တကၠသိုလ္ေက်ာင္းသားသမဂၢ (၇) ဖြဲ႕ ပူးေပါင္းၿပီး ေက်ာင္းသားပြဲေတာ္ က်င္းပသြားမယ္

0
377

တကၠသိုလ္ေက်ာင္းသားသမဂၢ (၇) ဖြဲ႕ ပူးေပါင္းၿပီး ေက်ာင္းသားပြဲေတာ္ က်င္းပသြားမွာ ျဖစ္ပါတယ္။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္ ေအာင္သူက ေပးပို႔ထားပါတယ္။

ျမန္မာတစ္ႏိုင္ငံလံုးမွာရွိတဲ႔ ေက်ာင္းသားတစ္ဦးခ်င္းစီရဲ႕ ကိုယ္ပိုင္အရည္အခ်င္းေတြကို ထုတ္ေဖာ္ျပသခြင္႔ ရရွိေစဖို႔ရည္ရြယ္ၿပီး ေက်ာင္းသားပြဲေတာ္ ၂၀၁၈ (Student Show 2018) ကို တကၠသိုလ္ေက်ာင္းသားသမဂၢ (၇)ဖြဲ႕ ပူးေပါင္း က်င္းပသြားမွာျဖစ္ပါတယ္။

ဇြန္လ(၁၂)ရက္ေန႔က ရန္ကုန္ၿမိဳ႕ Royal River View condo မွာ ေက်ာင္းသားပြဲေတာ္ ၂၀၁၈ က်င္းပသြားဖို႔ရွိေနတာနဲ႔ ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ႔တာပါ။

Sound Bite – ႏိုင္ေအာင္လူ(ဒုတိယဥကၠ႒)ျမန္မာႏိုင္ငံေရေၾကာင္းပညာတကၠသိုလ္ေက်ာင္းသားသမဂၢ

အဲ႔ဒီ ေက်ာင္းသားပြဲေတာ္ကို ႔ ဇူလိုင္လ(၁၂)ေန႔နဲ႔ (၁၃)ရက္ေန႔ေတြမွာ ရန္ကုန္ၿမိဳ႕က Myanmar Convention Center(MCC)မွာ က်င္းပသြားမွာျဖစ္ၿပီး ျမန္မာ႔ရိုးရာအကေတြ၊ ျပဇတ္ေတြနဲ႔အၿငိမ္႔ေတြကို ေဖ်ာ္ေျဖတင္ဆက္သြားမွာျဖစ္ပါတယ္။

Sound Bite – ႏိုင္ေအာင္လူ(ဒုတိယဥကၠ႒)ျမန္မာႏိုင္ငံေရေၾကာင္းပညာတကၠသိုလ္ေက်ာင္းသားသမဂၢ

ဒီေက်ာင္းသားပြဲေတာ္ကို အေနာက္ပိုင္းနည္းပညာတကၠသိုလ္၊ သန္လ်င္နည္းပညာတကၠသိုလ္၊ ျမန္မာႏိုင္ငံေရေၾကာင္းပညာတကၠသိုလ္၊ ရန္ကုန္အေရွ႔ပိုင္းတကၠသိုလ္၊ ရန္ကုန္စီးပြားေရးတကၠသိုလ္၊ ဒဂံုတကၠသိုလ္နဲ႔ အမ်ိဳးသားစီမံခန္႔ခဲြမႈပညာဒီဂရီေကာလိပ္တို႔က ေက်ာင္းသားသမဂၢေတြ ဦးေဆာင္ ျပဳလုပ္သြားမွာျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တက္ကသိုလ်ကျောင်းသားသမဂ္ဂ (၇) ဖွဲ့ ပူးပေါင်းပြီး ကျောင်းသားပွဲတော် ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် အောင်သူက ပေးပို့ထားပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို ထုတ်ဖော်ပြသခွင့် ရရှိစေဖို့ရည်ရွယ်ပြီး ကျောင်းသားပွဲတော် ၂၀၁၈ (Student Show 2018) ကို တက္ကသိုလ်ကျောင်းသားသမဂ္ဂ (၇)ဖွဲ့ ပူးပေါင်း ကျင်းပသွားမှာဖြစ်ပါတယ်။

ဇွန်လ(၁၂)ရက်နေ့က ရန်ကုန်မြို့ Royal River View condo မှာ ကျောင်းသားပွဲတော် ၂၀၁၈ ကျင်းပသွားဖို့ရှိနေတာနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

Sound Bite – နိုင်အောင်လူ(ဒုတိယဥက္ကဋ္ဌ)မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂ

အဲ့ဒီ ကျောင်းသားပွဲတော်ကို ့ ဇူလိုင်လ(၁၂)နေ့နဲ့ (၁၃)ရက်နေ့တွေမှာ ရန်ကုန်မြို့က Myanmar Convention Center(MCC)မှာ ကျင်းပသွားမှာဖြစ်ပြီး မြန်မာ့ရိုးရာအကတွေ၊ ပြဇတ်တွေနဲ့အငြိမ့်တွေကို ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပါတယ်။

Sound Bite – နိုင်အောင်လူ(ဒုတိယဥက္ကဋ္ဌ)မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂ

ဒီကျောင်းသားပွဲတော်ကို အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊ သန်လျင်နည်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်နဲ့ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်တို့က ကျောင်းသားသမဂ္ဂတွေ ဦးဆောင် ပြုလုပ်သွားမှာဖြစ်ပါတယ်ခင်ဗျာ။

?bph6