
0
378




>>>>>>>>>>>>>>>>>>>>>>>>>

မလေးရှား ရေတံခွန်ကနေ မြန်မာတစ်ဦး ပြုတ်ကျပြီး သေဆုံး

မလေးရှားနိုင်ငံ၊ ဘင်တန်ရှိ ချာမန် ရေတံခွန်မှာ မနေ့က ဇွန်လ ၁၂ ရက်နေ့မှာ မြန်မာတစ်ဦး ပြုတ်ကျပြီး သေဆုံးခဲ့ပါတယ်။

နိုင်အောင်ဆိုသူရဲ့ ရုပ်အလောင်းကို သူပြုတ်ကျခဲ့တဲ့နေရာနဲ့ ၅ မီတာ အကွာမှာ ညနေပိုင်းက ပြန်လည် တွေ့ရှိရတယ်လို့ ဘန်တန် ပြည်သူ့ကာကွယ်ရေး အရာရှိ မုဒ် ဇူကိုင်ရီ အဒက် အဝမ်က ပြောတယ်လို့ ဘာနားမား သတင်းမှာ ဖော်ပြထားပါတယ။

နိုင်အောင်ဟာ သူငယ်ချင်းတွေနဲ့ အတူ ရေလာကူးတာဖြစ်ပြီး မွန်းလွဲ ၂ နာရီလောက်မှာ ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။ သူ့သူငယ်ချင်းတွေက ကယ်ဖို့ ကြိုးစားခဲ့ပေမယ့် မတတ်နိုင်လို့ အာဏာပိုင်တွေဆီ အကြောင်းကြားခဲ့တာ ဖြစ်ပြီး အလောင်းကို ဘင်တန် ဆေးရုံကို ပို့ဆောင်ထားပါတယ်။

?bph6