ေသနတ္ပစ္ေဖာက္တဲ့ ဂိမ္းေလာင္းကစား႐ံုကို စီးနင္းဖမ္းစီး

0
390

ရွမ္းျပည္နယ္ ေျမာက္ပိုင္း မူဆယ္ၿမိဳ႕မွာ ေသနတ္ပစ္ေဖာက္တဲ့ ဂိမ္းေလာင္းကစား႐ံုကို ရဲနဲ႔ တပ္မေတာ္သားေတြ ပါဝင္တဲ့ ပူးေပါင္းတပ္ဖြဲ႔က စီးနင္း ဖမ္းဆီးခဲ့ပါတယ္။

မေန႔က ဇြန္လ ၁၀ ရက္ေန႔ မြန္းလြဲ ၂ နာရီမွာ ဟိုမြန္ရပ္ကြက္၊ သိန္းသန္းခ်ီ ကားဝင္းအတြင္း ေသနတ္ ၃ ခ်က္ ပစ္ေဖာက္တဲ့အတြက္ ပူးေပါင္းတပ္ဖြဲ႔က သြားေရာက္စစ္ေဆးရာမွာ အားယံု (၃၉ ႏွစ္) ရဲ႕ 889 ဂိမ္းေလာင္းကစား႐ံုက အလုပ္သမနဲ႔ လာေရာက္ကစားသူတို႔ စကားမ်ားရာက လူ ၃ ဦး ေရာက္လာၿပီး မိုးေပၚ ေသနတ္နဲ႔ ေထာင္ေဖာက္တာ ျဖစ္ေၾကာင္း ေတြ႔ရွိခဲ့ပါတယ္။

ရဲနဲ႔ တပ္မေတာ္သား ပူးေပါင္း တပ္ဖြဲ႔ဟာ ည ၈ နာရီမွာ 889 ဂိမ္းေလာင္းကစား႐ံုကို ထပ္မံဝင္ေရာက္ ရွာေဖြရာမွာ အမ်ိဳးသမီး ၄ ဦးကို ငါးဂိမ္းစက္၊ ေျခာက္ေကာင္ဂ်င္ အန္စာတံုး၊ ဖဲထုပ္၊ ေငြက်ပ္ ၁၄ သိန္းေက်ာ္၊ လက္ကိုင္ဖုန္း ၄၇ လံုးတို႔ကို သိမ္းဆည္းရမိပါတယ္။ ဂိမ္းဆိုင္ပိုင္ရွင္ အားယံုနဲ႔ အမ်ိဳးသမီး ၄ ဦးကို မူဆယ္ၿမိဳ႕မ ရဲစခန္းက အမႈဖြင့္ စစ္ေဆးေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သေနတ်ပစ်ဖောက်တဲ့ ဂိမ်းလောင်းကစားရုံကို စီးနင်းဖမ်းစီး

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့မှာ သေနတ်ပစ်ဖောက်တဲ့ ဂိမ်းလောင်းကစားရုံကို ရဲနဲ့ တပ်မတော်သားတွေ ပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့က စီးနင်း ဖမ်းဆီးခဲ့ပါတယ်။

မနေ့က ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီမှာ ဟိုမွန်ရပ်ကွက်၊ သိန်းသန်းချီ ကားဝင်းအတွင်း သေနတ် ၃ ချက် ပစ်ဖောက်တဲ့အတွက် ပူးပေါင်းတပ်ဖွဲ့က သွားရောက်စစ်ဆေးရာမှာ အားယုံ (၃၉ နှစ်) ရဲ့ 889 ဂိမ်းလောင်းကစားရုံက အလုပ်သမနဲ့ လာရောက်ကစားသူတို့ စကားများရာက လူ ၃ ဦး ရောက်လာပြီး မိုးပေါ် သေနတ်နဲ့ ထောင်ဖောက်တာ ဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။

ရဲနဲ့ တပ်မတော်သား ပူးပေါင်း တပ်ဖွဲ့ဟာ ည ၈ နာရီမှာ 889 ဂိမ်းလောင်းကစားရုံကို ထပ်မံဝင်ရောက် ရှာဖွေရာမှာ အမျိုးသမီး ၄ ဦးကို ငါးဂိမ်းစက်၊ ခြောက်ကောင်ဂျင် အန်စာတုံး၊ ဖဲထုပ်၊ ငွေကျပ် ၁၄ သိန်းကျော်၊ လက်ကိုင်ဖုန်း ၄၇ လုံးတို့ကို သိမ်းဆည်းရမိပါတယ်။ ဂိမ်းဆိုင်ပိုင်ရှင် အားယုံနဲ့ အမျိုးသမီး ၄ ဦးကို မူဆယ်မြို့မ ရဲစခန်းက အမှုဖွင့် စစ်ဆေးနေပါတယ်။

?bph6