
0
374




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား ဗီဇာစနစ်တွေကို ဖြေလျှော့ပေးမယ်

မြန်မာနိုင်ငံအနေနဲ့ အာဆီယံ+၃ နိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား နိုင်ငံတွေက ဧည့်သည်တွေ ပိုမိုဝင်ရောက်လာစေဖို့ ရည်ရွယ်ပြီး ဗီဇာစနစ်တွေကို ဖြေလျှော့ရေး စီစဉ်ဆောင်ရွက်ပြီး ဖြစ်တယ်လို့ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောပါတယ်။

နေပြည်တော်မှာ မနေ့က ဇွန်လ ၁၂ ရက်မှာ ကျင်းပတဲ့ မြန်မာ့ခရီးသွားလုပ်ငန်း ကွန်ဖရင့် – ၂၀၁၈ ဖွင့်ပွဲမှာ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောသွားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ဥရောပနိုင်ငံသားတွေ ဝင်ရောက်မှုကတော့ နည်းနေသေးတယ်လို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံကို ခရီးသည် အများဆုံး လာရောက်တဲ့ နိုင်ငံတွေကတော့ အရှေ့တိုင်းနိုင်ငံတွေမှာ တရုတ်၊ ဂျပန်၊ ကိုရီးယားနဲ့ ထိုင်းတို့ ဖြစ်ပြီး အနောက်နိုင်ငံတွေမှာ အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်နဲ့ ဂျာမနီတို့ ဖြစ်ပါတယ်။
(စီးပွားရေး)

?bph6