အလုပ္သမားေတြ ဆႏၵဆက္တိုက္ ျပပါက လုပ္ငန္းေတြပိတ္သိမ္းမယ္ (႐ုပ္/သံ)

0
366

ဂ်ပန္နုိင္ငံက သက္ႀကီးရြယ္အုိေစာင့္ေရွာက္ေရး လုပ္ငန္းေတြမွာ ျမန္မာလုပ္သားေတြကုိ တရား၀င္ေစလႊတ္ခြင့္မျပဳေသးဘူးလုိ႔ အလုပ္သမားညႊန္ၾကားေရးဦးစီးဌာနက ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေကသြယ္ ကေပးပို႔ထားပါတယ္ ။

ဂ်ပန္နုိင္ငံရွိ သက္ႀကီးရြယ္အုိေစာင့္ေရွာက္ေရးလုပ္ငန္းေတြမွာ ျမန္မာအလုပ္သမားေတြကို ေစလႊတ္နုိင္ဖုိ႔ က်န္းမာေရး၀န္ႀကီးဌာနနဲ႔ အလုပ္သမား၀န္ႀကီးဌာနတုိ႔ပူးေပါင္းၿပီး မူ၀ါဒေရးဆြဲေဆာင္ရြက္ေနတာေၾကာင့္ လက္ရွိအခ်ိန္မွာ ဂ်ပန္ကုိလုပ္သားေစလႊတ္နုိင္ဖို႔ မျဖစ္နုိင္ေသးဘူးလုိ႔ အလုပ္သမားညႊန္ၾကားေရးဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦး၀င္းရွိန္ကေျပာပါတယ္ ။

ေမလ ၁၈ရက္ေန႔က ရန္ကုန္ၿမိဳ႕အလုပ္သမားကြ်မ္းက်င္မႈ သင္တန္းေက်ာင္းမွာျပဳလုပ္တဲ့ နည္းပညာအလုပ္သင္ သင္တန္းသားေလ့က်င့္ေရးအစီအစဥ္ဆုိင္ရာ ပူးေပါင္းေဆာင္ရြက္ေရး စာခြ်န္လႊာ ( MOC) နဲ႔ပက္သက္ၿပီး ေအဂ်င္စီေတြနဲ႔ေတြ႔ဆုံခဲ့တာပါ။

Sound Bite – ဦး၀င္းရွိန္ ( ညႊန္ၾကားေရးမွဴးခ်ဳပ္) အလုပ္သမားညႊန္ၾကားေရးဦးစီးဌာန

ဂ်ပန္နိုင္ငံဟာ နည္းပညာအလုပ္သင္သင္တန္းသားစီမံခ်က္ဆုိင္ရာ ပူးေပါင္းေဆာင္ရြက္ေရး စာခ်ြန္လႊာကို ဗီယမ္နမ္၊ အိႏိၵယ၊ ဖိလစ္ပိုင္၊ လာအုိ၊ ဘဂၤလားေဒ့ရွ္ စတဲ့ ႏိုင္ငံေတြနဲ႔ လက္မွတ္ေရးထုိးထားခဲ့ၿပီး အခု ၉ အႀကိမ္ေျမာက္အျဖစ္ ျမန္မာနိုင္ငံနဲ႔ လက္မွတ္ေရးထိုးခဲ့တာပါ။

ဂ်ပန္ႏိုင္ငံကုိ သြားေရာက္လုပ္ကိုင္မယ့္ အလုပ္သမားတစ္ဦးကုိ ဝန္ေဆာင္ခ အေမရိကန္ေဒၚလာ ၂၈၀ဝ ေပးေဆာင္ဖုိ႔ (ကုန္က်စရိတ္ အၿပီးအစီး)အစိုးရသတ္မွတ္ထားၿပီး လုပ္ခလစာ ျမန္မာက်ပ္ေငြ ၁၂ သိန္းနဲ႔ အထက္ရရွိတဲ့ အလုပ္ကိုသာ ေစလႊတ္ခြင့္ျပဳထားတာျဖစ္ပါတယ္ ။

Sound Bite – ဦး၀င္းရွိန္ ( ညႊန္ၾကားေရးမွဴးခ်ဳပ္) အလုပ္သမားညႊန္ၾကားေရးဦးစီးဌာန
ဂ်ပန္-ျမန္မာႏွစ္ႏိုင္ငံ လုပ္သားေစလႊတ္မႈ MoC ေရး ထိုးၿပီးျဖစ္တဲ့အတြက္ ေနာက္ပိုင္းမွာ လုပ္သားေစ လႊတ္မႈေတြကိုလည္း လက္ရွိေစလႊတ္ေနတဲ့ စုိက္ပ်ိဳးေရး၊ ကုန္ထုတ္လုပ္ငန္း၊စက္ရံုလုပ္ငန္း စတဲ့ လုပ္ငန္းေတြကိုသာ ဆက္လက္ေစလႊတ္ခြင့္ျပဳသြားမွာလည္းျဖစ္ပါတယ္ ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျပန်နိုင်ငံက သက်ကြီးရွယ်အိုစောင့်ရှောက်ရေး လုပ်ငန်းတွေမှာ မြန်မာလုပ်သားတွေကို တရားဝင်စေလွှတ်ခွင့်မပြုသေးဘူးလို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ကေသွယ် ကပေးပို့ထားပါတယ် ။

ဂျပန်နိုင်ငံရှိ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းတွေမှာ မြန်မာအလုပ်သမားတွေကို စေလွှတ်နိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ အလုပ်သမားဝန်ကြီးဌာနတို့ပူးပေါင်းပြီး မူဝါဒရေးဆွဲဆောင်ရွက်နေတာကြောင့် လက်ရှိအချိန်မှာ ဂျပန်ကိုလုပ်သားစေလွှတ်နိုင်ဖို့ မဖြစ်နိုင်သေးဘူးလို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ကပြောပါတယ် ။

မေလ ၁၈ရက်နေ့က ရန်ကုန်မြို့အလုပ်သမားကျွမ်းကျင်မှု သင်တန်းကျောင်းမှာပြုလုပ်တဲ့ နည်းပညာအလုပ်သင် သင်တန်းသားလေ့ကျင့်ရေးအစီအစဉ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာ ( MOC) နဲ့ပက်သက်ပြီး အေဂျင်စီတွေနဲ့တွေ့ဆုံခဲ့တာပါ။

Sound Bite – ဦးဝင်းရှိန် ( ညွှန်ကြားရေးမှူးချုပ်) အလုပ်သမားညွှန်ကြားရေးဦးစီးဌာန

ဂျပန်နိုင်ငံဟာ နည်းပညာအလုပ်သင်သင်တန်းသားစီမံချက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာကို ဗီယမ်နမ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ လာအို၊ ဘင်္ဂလားဒေ့ရှ် စတဲ့ နိုင်ငံတွေနဲ့ လက်မှတ်ရေးထိုးထားခဲ့ပြီး အခု ၉ အကြိမ်မြောက်အဖြစ် မြန်မာနိုင်ငံနဲ့ လက်မှတ်ရေးထိုးခဲ့တာပါ။

ဂျပန်နိုင်ငံကို သွားရောက်လုပ်ကိုင်မယ့် အလုပ်သမားတစ်ဦးကို ဝန်ဆောင်ခ အမေရိကန်ဒေါ်လာ ၂၈၀ဝ ပေးဆောင်ဖို့ (ကုန်ကျစရိတ် အပြီးအစီး)အစိုးရသတ်မှတ်ထားပြီး လုပ်ခလစာ မြန်မာကျပ်ငွေ ၁၂ သိန်းနဲ့ အထက်ရရှိတဲ့ အလုပ်ကိုသာ စေလွှတ်ခွင့်ပြုထားတာဖြစ်ပါတယ် ။

Sound Bite – ဦးဝင်းရှိန် ( ညွှန်ကြားရေးမှူးချုပ်) အလုပ်သမားညွှန်ကြားရေးဦးစီးဌာန
ဂျပန်-မြန်မာနှစ်နိုင်ငံ လုပ်သားစေလွှတ်မှု MoC ရေး ထိုးပြီးဖြစ်တဲ့အတွက် နောက်ပိုင်းမှာ လုပ်သားစေ လွှတ်မှုတွေကိုလည်း လက်ရှိစေလွှတ်နေတဲ့ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ငန်း၊စက်ရုံလုပ်ငန်း စတဲ့ လုပ်ငန်းတွေကိုသာ ဆက်လက်စေလွှတ်ခွင့်ပြုသွားမှာလည်းဖြစ်ပါတယ် ရှင်။

?bph6