ေရြးေကာက္ပြဲ ေကာ္မရွင္ကို ဦးလွေဆြ ေတာင္းပန္

0
79

ေမလ ၁၇ ရက္ေန႔ထုတ္ Bullet News Journal မွာ ေဖာ္ျပခဲ့တဲ့ ေဆာင္းပါးတစ္ပုဒ္နဲ႔ ပတ္သက္လို႔ မွားယြင္း သံုးသပ္ ေဖာ္ျပခဲ့တဲ့အတြက္ ဦးလွေဆြက ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ကို ေတာင္းပန္ခဲ့ပါတယ္။

“၂၀၁၈ ၾကားျဖတ္ေရြးေကာက္ပြဲ အႀကိဳ ေဟာကိန္း ဘုလက္ မွာတမ္း” ေဆာင္းပါးမွာ ၾကားျဖတ္ ေရြးေကာက္ပြဲအတြက္ ဘတ္ဂ်က္ လ်ာထားေငြကိစၥ၊ ေရြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႔ဝင္တစ္ဦး အရည္အခ်င္းကိစၥ စတာေတြကို မွားယြင္း သံုးသပ္ ေဖာ္ျပတဲ့အတြက္ ဇြန္လ ၁၂ ရက္ေန႔မွာ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္က ေဆာင္းပါးရွင္ ဦးလွေဆြကို ေခၚယူေတြ႔ဆံုခဲ့ပါတယ္။

ဦးလွေဆြက ေဆာင္းပါးပါ မွားယြင္းေဖာ္ျပခ်က္ေတြကို ေတာင္းပန္ခဲ့ၿပီး ဇြန္လ ၁၄ ရက္ေန႔ထုတ္ ဂ်ာနယ္မွာ ေတာင္းပန္စာ ထည့္သြင္းေဖာ္ျပဖို႔နဲ႔ ေနာင္မွာ ေရြးေကာက္ပြဲ ေကာ္မရွင္အေပၚ မဟုတ္မမွန္ မွားယြင္းေဖာ္ျပေရးသား မျပဳလုပ္ေတာ့ေၾကာင္း ဝန္ခံကတိျပဳခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရွေးကောက်ပွဲ ကော်မရှင်ကို ဦးလှဆွေ တောင်းပန်

မေလ ၁၇ ရက်နေ့ထုတ် Bullet News Journal မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်နဲ့ ပတ်သက်လို့ မှားယွင်း သုံးသပ် ဖော်ပြခဲ့တဲ့အတွက် ဦးလှဆွေက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တောင်းပန်ခဲ့ပါတယ်။

“၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ အကြို ဟောကိန်း ဘုလက် မှာတမ်း” ဆောင်းပါးမှာ ကြားဖြတ် ရွေးကောက်ပွဲအတွက် ဘတ်ဂျက် လျာထားငွေကိစ္စ၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တစ်ဦး အရည်အချင်းကိစ္စ စတာတွေကို မှားယွင်း သုံးသပ် ဖော်ပြတဲ့အတွက် ဇွန်လ ၁၂ ရက်နေ့မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဆောင်းပါးရှင် ဦးလှဆွေကို ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။

ဦးလှဆွေက ဆောင်းပါးပါ မှားယွင်းဖော်ပြချက်တွေကို တောင်းပန်ခဲ့ပြီး ဇွန်လ ၁၄ ရက်နေ့ထုတ် ဂျာနယ်မှာ တောင်းပန်စာ ထည့်သွင်းဖော်ပြဖို့နဲ့ နောင်မှာ ရွေးကောက်ပွဲ ကော်မရှင်အပေါ် မဟုတ်မမှန် မှားယွင်းဖော်ပြရေးသား မပြုလုပ်တော့ကြောင်း ဝန်ခံကတိပြုခဲ့ပါတယ်။

?bph6