ဆႏၵျပလို႔ အလုပ္ထုတ္ခံရသူ ၁၇၀၀ ေက်ာ္ရွိ (႐ုပ္/သံ)

0
63

၂၀၁၆ ဇြန္လကေန ၂၀၁၇ ဒီဇင္ဘာလအထိ ဆႏၵျပတဲ႔အတြက္ အလုပ္ထုတ္ခံရတဲ႔ အလုပ္သမား ၁၇၀၀ ေက်ာ္ ရွိတယ္လို႔ We Generation Network က အစီရင္ခံစာ ထုတ္ျပန္လိုက္ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြး က ေပးပို႔ထားပါတယ္။

လုပ္ခလစာနဲ႔ အလုပ္သမားအခြင့္အေရး ေတာင္းဆိုဆႏၵျပေတြ လႈိင္သာယာၿမိဳ႕နယ္မွာ အမ်ားဆုံး ျဖစ္ပြားခဲ႔ၿပီး၊ ဆႏၵျပတဲ႔ အလုပ္သမား ေခါင္းေဆာင္ေတြနဲ႔ အလုပ္သမားေတြကို အလုပ္ရွင္ေတြက အလုပ္က ထုတ္ျပစ္တာေတြ အမ်ားအျပားရွိေနတာပါ ။

၂၀၁၆ ဇြန္လ ကေန ၂၀၁၇ အထိတစ္နွစ္ခြဲတာကလအတြင္း အလုပ္ရွင္ေတြဘက္က အလုပ္သမားေတြကို အလုပ္ကရပ္စဲတဲ႔ အမႈေပါင္း ၉၀ ရွိၿပီး အလုပ္သမားေပါင္း ၁၇၀၀ ေက်ာ္ကို အလုပ္က ထုတ္ပယ္ခဲ႔တယ္လို႔ We Generation Network ကထုတ္ျပန္တဲ႔ အလုပ္သမားေရးရာအျငင္းပြားမႈ ေျဖရွင္းေရးဆိုင္ရာ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္ ။

Soundbite ဦးေဌး (ဥပေဒအႀကံေပး၊ We Generation Network)

အဲ႔ဒီအစီရင္ခံစာထဲမွာ အလုပ္သမားေတြ စုေပါင္းေတာင္းဆိုတာနဲ႔ အျငင္းပြားမႈေတြမွာ အထည္ခ်ဳပ္လုပ္ငန္းက အမ်ားဆုံးျဖစ္ေနၿပီး၊ ဖိနပ္နဲ႔ ေျခအိပ္စက္ရုံေတြက ဒုတိယအမ်ားဆုံး ျဖစ္ေနတာပါ။ အလုပ္ရွင္ အလုပ္သမား အျငင္းပြားမႈေတြရဲ႕ အားနည္းခ်က္က ခုံသမာဓိအဖြဲ႔ရဲ႕ ေျဖရွင္းမႈၾကန္႔ၾကာမႈနဲ႔ အလုပ္သမားေရးရာ အျငင္းပြားမႈေျဖရွင္ေရးဥပေဒရဲ႕ အားနည္းခ်က္ေတြေၾကာင့္ ျဖစ္တယ္လို႔ We Generation Network ကေျပာပါတယ္။

Soundbite ဦးနႏၵာစစ္ေအာင္ (ဒါရိုက္တာ၊ We Generation Network)

We Generation Networkရဲ႕ စုေပါင္းေတာင္းဆိုျခင္းႏွင့္ အလုပ္သမားေရးရာအျငင္းပြားမႈ ေျဖရွင္းေရးဆိုင္ရာ အစီရင္ခံစာကို ဇြန္လ ၁၂ ရက္ေန႔က ထုတ္ျပန္ခဲ႔တာျဖစ္ျပီး အဲ႔ဒီအစီရင္ခံစာကို တစ္ႏွစ္ တစ္ႀကိမ္ ထုတ္ေဝသြားျဖစ္ပါတယ္ ။ ဒါအျပင္ စုေပါင္းေတာင္းဆိုျခင္းႏွင့္ အလုပ္သမားေရးရာအျငင္းပြားမႈ ေျဖရွင္းေရးဆိုင္ရာ အစီရင္ခံစာကို အစိုးရနဲ႔ လႊတ္ေတာ္ေတြအျပင္ အလုပ္သမားအေရး ေဆာင္ရြက္သူေတြကိုပါ ျဖန္႔ေဝသြားမွာ ျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၂၀၁၆ ဇွန်လကနေ ၂၀၁၇ ဒီဇင်ဘာလအထိ ဆန္ဒပြတဲ့အတွက် အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၁၇၀ဝ ကျော် ရှိတယ်လို့ We Generation Network က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေး က ပေးပို့ထားပါတယ်။

လုပ်ခလစာနဲ့ အလုပ်သမားအခွင့်အရေး တောင်းဆိုဆန္ဒပြတွေ လှိုင်သာယာမြို့နယ်မှာ အများဆုံး ဖြစ်ပွားခဲ့ပြီး၊ ဆန္ဒပြတဲ့ အလုပ်သမား ခေါင်းဆောင်တွေနဲ့ အလုပ်သမားတွေကို အလုပ်ရှင်တွေက အလုပ်က ထုတ်ပြစ်တာတွေ အများအပြားရှိနေတာပါ ။

၂၀၁၆ ဇွန်လ ကနေ ၂၀၁၇ အထိတစ်နှစ်ခွဲတာကလအတွင်း အလုပ်ရှင်တွေဘက်က အလုပ်သမားတွေကို အလုပ်ကရပ်စဲတဲ့ အမှုပေါင်း ၉၀ ရှိပြီး အလုပ်သမားပေါင်း ၁၇၀ဝ ကျော်ကို အလုပ်က ထုတ်ပယ်ခဲ့တယ်လို့ We Generation Network ကထုတ်ပြန်တဲ့ အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ် ။

Soundbite ဦးဌေး (ဥပဒေအကြံပေး၊ We Generation Network)

အဲ့ဒီအစီရင်ခံစာထဲမှာ အလုပ်သမားတွေ စုပေါင်းတောင်းဆိုတာနဲ့ အငြင်းပွားမှုတွေမှာ အထည်ချုပ်လုပ်ငန်းက အများဆုံးဖြစ်နေပြီး၊ ဖိနပ်နဲ့ ခြေအိပ်စက်ရုံတွေက ဒုတိယအများဆုံး ဖြစ်နေတာပါ။ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုတွေရဲ့ အားနည်းချက်က ခုံသမာဓိအဖွဲ့ရဲ့ ဖြေရှင်းမှုကြန့်ကြာမှုနဲ့ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်ရေးဥပဒေရဲ့ အားနည်းချက်တွေကြောင့် ဖြစ်တယ်လို့ We Generation Network ကပြောပါတယ်။

Soundbite ဦးနန္ဒာစစ်အောင် (ဒါရိုက်တာ၊ We Generation Network)

We Generation Networkရဲ့ စုပေါင်းတောင်းဆိုခြင်းနှင့် အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ အစီရင်ခံစာကို ဇွန်လ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး အဲ့ဒီအစီရင်ခံစာကို တစ်နှစ် တစ်ကြိမ် ထုတ်ဝေသွားဖြစ်ပါတယ် ။ ဒါအပြင် စုပေါင်းတောင်းဆိုခြင်းနှင့် အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ အစီရင်ခံစာကို အစိုးရနဲ့ လွှတ်တော်တွေအပြင် အလုပ်သမားအရေး ဆောင်ရွက်သူတွေကိုပါ ဖြန့်ဝေသွားမှာ ဖြစ်ပါတယ် ခင်ဗျာ။

?bph6