လူငယ်တွေ Mister & Miss လောက အသိုင်းအ၀ိုင်း ထဲ လုံးဝခြေလှမ်းမချဖို့ တိုက်တွန်း (ရုပ်/သံ)

0
430








>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူငယ်တွေအနေနဲ့ Mister & Miss လောက အသိုင်းအဝိုင်း ထဲ လုံးဝခြေလှမ်းမချဖို့ အလှမောင်ဆုရရှိထားတဲ့ လင်းယံ (ခ) သုတထွန်းက ပြောပါတယ် ။ ဒီသတင်းကို MCN သတင်းထောက် မြတ်မင်းသူက ပေးပို့ထားပါတယ်။

Mister & Miss Culture World Myanmar 2018 ပြိုင်ပွဲမှာ ဒုတိယဆု ရရှိခဲ့တဲ့ လင်းယံ ဟာ ယျေက်င်္ကျားချင်း လိင်တူဆက်ဆံခဲ့တဲ့ ရုပ်သံထွက်ပေါ်ခဲ့တာကြောင့် ဆုသိမ်းဆည်းခံထားရတာပါ။ ဒီလို တစ်ဖက်သက်စွပ်စွဲပြီး ဆုသိမ်းဆည်းခံရတာဟာ မတရားဘူးလို့ ကာယကံရှင် လင်းယံက ပြောပါတယ်။

ဇွန်လ ၉ ရက်နေက ရန်ကုန်မြို့ လမ်း ၅၀ မှာရှိတဲ့ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အခုလို ပြောဆိုခဲ့တာပါ။

Soundbite လင်းယံ (ခ)သုတထွန်း

ဒါအပြင် Mister & Miss လောကကြီးဟာ ဆုရောင်း ဆုဝယ်တွေရှိနေပြီး ပြိုင်ပွဲဝင်မယ်ဆိုရင် ဖောင်ကြေး၊ လက်မှတ်ကြေး တောင်းတာတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။ အဲဒါကြောင့် Mister & Miss လောကမှာ ဆက်လက်လုပ်ကိုင်ဖို့ မရှိဘဲ သရုပ်ဆောင် အလုပ်ကို လုပ်သွားမယ်လို့ ပြောပါတယ် ။

Soundbite လင်းယံ (ခ) သုတထွန်း

လင်းယံ (ခေါ်) သုတထွန်းဟာ Mister & Miss Culture World Myanmar 2018 ပြိုင်ပွဲမှာ 2nd Runner Up ဆုကို ရရှိခဲ့ပြီး ဒုတိယအကြိမ် ပြိုင်ပွဲဝင်ခဲ့တဲ့ Mister National Universe Myanmar2018 ပြိုင်ပွဲမှာ Mister Continental Tourism Myanmar 2018 ကိုယ်စားပြု စလွယ် ရရှိထားသူလည်း ဖြစ်ပါတယ် ခင်ဗျာ ။

?bph6