ေခတ္အဆက္ဆက္ အလုပ္သမားထုေတြ ဖိနွိပ္ခံေနရဆဲဟုဆို (႐ုပ္/သံ)

0
481

ေခတ္အဆက္ဆက္ အေျခခံအလုပ္သမားဖိႏွိပ္ခံရမႈေတြနဲ႔ အလုပ္သမားအခြင္႔အေရးဆံုးရႈံးေနမႈေတြဟာ လက္ရွိအစိုးရလက္ထက္ထိ ရွိေနဆဲျဖစ္ပါတယ္။ဒီသတင္းကိုေတာ႔ MCN သတင္းေထာက္ေအာင္သူကေပးပို႔ထားပါတယ္။

ျမန္မာႏိုင္ငံမွာ ေခတ္အဆက္ဆက္က အေျခခံအလုပ္သမားေတြဖိႏွိပ္ခံရမႈေတြနဲ႔ အလုပ္သမားအခြင္႔အေရးေတြ ဆံုးရႈံးေနမႈေတြဟာ လက္ရွိအစိုးရလက္ထက္အထိ ျဖစ္ေပၚေနတဲ႔အတြက္ အစိုးရအေနနဲ႔ လက္ရွိျဖစ္ေပၚေနတဲ႔ အလုပ္သမားသပိတ္ေတြနဲ႔ ဆႏၵျပေတာင္းဆိုမႈေတြကို ေျဖရွင္းေပးဖို႔လိုအပ္ေနတာပါ ။

ဇြန္လ (၆) ရက္ေန႔က ရန္ကုန္ၿမိဳ႕ စိတ္တိုင္းက် ခန္းမမွာ ၁၉၇၄၊ ၇၅၊ ၇၆ အလုပ္သမားအေရးအခင္းနဲ႔ေက်ာင္းသားလႈပ္ရွားမႈ ႏွစ္ပတ္လည္အထိမ္းအမွတ္အခမ္းအနားျပဴလုပ္ခဲ႔တာ ျဖစ္ျပီး အဲ႔ဒီပြဲမွာ အလုပ္သမားအေရး အစိုးရက ေျဖရွင္းေပးဖို႔ ဗမာႏိုင္ငံလံုးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႔ခ်ဳပ္က တိုက္တြန္းလိုက္ပါတယ္ ။

Soundbite – ကိုေက်ာ္မ်ိဳး(ဗဟိုစည္းရံုးေရးေကာ္မတီ၀င္)ဗမာႏိုင္ငံလံုးဆိုင္ရာအလုပ္သမားသမဂၢမ်ားအဖြဲ႔ခ်ဳပ္

ဒါအျပင္ လက္ရွိ ျပဌန္းထားတဲ႔ အလုပ္သမားဥပေဒေတြဟာ အားနည္းေနတဲ႔အတြက္ အလုပ္သမား အခြင္႔အေရးခ်ိဳးေဖာက္ခံရတာေတြကို မကာကြယ္နိုင္ဘဲ အလုပ္ရွင္ေတြဘက္ကို အခြင္႔အေရးပိုေပးထား သလိုျဖစ္ေနတာပါ ။

Soundbite – ကိုေက်ာ္မ်ိဳး(ဗဟိုစည္းရံုးေရးေကာ္မတီ၀င္)ဗမာႏိုင္ငံလံုးဆိုင္ရာအလုပ္သမားသမဂၢမ်ားအဖြဲ႔ခ်ဳပ္

လက္ရွိမွာ အေျခခံလုပ္ခလစာကို ၄၈၀၀ က်ပ္သတ္မွတ္ၿပီးတဲ႔ေနာက္ပိုင္း အလုပ္သမားအလုပ္ရွင္ဆိုင္ရာ ေနာက္ဆက္တြဲ ျပသနာေတြအေနနဲ႔ အလုပ္ရွင္ေတြဘက္က အလုပ္သမားေတြကို လူတစ္ေယာက္တေန႔လုပ္ႏိုင္တဲ႔ လုပ္အားထက္ပိုၿပီး လုပ္အားစံခ်ိန္တိုးေတာင္းဆို မႈေတြ ရွိေနျပီး အလုပ္သမားေတြ ရရွိရမယ္႔ ကၽြမ္းက်င္ေၾကးစတာေတြကို မေပးတဲ႔ အျခအေနေတြ ျဖစ္ေပၚေနပါတယ္ ခင္ဗ်ာ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ခေတ်အဆက်ဆက် အခြေခံအလုပ်သမားဖိနှိပ်ခံရမှုတွေနဲ့ အလုပ်သမားအခွင့်အရေးဆုံးရှုံးနေမှုတွေဟာ လက်ရှိအစိုးရလက်ထက်ထိ ရှိနေဆဲဖြစ်ပါတယ်။ဒီသတင်းကိုတော့ MCN သတင်းထောက်အောင်သူကပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက်က အခြေခံအလုပ်သမားတွေဖိနှိပ်ခံရမှုတွေနဲ့ အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးနေမှုတွေဟာ လက်ရှိအစိုးရလက်ထက်အထိ ဖြစ်ပေါ်နေတဲ့အတွက် အစိုးရအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အလုပ်သမားသပိတ်တွေနဲ့ ဆန္ဒပြတောင်းဆိုမှုတွေကို ဖြေရှင်းပေးဖို့လိုအပ်နေတာပါ ။

ဇွန်လ (၆) ရက်နေ့က ရန်ကုန်မြို့ စိတ်တိုင်းကျ ခန်းမမှာ ၁၉၇၄၊ ၇၅၊ ၇၆ အလုပ်သမားအရေးအခင်းနဲ့ကျောင်းသားလှုပ်ရှားမှု နှစ်ပတ်လည်အထိမ်းအမှတ်အခမ်းအနားပြူလုပ်ခဲ့တာ ဖြစ်ပြီး အဲ့ဒီပွဲမှာ အလုပ်သမားအရေး အစိုးရက ဖြေရှင်းပေးဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က တိုက်တွန်းလိုက်ပါတယ် ။

Soundbite – ကိုကျော်မျိုး(ဗဟိုစည်းရုံးရေးကော်မတီဝင်)ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်

ဒါအပြင် လက်ရှိ ပြဌန်းထားတဲ့ အလုပ်သမားဥပဒေတွေဟာ အားနည်းနေတဲ့အတွက် အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရတာတွေကို မကာကွယ်နိုင်ဘဲ အလုပ်ရှင်တွေဘက်ကို အခွင့်အရေးပိုပေးထား သလိုဖြစ်နေတာပါ ။

Soundbite – ကိုကျော်မျိုး(ဗဟိုစည်းရုံးရေးကော်မတီဝင်)ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်

လက်ရှိမှာ အခြေခံလုပ်ခလစာကို ၄၈၀ဝ ကျပ်သတ်မှတ်ပြီးတဲ့နောက်ပိုင်း အလုပ်သမားအလုပ်ရှင်ဆိုင်ရာ နောက်ဆက်တွဲ ပြသနာတွေအနေနဲ့ အလုပ်ရှင်တွေဘက်က အလုပ်သမားတွေကို လူတစ်ယောက်တနေ့လုပ်နိုင်တဲ့ လုပ်အားထက်ပိုပြီး လုပ်အားစံချိန်တိုးတောင်းဆို မှုတွေ ရှိနေပြီး အလုပ်သမားတွေ ရရှိရမယ့် ကျွမ်းကျင်ကြေးစတာတွေကို မပေးတဲ့ အခြအနေတွေ ဖြစ်ပေါ်နေပါတယ် ခင်ဗျာ ။