သင်တန်းတွေကို အရစ်ကျစနစ်နဲ့ တက်ရောက်သင်ကြားနိုင်မှာဖြစ်ပါတယ် ။

Soundbite ဒေါ်ဆိုဖီယာ (အမှုဆောင်အရာရှိချုပ်)
MiMber Institute 0f Management Studies

MiMber Institute 0f Management Studies ကျောင်းမှာ စီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှု သင်တန်းတွေဖြစ်တဲ့ HR Management ၊ Marketing Management ၊Project Management အပါအဝင် တခြားစီးပွားဆိုင်ရာသင်တန်းတွေကို ပို့ချပေးနေတာဖြစ်ပါတယ်ရှင်။

?bph6