အျပည္ျပည္ဆိုင္ရာ အလုပ္သမားညီလာခံမွာ အလုပ္သမားထုအတြက္ အခ်က္ ၄ ခ်က္ေဆြးေႏြးမယ္(႐ုပ္/သံ)

0
634

အျပည္ျပည္ဆိုင္ရာ အလုပ္သမားေရးရာညီလာခံ မွာ ျမန္မာ့အလုပ္သမားေတြ အတြက္အခ်က္ ၄ ခ်က္ကိုတင္ျပ ေဆြးေႏြးသြားဖို႔ရွိေနပါတယ္။ ဒီသတင္းကိုMCN သတင္းေထာက္ ေမာင္ထက္ ကေပးပို႕ထားပါတယ္ ။

၁၀၇ ၾကိမ္ေျမာက္ အျပည္ျပည္ဆိုင္ရာအလုပ္သမား ေရးရာညီလာခံ အစည္းအေ၀းကို ဆြစ္ဇာလန္ ႏုိင္ငံ၊ ဂ်နီဗာျမိဳ႕မွာ ၂၀၁၈ ခုႏွစ္၊ ေမလ ၂၈ ရက္ေန႔ကေန ဇြန္လ ၈ ရက္ေန႔အထိ က်င္းပျပဳလုပ္သြားမွာ ျဖစ္ျပီး
ျမန္မာ အလုပ္သမား ကိုယ္စားလွယ္ေတြ တက္ေရာက္ ေဆြးေႏြးသြားမွာ ျဖစ္ပါတယ္ ။ အဲ႔ဒီေဆြးေႏြးပြဲမွာ ျမန္မာအလုပ္ သမားေတြအတြက္ အခ်က္ ၄ ခ်က္ကို ျမန္မာနိုင္ငံလံုးဆိုင္ရာ အလုပ္သမား သမဂၢမ်ားအဖြဲ႕ခ်ဳပ္က တင္ျပေဆြးေႏြးသြားဖို႔ ရွိေနတာပါ ။

Soundbites-ေဒၚျဖိဳးစႏၵာစိုး (လက္ေထာက္ အေထြေထြ အတြင္းေရးမွဴး)ျမန္မာႏိုင္ငံလံုးဆိုင္ရာ အလုပ္သမားသမဂၢမ်ား အဖြဲ႕ခ်ဳပ္(CTUM)

အဲ့ဒီ အစည္းအေ၀းမွာ အလုပ္သမားေတြအတြက္ လူမႈကာကြယ္ေစာင္႔ေရွာက္ေရး ၊ အေျခခံ အလုပ္သမားအခြင့္အေရး ၊ အလုပ္ရွင္ အလုပ္သမားအစိုးရ ေဆြးေႏြးမႈအားေကာင္းလာေရး ၊ အလုပ္အကိုင္ အာမခံခ်က္ ရရွိေရး စတဲ႔အခ်က္ေတြကို ေဆြးေႏြးသြားမွာ ျဖစ္ပါတယ္ ။ ဒါ့အျပင္ အလုပ္သမားေတြအတြက္ သင့္ေလ်ာ္ေကာင္းမြန္ေသာ အလုပ္အကိုင္ အစီအစဥ္ ၅ နွစ္စီမံကိန္းကို ေရးဆြဲထားတာကို ဂ်နီဗာျမိဳ႕မွာ နားလည္မႈစာခြ်န္လႊာေရး ထိုးဖို႔ရွိေနပါတယ္။

Soundbites-ေဒၚျဖိဳးစႏၵာစိုး (လက္ေထာက္ အေထြေထြ အတြင္းေရးမွဴး) ျမန္မာႏိုင္ငံလံုးဆိုင္ရာ အလုပ္သမားသမဂၢမ်ား အဖြဲ႕ခ်ဳပ္(CTUM)

အျပည္ျပည္ဆိုင္ရာ အလုပ္သမား ညီလာခံကို အုိင္အယ္လ္အို အဖြဲ႔၀င္ႏုိင္ငံေပါင္း ၁၈၇ ႏုိ္င္ငံက အလုပ္သမား၊ အလုပ္ရွင္နဲ႕ အစိုးရကုိယ္စားလွယ္ေပါင္း ၄၀၀၀ ေက်ာ္တက္ေရာက္မွာျဖစ္ျပီး အလုပ္သမားအေရးနဲ႔ ပါတ္သက္တဲ႔ စိန္ေခၚမႈအခက္အခဲေတြကို ေဆြးေႏြး အေျဖရွာသြားမွာ ျဖစ္ပါတယ္ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ မှာ မြန်မာ့အလုပ်သမားတွေ အတွက်အချက် ၄ ချက်ကိုတင်ပြ ဆွေးနွေးသွားဖို့ရှိနေပါတယ်။ ဒီသတင်းကိုMCN သတင်းထောက် မောင်ထက် ကပေးပို့ထားပါတယ် ။

၁၀၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမား ရေးရာညီလာခံ အစည်းအဝေးကို ဆွစ်ဇာလန် နိုင်ငံ၊ ဂျနီဗာမြို့မှာ ၂၀၁၈ ခုနှစ်၊ မေလ ၂၈ ရက်နေ့ကနေ ဇွန်လ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး
မြန်မာ အလုပ်သမား ကိုယ်စားလှယ်တွေ တက်ရောက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ် ။ အဲ့ဒီဆွေးနွေးပွဲမှာ မြန်မာအလုပ် သမားတွေအတွက် အချက် ၄ ချက်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်က တင်ပြဆွေးနွေးသွားဖို့ ရှိနေတာပါ ။

Soundbites-ဒေါ်ဖြိုးစန္ဒာစိုး (လက်ထောက် အထွေထွေ အတွင်းရေးမှူး)မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(CTUM)

အဲ့ဒီ အစည်းအဝေးမှာ အလုပ်သမားတွေအတွက် လူမှုကာကွယ်စောင့်ရှောက်ရေး ၊ အခြေခံ အလုပ်သမားအခွင့်အရေး ၊ အလုပ်ရှင် အလုပ်သမားအစိုးရ ဆွေးနွေးမှုအားကောင်းလာရေး ၊ အလုပ်အကိုင် အာမခံချက် ရရှိရေး စတဲ့အချက်တွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ် ။ ဒါ့အပြင် အလုပ်သမားတွေအတွက် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင် အစီအစဉ် ၅ နှစ်စီမံကိန်းကို ရေးဆွဲထားတာကို ဂျနီဗာမြို့မှာ နားလည်မှုစာချွန်လွှာရေး ထိုးဖို့ရှိနေပါတယ်။

Soundbites-ဒေါ်ဖြိုးစန္ဒာစိုး (လက်ထောက် အထွေထွေ အတွင်းရေးမှူး) မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(CTUM)

အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံကို အိုင်အယ်လ်အို အဖွဲ့ဝင်နိုင်ငံပေါင်း ၁၈၇ နိ်ုင်ငံက အလုပ်သမား၊ အလုပ်ရှင်နဲ့ အစိုးရကိုယ်စားလှယ်ပေါင်း ၄၀ဝ၀ ကျော်တက်ရောက်မှာဖြစ်ပြီး အလုပ်သမားအရေးနဲ့ ပါတ်သက်တဲ့ စိန်ခေါ်မှုအခက်အခဲတွေကို ဆွေးနွေး အဖြေရှာသွားမှာ ဖြစ်ပါတယ်ခင်ဗျား။