လူငယ်နဲ့ မှုးယစ်ဆေးပြသနာဖြေရှင်းဖို့ နောက်ကွယ်ကကြိုးကိုင်သူတွေ နှိမ်နင်းဖို့လို (ရုပ်/သံ)

0
328

လူငယ်တွေရဲ့ အနာဂါတ်ကို ခြိမ်းခြောက်နေတဲ့ မူးယစ်ဆေးဝါး ပြသာနာကို ဖြေရှင်းဖို့ နောက်ကွယ်က ကြိုးကိုင်နေသူတွေကို ဖော်ထုတ်နှိမ်နှင်းဖို့ လိုအပ်နေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မောင်ထက်က ပေးပို့ထားပါတယ်။

မူးယစ်ဆေးဝါးပြသာနာဟာ တစ်နိုင်ငံလုံးကို ခြိမ်းခြောက်နေတာဖြစ်ပြီး မျိုးဆက်သစ် လူငယ်တွေအတွက် စိုးရိမ်ဖွယ်ကောင်းတဲ့ အခြေအနေတစ်ရပ် ကို ကြုံတွေ့နေရတာပါ။

ဒါကြောင့် လူငယ်ရေးရာ မူဝါဒထဲမှာ လူငယ်နဲ့ မူးယစ်ဆေးဝါးပြသာနာကို ကဏ္ဍာတစ်ခုအနေနဲ့ ထည့်သွင်းထားပြီး မူးယစ်သားကောင်ဖြစ်သွားသူတွေကို ဖမ်းဆီးထောင်ချနေတာထက် အဓိက ရောင်းဝယ်ဖောက်ကား နေသူတွေကို ဖော်ထုတ်အရေးယူဖို့ လိုအပ်နေတာလည်းဖြစ်ပါတယ်။

Soundbites – ကိုထက်ပိုင်စိုး (ပြည်ထောင်စုကိုယ်စားလှယ်)ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီ

ဒါ့အပြင် မူးယစ်ဆေးဝါးနဲ့ပက်သက်ပြီး အသိပညာပေးမှုတွေ၊ တရာဥပဒေစိုးမိုးရေးနဲ့ ပြန်လည်ထူထောင်ရေးတွေကိုလည်း လူငယ်မူဝါဒထဲမှာ ထည့်သွင်းထားပြီး ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ လိုအပ်နေတာပါ။

မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်ပြီးရင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု အများဆုံးဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကလည်း မူးယစ်ဆေးဝါး ပြသာနာကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ လူငယ်ရေးရာမူဝါဒ မိတ်ဆက်တဲ့ အခမ်းအနားမှာ ပြောကြားထားပါတယ်ခင်ဗျာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

?bph6