ခရီးသွားလုပ်ငန်းကဏ္ဍ နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒမှာ ထည့်သွင်းပေးဖို့ တိုက်တွန်း (ရုပ်/သံ)

0
275








>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ကဏ္ဍတွေကို နိုင်ငံတော်ရဲ့စီးပွားရေးမူဝါဒ မှာ ထည့်သွင်းပါဝင်စေချင်တယ် လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌကပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် မင်းပြည့်နိုင် က ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ကဏ္ဍတွေကို နိုင်ငံတော်ရဲ့စီးပွားရေးမူဝါဒတွေမှာ ထည့်သွင်းပါဝင်စေချင်တဲ့ အပြင် နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေဆောင်ရွက်ရမှာလည်း ခရီးသွား လုပ်ငန်းကဏ္ဍအရေးပါမှုကို ထည့်သွင်းစေချင်တယ်လို့ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌ က ပြောပါတယ်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ပြပွဲ အကြိုသတင်းစာရှင်းလင်းပွဲကို ဇွန် ၈ ရက်နေ့ က ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီပွဲမှာ အသင်း ဥက္ကဋ္ဌက ပြောဆိုလိုက်တာပါ ။

Song Bite ဦးသက်တိုးလွင် (ဥက္ကဌ) မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း

မြန်မာနိုင်ငံကိုလာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသွားတွေရဲ့အခြေအနေတွေအရ ပထမက ထိုင်း၊ ဒုတိယ တရုတ် နဲ့ တတိယ ဂျပန် စတဲ့နိုင်ငံတွေက အများဆုံးလာရောက်နေကြတာပါ ။ ၂၀၁၈ ခုနှစ်နှစ်စကနေ မတ်လအထိ့ ခရီးသွားဝင်ရောက်မှုစာရင်းတွေအရ ထိုင်း က ၈ သောင်းကျော် ၊ တရုတ်က ၆ သောင်းကျော် နဲ့ ဂျပန်က ၂ သောင်းကျော် အထိရှိနေပါတယ် ။

Song Bite ဦးနိုင်ဝင်း (ညွှန်ကြားရေးမှူး) ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာန

ခရီးသွားလုပ်ငန်းတွေ တိုးတိုက်လာစေဖို့အတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကွန်ဖရင့်ကို ဇွန်လ ၁၂ ရက်နေ့မှာ နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) မှာ ကျင်းပသွားဖို့ ရှိနေတာ ဖြစ်ပါတယ် ခင်ဗျာ ။

?bph6