ျမန္မာျပည္က ဟီ႐ိုအင္းေတြ ေဟာင္ေကာင္ပို႔မယ့္ဂိုဏ္း ထိုင္းမွာ ဖမ္းမိ

0
107

ျမန္မာႏိုင္ငံက ဟီ႐ိုအင္းေတြကို ထိုင္းကေနတဆင့္ ေဟာင္ေကာင္ကို ပို႔မယ့္ နီေပါႏိုင္ငံသား ၆ ဦးနဲ႔ အိႏၵိယ ႏိုင္ငံသား ၁ ဦးပါ ဂိုဏ္းကို ထိုင္းက ဖမ္းဆီးလိုက္ပါတယ္။

ဖမ္းမိထားသူေတြက ဘာ ဂြန္ဘိုတာမန္ ဆင္း (၅၀ ႏွစ္)၊ ဆူဒါရွန္ သာပါ (၅၀ ႏွစ္)၊ ဘာ ပရာဆတ္ ဂုရြန္ (၅၁ ႏွစ္)၊ တမန္ ဆူရက္ (၃၆ ႏွစ္)၊ အဘာရွက္ ဂုရြန္ (၃၇ ႏွစ္)၊ ကေရ ဂုရြန္ (၆၂ ႏွစ္) နဲ႔ လာ ဂုရြန္ (၄၉ ႏွစ္) တို႔ ျဖစ္ပါတယ္။ လာဂုရြန္က အိႏၵိယ ႏိုင္ငံသားျဖစ္ၿပီး က်န္ ၆ ဦးက နီေပါႏိုင္ငံသား ျဖစ္တယ္လို႔ ဘန္ေကာက္ပို႔စ္ သတင္းစာမွာ ေဖာ္ျပထားပါတယ္။

ဘာ ဂြန္ဘိုတာမန္ ဆင္းကို ဇြန္လ ၆ ရက္ေန႔က ခ်င္းမိုင္ကေန ဘန္ေကာက္ကိုသြားမယ္ ေလယာဥ္ေပၚမတက္ခင္ သူ႔ခရီးေဆာင္ အိတ္ထဲကေန စုစုေပါင္း ၁၅ ဒသမ ၅ ကီလိုရွိ ဟီ႐ိုအင္း အထုပ္ ၄၀ နဲ႔ ဖမ္းမိတာ ျဖစ္ပါတယ္။ အဲဒီကေန ဆက္စပ္ၿပီး ဘန္ေကာက္ရွိ ကြန္ဒိုတစ္ခုကို ရဲက စီးနင္းရွာေဖြရာမွာ က်န္ တရားခံေတြနဲ႔အတူ ဟီ႐ိုအင္း ၁ ဒသမ ၄၅ ကီလိုကို ထပ္မံ ဖမ္းဆီးရမိတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာပြည်က ဟီရိုအင်းတွေ ဟောင်ကောင်ပို့မယ့်ဂိုဏ်း ထိုင်းမှာ ဖမ်းမိ

မြန်မာနိုင်ငံက ဟီရိုအင်းတွေကို ထိုင်းကနေတဆင့် ဟောင်ကောင်ကို ပို့မယ့် နီပေါနိုင်ငံသား ၆ ဦးနဲ့ အိန္ဒိယ နိုင်ငံသား ၁ ဦးပါ ဂိုဏ်းကို ထိုင်းက ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းမိထားသူတွေက ဘာ ဂွန်ဘိုတာမန် ဆင်း (၅၀ နှစ်)၊ ဆူဒါရှန် သာပါ (၅၀ နှစ်)၊ ဘာ ပရာဆတ် ဂုရွန် (၅၁ နှစ်)၊ တမန် ဆူရက် (၃၆ နှစ်)၊ အဘာရှက် ဂုရွန် (၃၇ နှစ်)၊ ကရေ ဂုရွန် (၆၂ နှစ်) နဲ့ လာ ဂုရွန် (၄၉ နှစ်) တို့ ဖြစ်ပါတယ်။ လာဂုရွန်က အိန္ဒိယ နိုင်ငံသားဖြစ်ပြီး ကျန် ၆ ဦးက နီပေါနိုင်ငံသား ဖြစ်တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။

ဘာ ဂွန်ဘိုတာမန် ဆင်းကို ဇွန်လ ၆ ရက်နေ့က ချင်းမိုင်ကနေ ဘန်ကောက်ကိုသွားမယ် လေယာဉ်ပေါ်မတက်ခင် သူ့ခရီးဆောင် အိတ်ထဲကနေ စုစုပေါင်း ၁၅ ဒသမ ၅ ကီလိုရှိ ဟီရိုအင်း အထုပ် ၄၀ နဲ့ ဖမ်းမိတာ ဖြစ်ပါတယ်။ အဲဒီကနေ ဆက်စပ်ပြီး ဘန်ကောက်ရှိ ကွန်ဒိုတစ်ခုကို ရဲက စီးနင်းရှာဖွေရာမှာ ကျန် တရားခံတွေနဲ့အတူ ဟီရိုအင်း ၁ ဒသမ ၄၅ ကီလိုကို ထပ်မံ ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။

?bph6