
0
111




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေအတွက် ကလေးတွေ ခိုးယူမှုရှိ

ဘင်္ဂလားဒေ့ရှ်၊ ကောက်ဘဇားရှိ ကူတူပါလောင် ဒုက္ခသည်စခန်းမှာ အသက် ၅ နှစ်၊ ၆ နှစ်အရွယ် ကလေးတွေကို ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ရောင်းချဖို့အတွက် ခိုးယူမှုတွေ ရှိနေပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်မျဉ်းက မြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်ခြံစည်းရိုး အကြား (နယ်စပ်မှတ်တိုင် – ၃၄ အနီး) မှာ နေထိုင်ခဲ့တဲ့ မောင်တောမြို့နယ်၊ တောင်ပြိုလက်ယာ ကျေးရွာနေ အဲဖ်တာအာလွမ် အပါအဝင် မိသားစုဝင် ၅ ဦးကို မောင်တော ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေက မေးမြန်းစဉ် သူတို့က ကလေးခိုးယူမှုတွေရှိကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီးတွေကို ပွဲစားတွေက စည်းရုံးခေါ်ဆောင်ပြီး တည်းခိုမှာ ရောင်စားတာ၊ အမျိုးသမီးတွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေက လက်ထပ် ခေါ်ဆောင်သွားတာတွေ ရှိတယ်လို့လည်း အဲဖ်တာအာလွမ်က ပြောပါတယ်။

?bph6