IOM က ဒုကၡသည္ ၄ သိန္းေက်ာ္ကို က်န္းမာေရး အႀကံေပးခဲ့၊ ရန္ပံုေငြ ခက္ခဲေန

0
427

ဘဂၤလားေဒ့ရွ္၊ ေကာက္ဘဇားရွိ ဒုကၡသည္စခန္းေတြမွာ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ ေနာက္ပိုင္း ကုလသမဂၢ ေရႊ႕ေျပာင္း ဝင္ေရာက္သူမ်ားဆိုင္ရာ ေအဂ်င္စီ (IOM) အေနနဲ႔ လူေပါင္း ၄ သိန္းေက်ာ္ကို က်န္းမာေရးဆိုင္ရာ အႀကံေပးေဆြးေႏြးမႈေတြ လုပ္ခဲ့ရၿပီး ရန္ပံုေငြ အခက္အခဲႀကံဳေနၿပီလို႔ IOM က သတင္း ထုတ္ျပန္ထားပါတယ္။

ဘဂၤလားေဒ့ရွ္ဘက္ ဝင္ေရာက္လာသူေတြ တျဖည္းျဖည္း မ်ားလာတာမွာ ၉ လ ၾကာၿပီးေနာက္ ဒုကၡသည္ ၁ သန္းနီးပါး ရွိေနၿပီး IOM ဟာ က်န္းမာေရး ေစာင့္ေရွာက္မႈ အမ်ားဆံုးေပးေနတဲ့ အဖြဲ႔ေတြထဲက တစ္ခုျဖစ္ပါတယ္။ ေဆးကုသမႈ လာေရာက္ခံယူသူေတြက ကိုယ္ဝန္ေဆာင္ေတြကေန လမ္းမွာ မေတာ္တဆမႈ ျဖစ္လို႔ ဒဏ္ရာရသူအထိ ပါဝင္တယ္လို႔ IOM ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

က်န္းမာေရး စစ္ေဆးေပးရမႈ ၁၀ ခုမွာ ၁ ခုဟာ ၅ ႏွစ္ေအာက္ ကေလးေတြ ျဖစ္ေၾကာင္း၊ ေမလ တစ္လအတြင္းမွာ IOM ရဲ႕ အေထာက္အပံ့နဲ႔ ေမြးဖြားတဲ့ကေလး ၁၀ ဦး ရွိေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

IOM က ဒုက္ခသည် ၄ သိန်းကျော်ကို ကျန်းမာရေး အကြံပေးခဲ့၊ ရန်ပုံငွေ ခက်ခဲနေ

ဘင်္ဂလားဒေ့ရှ်၊ ကောက်ဘဇားရှိ ဒုက္ခသည်စခန်းတွေမှာ ၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ပိုင်း ကုလသမဂ္ဂ ရွှေ့ပြောင်း ဝင်ရောက်သူများဆိုင်ရာ အေဂျင်စီ (IOM) အနေနဲ့ လူပေါင်း ၄ သိန်းကျော်ကို ကျန်းမာရေးဆိုင်ရာ အကြံပေးဆွေးနွေးမှုတွေ လုပ်ခဲ့ရပြီး ရန်ပုံငွေ အခက်အခဲကြုံနေပြီလို့ IOM က သတင်း ထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက် ဝင်ရောက်လာသူတွေ တဖြည်းဖြည်း များလာတာမှာ ၉ လ ကြာပြီးနောက် ဒုက္ခသည် ၁ သန်းနီးပါး ရှိနေပြီး IOM ဟာ ကျန်းမာရေး စောင့်ရှောက်မှု အများဆုံးပေးနေတဲ့ အဖွဲ့တွေထဲက တစ်ခုဖြစ်ပါတယ်။ ဆေးကုသမှု လာရောက်ခံယူသူတွေက ကိုယ်ဝန်ဆောင်တွေကနေ လမ်းမှာ မတော်တဆမှု ဖြစ်လို့ ဒဏ်ရာရသူအထိ ပါဝင်တယ်လို့ IOM ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျန်းမာရေး စစ်ဆေးပေးရမှု ၁၀ ခုမှာ ၁ ခုဟာ ၅ နှစ်အောက် ကလေးတွေ ဖြစ်ကြောင်း၊ မေလ တစ်လအတွင်းမှာ IOM ရဲ့ အထောက်အပံ့နဲ့ မွေးဖွားတဲ့ကလေး ၁၀ ဦး ရှိကြောင်းလည်း ဖော်ပြထားပါတယ်။

?bph6