
0
389




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှု ၂၀၁၈ မှာ ၇ ရာခိုင်နှုန်း တိုးမြှင့်ဖို့ မျှော်မှန်း

အရှေ့အာရှနဲ့ ပစိဖိတ်ဒေသတွေမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေ တဖြည်းဖြည်း ဖွံ့ဖြိုးလာပြီး စီးပွားရေးဖွံ့ဖြိုးမှု ရာခိုင်နှုန်းကို ၂ဝ၁၈ ခုနှစ်မှာ ၆ ဒသမ ၇ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် မျှော်မှန်းထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေက ပြောပါတယ်။

မနေ့က ဇွန်လ ၁၂ ရက်နေ့က ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ (၂၄) ကြိမ်မြောက် အာရှအနာဂတ်ဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲ ဒုတိယမြောက်နေ့ ဖွင့်ပွဲမှာ ဝန်ကြီး ဦးကျော်တင့်ဆွေက ပြောသွားတာ ဖြစ်ပါတယ်။

ဒီမိုကရေစီ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေကြောင်း၊ အထူးသဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို ဦးစားပေး လုပ်ငန်းတွေအဖြစ် ဆောင်ရွက်နေကြောင်းလည်း ပြောကြားသွားပါတယ်။

?bph6