
0
269



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကော့ကရိတ်မြို့မှာ ရွှေဆိုင် အနုကြမ်းစီးသူကို ဖမ်းဆီး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ ဖြူစင်သန့် ရွှေဆိုင်မှာ ဇွန်လ ၁၀ ရက်နေ့က ဆိုင်ပိုင်ရှင်ကို လူတစ်ဦးက သေနတ်နဲ့ ပစ်ခတ်ပြီး အနုကြမ်းစီးမှု ဖြစ်ပွားခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူကို စုံစမ်းစစ်ဆေးရာမှာ ကော့ကရိတ်မြို့နယ်၊ ဆိပ်ဖူးကုန်းရွာနေ အလား (ခ) ကျင်ဦး (ခ) အောင်ကျင်သိန်းကို ၃၆ နာရီအတွင်း ဖမ်းဆီးရမိခဲ့ပါတယ်။ အလားကို အမှုဖွင့် စစ်ဆေးနေပါတယ်။

?bph6