ပင္လယ္ကမ္းစပ္မွာ ေသာင္ေနသူ ၁၀၀ ေက်ာ္ကို ငါးခူရစခန္း ပို႔ေဆာင္ေပးၿပီး စိစစ္

0
481

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေအာင္ဗလေခ်ာင္းဝ အငူေမာ္ေက်းရြာနဲ႔ ဒံုးပိုက္ေက်းရြာၾကား ပင္လယ္ကမ္းစပ္မွာ စက္ေလွတစ္စီးနဲ႔ လူ ၁၀၄ ဦး ေသာင္တင္ေနခဲ့ပါတယ္။

ဇြန္လ ၁၁ ရက္ေန႔မွာ လံုၿခံဳေရး တပ္ဖြဲ႔ဝင္ေတြပါတဲ့ ပူးေပါင္း တပ္ဖြဲ႔က သြားေရာက္စစ္ေဆးရာမွာ ဝမ္းဗိုက္ကြဲေနတဲ့ စက္ေလွတစ္စီးနဲ႔ အစၥလာမ္ ဘာသာဝင္ အမ်ိဳးသား ၄၄ ဦး၊ အမ်ိဳးသမီး ၆၀ ဦးတို႔ကို စိစစ္ေတြ႔ရွိရပါတယ္။

အစၥလာမ္ ဘာသာဝင္ ၁၀၄ ဦးကို လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြက ေမာ္ေတာ္ယာဥ္ ၄ စီးနဲ႔ ငါးခူရ ျပန္လည္လက္ခံေရးစခန္းကို ပို႔ေဆာင္ေပးခဲ့ၿပီး လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္ အမ်ဳိးသား မွတ္ပံုတင္ေရး ဦးစီးဌာနက တာဝန္ရွိသူေတြက စိစစ္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပင်လယ်ကမ်းစပ်မှာ သောင်နေသူ ၁၀ဝ ကျော်ကို ငါးခူရစခန်း ပို့ဆောင်ပေးပြီး စိစစ်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အောင်ဗလချောင်းဝ အငူမော်ကျေးရွာနဲ့ ဒုံးပိုက်ကျေးရွာကြား ပင်လယ်ကမ်းစပ်မှာ စက်လှေတစ်စီးနဲ့ လူ ၁၀၄ ဦး သောင်တင်နေခဲ့ပါတယ်။

ဇွန်လ ၁၁ ရက်နေ့မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်း တပ်ဖွဲ့က သွားရောက်စစ်ဆေးရာမှာ ဝမ်းဗိုက်ကွဲနေတဲ့ စက်လှေတစ်စီးနဲ့ အစ္စလာမ် ဘာသာဝင် အမျိုးသား ၄၄ ဦး၊ အမျိုးသမီး ၆၀ ဦးတို့ကို စိစစ်တွေ့ရှိရပါတယ်။

အစ္စလာမ် ဘာသာဝင် ၁၀၄ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မော်တော်ယာဉ် ၄ စီးနဲ့ ငါးခူရ ပြန်လည်လက်ခံရေးစခန်းကို ပို့ဆောင်ပေးခဲ့ပြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနက တာဝန်ရှိသူတွေက စိစစ်နေပါတယ်။