အလုပ္သမားတရားရုံးေတြေပၚထြက္ဖုိ႔ အစုိးရကိုတုိက္တြန္းမယ္ (႐ုပ္/သံ)

0
365

အလုပ္သမားေတြအတြက္ ကုိယ္စားလွယ္ယူၿပီး ေျပာဆုိခြင့္ရွိတဲ့ အလုပ္သမားတရားရုံးေတြထားရွိဖို႔ အစုိးရကုိ တုိက္တြန္းသြားမယ္လို႔ အလုပ္သမားသမဂၢေတြက ေျပာပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ ေကသြယ္က ေပးပို႔ထားပါတယ္ ။

အလုပ္ရွင္ အလုပ္သမားပဋိပကၡေတြကုိေျဖရွင္းေဆာင္ရြက္ရာမွာ အလုပ္သမားသမဂၢေတြအေနနဲ႔ အလုပ္ရွင္ ေတြရဲ႕တရားစြဲဆုိခံရမႈေတြရွိေနတာပါ။

အခုေနာက္ပုိင္းမွာ အလုပ္သမားေတြရဲ႕ တစ္ဦးခ်င္းအျငင္းပြား ျပသာနာေတြကုိ ေျဖရွင္းေဆာင္၇ြက္ရာမွာ အစုိးရ အေနနဲ႔ လုိက္လံေဆာင္ရြက္ေပးမႈမရွိဘဲ ကိုယ္တုိင္တရားစြဲဆုိခြင့္ရွိတဲ့အေျခအေနေတြ ေပးထားေပမယ့္ လက္ေတြ႕မွာ အလုပ္သမားေတြအေနနဲ႔ အခက္အခဲေတြရွိေနတာျဖစ္ပါတယ္ ။

အဲဒါေၾကာင့္ အလုပ္ရွင္အလုပ္သမား ျပသာနာေတြကို ေျဖရွင္းေဆာက္ရြက္နုိင္ဖို႔ အလုပ္သမားေတြအတြက္ အလုပ္သမားတရား ရုံးေတြထားရွိနုိင္ဖို႔ လုိအပ္ေနတာျဖစ္ပါတယ္ ။

Soundbite – ေဒၚမ်ဳးိမ်ဳိးေအး( တည္ေထာင္သူ)ေသြးစည္းညီညႊတ္ေသာသမဂၢမ်ားအဖြဲ႕ခ်ဳပ္

လက္ရွိ အလုပ္သမားေတြအေနနဲ႔ စက္ရုံတြင္း ဖိအားေပးခုိင္းေစမႈေတြရွိေနတာေၾကာင့္ စက္ရုံျပင္ထြက္ ဆႏၵျပ ေတာင္းဆုိမႈေတြလည္း ရွိေနတာပါ။ ဒီလုိဆႏၵျပေတာင္းဆုိမႈေတြဟာ အလုပ္သမားသမဂၢအဖြဲ႕ အစည္းေတြရဲ႕ ေသြးထုိးလႈံ႕ေဆာ္မႈေတြေၾကာင့္ ျဖစ္ပြားေနတယ္ဆိုၿပီး အလုပ္ရွင္ေတြရဲ႕ စြပ္စြဲ ေျပာဆုိမႈေတြရွိေနတဲ့ အေပၚ သမဂၢအဖြဲ႕အစည္းဆုိတာ မိတ္ဖက္အဖြဲ႕အစည္းျဖစ္တာေၾကာင့္ ရန္သူသဖြယ္ သေဘာမထားသင့္ဘူးလို႔ အလုပ္သမားသမဂၢေတြက ေျပာပါတယ္ ။

Soundbite – ေဒၚသက္သက္ေအာင္(တာ၀န္ခံ)အနာဂတ္အလင္းတန္းဆုံမွတ္

ၿပီးခဲ့တဲ့ရက္ပုိင္းအတြင္း အစုိးရတရား၀င္သတ္မွတ္ေပးခဲ့တဲ့ အနည္းဆုံးအခေၾကးေငြ ၄၈၀၀ က်ပ္ေပးေခ်မႈ မရွိပါက သက္ဆုိင္ရာၿမိဳ႕နယ္ အလုပ္သမားဦးစီးဌာနကုိတုိင္ၾကားနုိင္သလို လုပ္သား ၁၀၀နဲ႔ အထက္ရွိတဲ့ စက္ရုံေတြအေနနဲ႔ လုပ္ခလစာေပးဖို႔ ၆ ရက္ထက္ ေနာက္က်ပါက သက္ဆုိင္ရာဌာနကုိ အဆင့္ဆင့္ တုိက္ၾကားသြားနုိင္ေၾကာင္း အလုပ္သမား၀န္ႀကီးဌာနက ေျပာၾကားထားပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အလုပ်သမားတွေအတွက် ကိုယ်စားလှယ်ယူပြီး ပြောဆိုခွင့်ရှိတဲ့ အလုပ်သမားတရားရုံးတွေထားရှိဖို့ အစိုးရကို တိုက်တွန်းသွားမယ်လို့ အလုပ်သမားသမဂ္ဂတွေက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ကေသွယ်က ပေးပို့ထားပါတယ် ။

အလုပ်ရှင် အလုပ်သမားပဋိပက္ခတွေကိုဖြေရှင်းဆောင်ရွက်ရာမှာ အလုပ်သမားသမဂ္ဂတွေအနေနဲ့ အလုပ်ရှင် တွေရဲ့တရားစွဲဆိုခံရမှုတွေရှိနေတာပါ။

အခုနောက်ပိုင်းမှာ အလုပ်သမားတွေရဲ့ တစ်ဦးချင်းအငြင်းပွား ပြသာနာတွေကို ဖြေရှင်းဆောင်၇ွက်ရာမှာ အစိုးရ အနေနဲ့ လိုက်လံဆောင်ရွက်ပေးမှုမရှိဘဲ ကိုယ်တိုင်တရားစွဲဆိုခွင့်ရှိတဲ့အခြေအနေတွေ ပေးထားပေမယ့် လက်တွေ့မှာ အလုပ်သမားတွေအနေနဲ့ အခက်အခဲတွေရှိနေတာဖြစ်ပါတယ် ။

အဲဒါကြောင့် အလုပ်ရှင်အလုပ်သမား ပြသာနာတွေကို ဖြေရှင်းဆောက်ရွက်နိုင်ဖို့ အလုပ်သမားတွေအတွက် အလုပ်သမားတရား ရုံးတွေထားရှိနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ် ။

Soundbite – ဒေါ်မျုးိမျိုးအေး( တည်ထောင်သူ)သွေးစည်းညီညွှတ်သောသမဂ္ဂများအဖွဲ့ချုပ်

လက်ရှိ အလုပ်သမားတွေအနေနဲ့ စက်ရုံတွင်း ဖိအားပေးခိုင်းစေမှုတွေရှိနေတာကြောင့် စက်ရုံပြင်ထွက် ဆန္ဒပြ တောင်းဆိုမှုတွေလည်း ရှိနေတာပါ။ ဒီလိုဆန္ဒပြတောင်းဆိုမှုတွေဟာ အလုပ်သမားသမဂ္ဂအဖွဲ့ အစည်းတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဖြစ်ပွားနေတယ်ဆိုပြီး အလုပ်ရှင်တွေရဲ့ စွပ်စွဲ ပြောဆိုမှုတွေရှိနေတဲ့ အပေါ် သမဂ္ဂအဖွဲ့အစည်းဆိုတာ မိတ်ဖက်အဖွဲ့အစည်းဖြစ်တာကြောင့် ရန်သူသဖွယ် သဘောမထားသင့်ဘူးလို့ အလုပ်သမားသမဂ္ဂတွေက ပြောပါတယ် ။

Soundbite – ဒေါ်သက်သက်အောင်(တာဝန်ခံ)အနာဂတ်အလင်းတန်းဆုံမှတ်

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အစိုးရတရားဝင်သတ်မှတ်ပေးခဲ့တဲ့ အနည်းဆုံးအခကြေးငွေ ၄၈၀ဝ ကျပ်ပေးချေမှု မရှိပါက သက်ဆိုင်ရာမြို့နယ် အလုပ်သမားဦးစီးဌာနကိုတိုင်ကြားနိုင်သလို လုပ်သား ၁၀ဝနဲ့ အထက်ရှိတဲ့ စက်ရုံတွေအနေနဲ့ လုပ်ခလစာပေးဖို့ ၆ ရက်ထက် နောက်ကျပါက သက်ဆိုင်ရာဌာနကို အဆင့်ဆင့် တိုက်ကြားသွားနိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ပြောကြားထားပါတယ်ရှင်။

?bph6