သမိုင္းအရ ႏိုင္ငံေရးနဲ႔ ေက်ာင္းသားလူငယ္ ခြဲျခားမရဟုဆို (႐ုပ္/သံ)

0
297

သမိုင္းအရ ႏိုင္ငံေရးနဲ႔ ေက်ာင္းသားလူငယ္ေတြကို ခြဲျခားလို႔မရဘူးလို႔ တကၠသိုလ္ဆရာ၊ ဆရာမ အသင္းမ်ား ကိုယ္စားျပဳ ေကာ္မတီက ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေမာင္ထက္က ေပးပို႕ထားပါတယ္။

ေက်ာင္းသားေတြကို ႏိုင္ငံေရး ေဆြးေႏြးေဟာေျပာပြဲေတြလုပ္ရင္ ခြင့္ျပဳခ်က္ေတာင္းခံရမယ္လို႔ ထုတ္ျပန္ ေၾကျငာခဲ့တဲ့ ကိစၥနဲ႔ပက္သက္ျပီး ႏိုင္ငံေရးနဲ႔ ေက်ာင္းသား လူငယ္ေတြကို ခြဲျခားလို႔မရဘူးလို႔ တကၠသိုလ္ဆရာ၊ ဆရာမအသင္းမ်ား ကိုယ္စားျပဳေကာ္မတီက ေ၀ဖန္ေျပာၾကားလိုက္တာပါ။

ေမလ ၂၁ ရက္ေန႔က ပညာေရး၀န္ႀကီးဌာန ထုတ္ျပန္လိုက္တဲ့ ေၾကညာခ်က္အေပၚ အခုလို ေျပာၾကားခဲ့တာပါ။

Soundbites-ဦးလႈိင္တင့္ (ဦးေဆာင္ ေကာ္မတီ၀င္)
တကၠသိုလ္ဆရာ၊ ဆရာမအသင္းမ်ား ကိုယ္စားျပဳေကာ္မတီ

ဒါ့အျပင္ ပညာေရး ၀န္ၾကီးဌာန အေနနဲ႔ အဲ့ဒီလို ထုတ္ျပန္ခ်က္ေတြ ထုတ္ျပန္ခဲ့တာဟာ ဒီမိုကေရစီ အစိုးရအေပၚ သက္ေရာက္မႈေတြ ရွိေနျပီး အစိုးရရဲ့ ဂုဏ္သိကၡာကို က်ဆင္းေစတယ္လို႔လည္း ေျပာပါတယ္။

Soundbites-ဦးလႈိင္တင့္ (ဦးေဆာင္ ေကာ္မတီ၀င္)
တကၠသိုလ္ဆရာ၊ ဆရာမအသင္းမ်ား ကိုယ္စားျပဳေကာ္မတီ

ပညာေရး၀န္ၾကီးဌာနက ေက်ာင္းသားေတြကို ႏိုင္ငံေရးမလုပ္ရဆိုတဲ့ ထုတ္ျပန္ခ်က္ကို ပယ္ဖ်က္လိုက္ျပီ ျဖစ္ေပမယ့္ ႏိုင္ငံေရးေဆြးေႏြး ေဟာေျပာပြဲေတြ လုပ္ရင္ ခြင့္ျပဳခ်က္ေတာင္းရမယ္လို႔ လက္ရွိမွာ ကန္႔သတ္ထားတာျဖစ္ျပီး အရပ္ဖက္ အဖြဲ႔အစည္းေတြ၊ ေက်ာင္းသားသမဂၢေတြ ဆရာဆရာမမ်ား အသင္း အဖြဲ႕ေတြက ဒီကန္႔သတ္ထားမႈ အေပၚ ေ၀ဖန္မႈေတြရွိေနတာ ျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သမိုင်းအရ နိုင်ငံရေးနဲ့ ကျောင်းသားလူငယ်တွေကို ခွဲခြားလို့မရဘူးလို့ တက္ကသိုလ်ဆရာ၊ ဆရာမ အသင်းများ ကိုယ်စားပြု ကော်မတီက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မောင်ထက်က ပေးပို့ထားပါတယ်။

ကျောင်းသားတွေကို နိုင်ငံရေး ဆွေးနွေးဟောပြောပွဲတွေလုပ်ရင် ခွင့်ပြုချက်တောင်းခံရမယ်လို့ ထုတ်ပြန် ကြေငြာခဲ့တဲ့ ကိစ္စနဲ့ပက်သက်ပြီး နိုင်ငံရေးနဲ့ ကျောင်းသား လူငယ်တွေကို ခွဲခြားလို့မရဘူးလို့ တက္ကသိုလ်ဆရာ၊ ဆရာမအသင်းများ ကိုယ်စားပြုကော်မတီက ဝေဖန်ပြောကြားလိုက်တာပါ။

မေလ ၂၁ ရက်နေ့က ပညာရေးဝန်ကြီးဌာန ထုတ်ပြန်လိုက်တဲ့ ကြေညာချက်အပေါ် အခုလို ပြောကြားခဲ့တာပါ။

Soundbites-ဦးလှိုင်တင့် (ဦးဆောင် ကော်မတီဝင်)
တက္ကသိုလ်ဆရာ၊ ဆရာမအသင်းများ ကိုယ်စားပြုကော်မတီ

ဒါ့အပြင် ပညာရေး ဝန်ကြီးဌာန အနေနဲ့ အဲ့ဒီလို ထုတ်ပြန်ချက်တွေ ထုတ်ပြန်ခဲ့တာဟာ ဒီမိုကရေစီ အစိုးရအပေါ် သက်ရောက်မှုတွေ ရှိနေပြီး အစိုးရရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတယ်လို့လည်း ပြောပါတယ်။

Soundbites-ဦးလှိုင်တင့် (ဦးဆောင် ကော်မတီဝင်)
တက္ကသိုလ်ဆရာ၊ ဆရာမအသင်းများ ကိုယ်စားပြုကော်မတီ

ပညာရေးဝန်ကြီးဌာနက ကျောင်းသားတွေကို နိုင်ငံရေးမလုပ်ရဆိုတဲ့ ထုတ်ပြန်ချက်ကို ပယ်ဖျက်လိုက်ပြီ ဖြစ်ပေမယ့် နိုင်ငံရေးဆွေးနွေး ဟောပြောပွဲတွေ လုပ်ရင် ခွင့်ပြုချက်တောင်းရမယ်လို့ လက်ရှိမှာ ကန့်သတ်ထားတာဖြစ်ပြီး အရပ်ဖက် အဖွဲ့အစည်းတွေ၊ ကျောင်းသားသမဂ္ဂတွေ ဆရာဆရာမများ အသင်း အဖွဲ့တွေက ဒီကန့်သတ်ထားမှု အပေါ် ဝေဖန်မှုတွေရှိနေတာ ဖြစ်ပါတယ်ခင်ဗျာ။

?bph6