ေတာင္ကုတ္မွာ စက္ေလွနစ္ျမဳပ္ၿပီး ၂ ဦး ေပ်ာက္ဆံုး

0
262

ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕၊ သလိန္ျပင္ေက်းရြာ၊ ငေတာက္တူေပါက္ ေခ်ာင္းဝအနီးမွာ ကုလားေရာင္ ျမစ္ဖ်ားကို ျဖတ္ကူးစဥ္ မိုးသက္ေလျပင္း က်တဲ့တြက္ စက္ေလွနစ္ျမဳပ္ၿပီး လူ ၂ ဦး ေပ်ာက္ဆံုးေနပါတယ္။

မေန႔က ဇြန္လ ၁၂ ရက္ မနက္ ၁၁ နာရီမွာ စက္ေလွပိုင္ရွင္ ဦးတူး (၅၅ ႏွစ္) ေမာင္းႏွင္ၿပီး ဦးျမင့္ႏိုင္ (၄၈ ႏွစ္) အပါအဝင္ ၄ ဦး လိုက္ပါလာတဲ့ ၂၇ ေပရွည္ စက္တပ္ေလွ နစ္ျမဳပ္ခဲ့တာ ျဖစ္ပါတယ္။ ဦးဝင္းေဇာ္ အပါအဝင္ ၃ ဦးကို ေငြဇင္ေယာ္ စက္ေလွက ကယ္ဆယ္ႏုိင္ခဲ့ၿပီး စက္ေလွပိုင္ရွင္ ဦးတူးနဲ႔ ဦးျမင့္ႏိုင္တို႔ ၂ ဦး ေပ်ာက္ဆံုးေနလို႔ စက္ေလွေတြနဲ႔ အခင္းျဖစ္ရာ ေခ်ာင္တစ္ေလွ်ာက္ လိုက္လံရွာေဖြေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောင်ကုတ်မှာ စက်လှေနစ်မြုပ်ပြီး ၂ ဦး ပျောက်ဆုံး

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ သလိန်ပြင်ကျေးရွာ၊ ငတောက်တူပေါက် ချောင်းဝအနီးမှာ ကုလားရောင် မြစ်ဖျားကို ဖြတ်ကူးစဉ် မိုးသက်လေပြင်း ကျတဲ့တွက် စက်လှေနစ်မြုပ်ပြီး လူ ၂ ဦး ပျောက်ဆုံးနေပါတယ်။

မနေ့က ဇွန်လ ၁၂ ရက် မနက် ၁၁ နာရီမှာ စက်လှေပိုင်ရှင် ဦးတူး (၅၅ နှစ်) မောင်းနှင်ပြီး ဦးမြင့်နိုင် (၄၈ နှစ်) အပါအဝင် ၄ ဦး လိုက်ပါလာတဲ့ ၂၇ ပေရှည် စက်တပ်လှေ နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။ ဦးဝင်းဇော် အပါအဝင် ၃ ဦးကို ငွေဇင်ယော် စက်လှေက ကယ်ဆယ်နိုင်ခဲ့ပြီး စက်လှေပိုင်ရှင် ဦးတူးနဲ့ ဦးမြင့်နိုင်တို့ ၂ ဦး ပျောက်ဆုံးနေလို့ စက်လှေတွေနဲ့ အခင်းဖြစ်ရာ ချောင်တစ်လျှောက် လိုက်လံရှာဖွေနေပါတယ်။

?bph6