Facebook မွာ ေမာင္ေတာ တိုက္ခိုက္မႈ မဟုတ္မမွန္ တင္သူကို အမႈဖြင့္

0
404

ေမာင္ေတာမွာ တိုက္ခိုက္မႈျဖစ္တယ္လို႔ မဟုတ္မမွန္ ေရးသားသူကို အမႈဖြင့္ ေျမာက္ဦးၿမိဳ႕မ ရဲစခန္းက ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၈(က) နဲ႔ အမႈဖြင့္စစ္ေဆးေနပါတယ္။

ေျမာက္ဦးၿမိဳ႕၊ လက္ေကာက္ေစ်း ရပ္ကြက္ေန ျမတ္သူထြန္း (ခ) ဖိုးသီဟက Facebook ေပၚမွာ Myat Thu Tun အမည္တဲ့ Breaking News ဆိုၿပီး မဟုတ္မမွန္ ေရးသားခ်က္ေတြ တင္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီလို တင္ၿပီးေနာက္ ရည္းစားနဲ႔ ရန္ျဖစ္လို႔ တင္ေၾကာင္း၊ အေကာင့္ ဖ်က္ေတာ့မွာမို႔ အမွတ္တရ တင္ေၾကာင္း ေရးသားၿပီး အေကာင့္ကို ပိတ္သိမ္းသြားခဲ့ပါတယ္။

အမ်ားျပည္သူ ေၾကာက္႐ြံ႕ေစရန္ ေျခာက္လွန္႔ၿခိမ္းေျခာက္ၿပီး မမွန္ကန္ေသာ သတင္းအခ်က္အလက္ကို မ႐ိုးေျဖာင့္ေသာ သေဘာနဲ႔ လူမႈကြန္ရက္မွာ တင္ခဲ့သူ ျမတ္သူထြန္း (ခ) ဖိုးသီဟအား ေျမာက္ဦးၿမိဳ႕မရဲစခန္းက အမႈဖြင့္ စစ္ေဆးေနတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>

Facebook မှာ မောင်တော တိုက်ခိုက်မှု မဟုတ်မမှန် တင်သူကို အမှုဖွင့်

မောင်တောမှာ တိုက်ခိုက်မှုဖြစ်တယ်လို့ မဟုတ်မမှန် ရေးသားသူကို အမှုဖွင့် မြောက်ဦးမြို့မ ရဲစခန်းက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၈(က) နဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။

မြောက်ဦးမြို့၊ လက်ကောက်ဈေး ရပ်ကွက်နေ မြတ်သူထွန်း (ခ) ဖိုးသီဟက Facebook ပေါ်မှာ Myat Thu Tun အမည်တဲ့ Breaking News ဆိုပြီး မဟုတ်မမှန် ရေးသားချက်တွေ တင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို တင်ပြီးနောက် ရည်းစားနဲ့ ရန်ဖြစ်လို့ တင်ကြောင်း၊ အကောင့် ဖျက်တော့မှာမို့ အမှတ်တရ တင်ကြောင်း ရေးသားပြီး အကောင့်ကို ပိတ်သိမ်းသွားခဲ့ပါတယ်။

အများပြည်သူ ကြောက်ရွံ့စေရန် ခြောက်လှန့်ခြိမ်းခြောက်ပြီး မမှန်ကန်သော သတင်းအချက်အလက်ကို မရိုးဖြောင့်သော သဘောနဲ့ လူမှုကွန်ရက်မှာ တင်ခဲ့သူ မြတ်သူထွန်း (ခ) ဖိုးသီဟအား မြောက်ဦးမြို့မရဲစခန်းက အမှုဖွင့် စစ်ဆေးနေတာ ဖြစ်ပါတယ်။

?bph6