
0
269




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ညှိနှိုင်း ကင်းလှည့်

မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တို့ မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုး လမ်းအတိုင်း နှစ်နိုင်ငံ နှစ်ဘက်ညှိနှိုင်းပြီး မြေပြင်လှည့်ကင်း ဆောင်ရွက်နေပါတယ်။

နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မေလ ၂၇ ရက်နေ့၊ ဇွန်လ ၁၀ ရက်နေ့၊ ဇွန်လ ၁၁ ရက်နေ့တို့မှာ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြပါတယ်။

ကုန်းမြေနယ်နိမိတ်တွင် နှစ်ဖက်ညှိနှိုင်းချက်အရ ပူးပေါင်းညှိနှိုင်း ကင်းလှည့်မှုကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီမှာ ၁၄ ကြိမ်၊ မတ်လမှာ ၇ ကြိမ်၊ မေလမှာ ၁၆ ကြိမ်၊ ဇွန်လမှာ ၃ ကြိမ်၊ စုစုပေါင်း အကြိမ် ၄၀ နဲ့ ရေကြောင်း ကင်းလှည့်ခြင်းကိုလည်း နတ်မြစ်ကြောင်းအတိုင်း စုစုပေါင်း ၄ ကြိမ် ဆောင်ရွက်ခဲ့ပါတယ်။

?bph6