အလုပ္သမားေတြ ဆက္တိုက္ဆႏၵ ျပေနမယ္ဆိုရင္ လုပ္ငန္းေတြ ပိတ္သိမ္းမယ္ (႐ုပ္/သံ)

0
588

အလုပ္သမားဆႏၵျပမႈေတြ ဆက္တုိက္ျဖစ္ပြားေနပါက လုပ္ငန္းပိတ္သိမ္းသြားမယ္လို႔ နုိင္ငံျခားသားလုပ္ငန္းရွင္ေတြက ေျပာဆုိလုိက္ပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ ေကသြယ္ကေပးပုိ႔ ထားပါတယ္။

အနည္းဆုံးအခေၾကးေငြနႈန္းထားသစ္ သတ္မွတ္မျပဌာန္းမီကာလအခ်ိန္ကတည္းက အလုပ္သမားေတြရဲ႕ ရပုိင္ခြင့္ ဆုံးရႈံးေနတဲ့အေပၚ ဆက္တုိက္ဆုိသလုိ စက္ရုံေရွ႕ဂိတ္ေပါက္၀ပိတ္ၿပီး ဆႏၵျပေတာင္းဆုိမႈေတြ ျဖစ္ပြားေနတာပါ။

ဒီလုိအေျခအေနေတြ ဆက္တုိက္ျဖစ္ေပၚေနတာေၾကာင့္ နုိင္ငံျခားသားလုပ္ငန္းရွင္ေတြအေနနဲ႔ လုပ္ငန္းေတြ လုပ္ကုိင္ရာမွာ အခက္အခဲေတြျဖစ္ေပၚေနတယ္လို႔ ေျပာပါတယ္။

အဲဒီလို အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ ရင္းႏွီးျမဳပ္ႏွံမႈေတြကုိ လာမယ့္ ၂၀၂၀ ေရြးေကာက္ပြဲအခ်ိန္ထိ ေစာင့္ၾကည့္သြားမွာျဖစ္သလို ဆႏၵျပမႈေတြ ဆက္လက္ျဖစ္ေပၚေနပါက ရင္းႏွီးျမဳပ္ႏွံမႈေတြကုိ ရပ္ဆုိင္းၿပီး စက္ရုံအလုပ္ရုံေတြကုိ ပိတ္သိမ္းသြားမယ္လုိ႔ နုိင္ငံျခားသားလုပ္ငန္းရွင္ေတြက ေျပာပါတယ္ ။

ေမလ ၁၉ ရက္ေန႔ကရန္ကုန္ၿမိဳ႕ Jasmine Place ဟုိတယ္မွာ အေမရိကန္၊ ထုိင္၀မ္၊ ေဟာင္ေကာင္နဲ႔ တရုတ္လုပ္ငန္းရွင္ ၃၀ေက်ာ္က လက္ရွိလုပ္သားဆႏၵျပမႈေတြေၾကာင့္ ထိခုိက္နစ္နာမႈေတြရွိေနတဲ့အေပၚ သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့တာပါ။

Sound Bite – Mr.KH Yeung ( Factory Manager ) Wise Pearl Myanmar Ldt

ဒီလုိဆႏၵျပေတာင္းဆုိမႈေတြဟာ လႈိင္သာယာၿမိဳ႕နယ္အတြင္းမွာပဲ စက္ရုံ ငါးရုံးထက္မနည္းရွိေနတာျဖစ္ၿပီး အလုပ္သမားသမဂၢေတြရဲ႕ ေသြးထုိးလႈံ႔ေဆာ္မႈေတြေၾကာင့္ ညိွႏႈိင္းျဖန္ေျဖရွင္းလုပ္ငန္းေတြမွာ အခက္အခဲေတြရွိ ေနတယ္လို႔ လုပ္ငန္းရွင္ေတြကေျပာပါတယ္ ။
အလုပ္သမားေတြအေနနဲ႔ကေတာ႔ အခုလိုဆႏၵျပရတာေတြက လုပ္ခလစာေပၚ ျဖတေ္တာက္တာေတြနဲ႔ အလုပ္သမား အခြင့္အေရးေတြခ်ိဳးေဖာက္ခံေနရတာေၾကာင့္ ျဖစ္တယ္လို႔ အလုပ္သမားေတြကေျပာပါတယ္ ။

Sound Bite – ကုိအာကာဟိန္းမင္း (အလုပ္သမားအေျခခံအဖြဲ႕အစည္း)

လက္ရွိ အနည္းဆုံးအခေၾကးေငြႏႈန္းထားသစ္ ၄၈၀၀ က်ပ္ သတ္မွတ္ျပဌာန္းခဲ့ၿပီးေနာက္ စက္ရုံ ေတြမွာ အလုပ္သမားေတြကုိ ႀကိဳတင္အေၾကာင္းၾကားျခင္းမရွိဘဲ လုပ္ငန္းခြင္ကေန ရပ္ဆုိင္းခံရတာေတြ၊ လုပ္ သက္ေၾကးနဲ႔ ကြ်မ္းက်င္ေၾကးနည္းပါးေနတာေတြကုိ တုိးျမွင့္သတ္မွတ္ေပးဖုိ႔ေတာင္းဆိုတာေတြ ရွိေနပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အလုပ်သမားဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ပွားနေပါက လုပ်ငန်းပိတ်သိမ်းသွားမယ်လို့ နိုင်ငံခြားသားလုပ်ငန်းရှင်တွေက ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ကေသွယ်ကပေးပို့ ထားပါတယ်။

အနည်းဆုံးအခကြေးငွေနှုန်းထားသစ် သတ်မှတ်မပြဌာန်းမီကာလအချိန်ကတည်းက အလုပ်သမားတွေရဲ့ ရပိုင်ခွင့် ဆုံးရှုံးနေတဲ့အပေါ် ဆက်တိုက်ဆိုသလို စက်ရုံရှေ့ဂိတ်ပေါက်ဝပိတ်ပြီး ဆန္ဒပြတောင်းဆိုမှုတွေ ဖြစ်ပွားနေတာပါ။

ဒီလိုအခြေအနေတွေ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် နိုင်ငံခြားသားလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတွေ လုပ်ကိုင်ရာမှာ အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ ပြောပါတယ်။

အဲဒီလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ရင်းနှီးမြုပ်နှံမှုတွေကို လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအချိန်ထိ စောင့်ကြည့်သွားမှာဖြစ်သလို ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပေါ်နေပါက ရင်းနှီးမြုပ်နှံမှုတွေကို ရပ်ဆိုင်းပြီး စက်ရုံအလုပ်ရုံတွေကို ပိတ်သိမ်းသွားမယ်လို့ နိုင်ငံခြားသားလုပ်ငန်းရှင်တွေက ပြောပါတယ် ။

မေလ ၁၉ ရက်နေ့ကရန်ကုန်မြို့ Jasmine Place ဟိုတယ်မှာ အမေရိကန်၊ ထိုင်ဝမ်၊ ဟောင်ကောင်နဲ့ တရုတ်လုပ်ငန်းရှင် ၃၀ကျော်က လက်ရှိလုပ်သားဆန္ဒပြမှုတွေကြောင့် ထိခိုက်နစ်နာမှုတွေရှိနေတဲ့အပေါ် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။

Sound Bite – Mr.KH Yeung ( Factory Manager ) Wise Pearl Myanmar Ldt

ဒီလိုဆန္ဒပြတောင်းဆိုမှုတွေဟာ လှိုင်သာယာမြို့နယ်အတွင်းမှာပဲ စက်ရုံ ငါးရုံးထက်မနည်းရှိနေတာဖြစ်ပြီး အလုပ်သမားသမဂ္ဂတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ညှိနှိုင်းဖြန်ဖြေရှင်းလုပ်ငန်းတွေမှာ အခက်အခဲတွေရှိ နေတယ်လို့ လုပ်ငန်းရှင်တွေကပြောပါတယ် ။
အလုပ်သမားတွေအနေနဲ့ကတော့ အခုလိုဆန္ဒပြရတာတွေက လုပ်ခလစာပေါ် ဖြတေ်တာက်တာတွေနဲ့ အလုပ်သမား အခွင့်အရေးတွေချိုးဖောက်ခံနေရတာကြောင့် ဖြစ်တယ်လို့ အလုပ်သမားတွေကပြောပါတယ် ။

Sound Bite – ကိုအာကာဟိန်းမင်း (အလုပ်သမားအခြေခံအဖွဲ့အစည်း)

လက်ရှိ အနည်းဆုံးအခကြေးငွေနှုန်းထားသစ် ၄၈၀ဝ ကျပ် သတ်မှတ်ပြဌာန်းခဲ့ပြီးနောက် စက်ရုံ တွေမှာ အလုပ်သမားတွေကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ လုပ်ငန်းခွင်ကနေ ရပ်ဆိုင်းခံရတာတွေ၊ လုပ် သက်ကြေးနဲ့ ကျွမ်းကျင်ကြေးနည်းပါးနေတာတွေကို တိုးမြှင့်သတ်မှတ်ပေးဖို့တောင်းဆိုတာတွေ ရှိနေပါတယ်ရှင်။

?bph6