DVB က ထုတ္လႊင့္ေနတဲ့ RFA အစီအစဥ္ေတြ ‘႐ိုဟင္ဂ်ာ’ အသံုးအႏႈန္းေၾကာင့္ ရပ္ဆိုင္း

0
352

DVB ႐ုပ္သံလိုင္းကေန ထပ္ဆင့္ထုတ္လႊင့္ေနတဲ့ RFA (လြတ္လပ္တဲ့အာရွအသံ) ျမန္မာပိုင္း အစီအစဥ္ေတြကို ဇြန္လ ၁၁ ရက္ေန႔ကစၿပီး ရပ္ဆိုင္းလိုက္ေၾကာင္း RFA က ေၾကညာပါတယ္။

‘႐ိုဟင္ဂ်ာ’ ဆိုတဲ့ စကားလံုးကို ဆက္သံုးေနမယ္ဆိုရင္ RFA အစီအစဥ္ ထုတ္လႊင့္မႈကို ရပ္ဆိုင္းဖို႔ DVB ကို ျပန္ၾကားေရး ဝန္ႀကီးဌာနက အမိန္႔ေပးခဲ့တယ္လို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ DVB က တာဝန္ရွိသူ ဦးေအးခ်မ္းႏိုင္ကေတာ့ ျပန္ၾကားေရးဝန္ႀကီးဌာနနဲ႔ ညိွႏိႈင္းေနဆဲျဖစ္ၿပီး တစံုတရာ အေျဖတစ္ခု မထြက္ခင္မွာပဲ RFA က အခုလို ေၾကညာခ်က္ ထုတ္လာတာျဖစ္တယ္လို႔ VOA ကို ေျဖၾကားထားပါတယ္။

RFA ရဲ႕ အစီအစဥ္ ထုတ္လႊင့္မႈကို ပိတ္ပင္တာဟာ ျမန္မာအစိုးရက ဂ်ာနယ္လစ္ေတြရဲ႕ အလုပ္ကို ၾကားဝင္ေႏွာက္ယွက္တဲ့ ေနာက္ဆံုးလုပ္ရပ္ ျဖစ္တယ္လို႔ နယ္စည္းမျခား သတင္းေထာက္မ်ားအဖြဲ႔က ထုတ္ျပန္ေၾကညာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>

DVB က ထုတ်လွှင့်နေတဲ့ RFA အစီအစဉ်တွေ ‘ရိုဟင်ဂျာ’ အသုံးအနှုန်းကြောင့် ရပ်ဆိုင်း

DVB ရုပ်သံလိုင်းကနေ ထပ်ဆင့်ထုတ်လွှင့်နေတဲ့ RFA (လွတ်လပ်တဲ့အာရှအသံ) မြန်မာပိုင်း အစီအစဉ်တွေကို ဇွန်လ ၁၁ ရက်နေ့ကစပြီး ရပ်ဆိုင်းလိုက်ကြောင်း RFA က ကြေညာပါတယ်။

‘ရိုဟင်ဂျာ’ ဆိုတဲ့ စကားလုံးကို ဆက်သုံးနေမယ်ဆိုရင် RFA အစီအစဉ် ထုတ်လွှင့်မှုကို ရပ်ဆိုင်းဖို့ DVB ကို ပြန်ကြားရေး ဝန်ကြီးဌာနက အမိန့်ပေးခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ DVB က တာဝန်ရှိသူ ဦးအေးချမ်းနိုင်ကတော့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းနေဆဲဖြစ်ပြီး တစုံတရာ အဖြေတစ်ခု မထွက်ခင်မှာပဲ RFA က အခုလို ကြေညာချက် ထုတ်လာတာဖြစ်တယ်လို့ VOA ကို ဖြေကြားထားပါတယ်။

RFA ရဲ့ အစီအစဉ် ထုတ်လွှင့်မှုကို ပိတ်ပင်တာဟာ မြန်မာအစိုးရက ဂျာနယ်လစ်တွေရဲ့ အလုပ်ကို ကြားဝင်နှောက်ယှက်တဲ့ နောက်ဆုံးလုပ်ရပ် ဖြစ်တယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။

?bph6