
0
166




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန်မှာ ဆမ်ဆောင်း လျှပ်စစ်ပစ္စည်းဆိုင် မီးလောင်

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗန္ဓုလပန်းခြံလမ်း (အလယ်ဘလောက်) ရှိ ဆမ်ဆောင်းလျှပ်စစ် ပစ္စည်းဆိုင် အတွင်းရှိ စတိုနဲ့ အိမ်သာခန်းအပေါ်မှာ မနေ့က မေလ ၁၆ ရက် မွန်းလွဲက မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

အဲကွန်းနဲ့ လျှပ်စစ်မီး သွယ်တန်းထားတဲ့ ဝါယာကြိုးတွေပေါ်မှာ TV ပစ္စည်းဟောင်းတွေ ပုံထားရာက လျှပ်စစ်ကြိုးမှာ ဒဏ်ဖြစ်ပြီး အပူလွန်ကဲတာ ဖြစ်တယ်လို့ မီသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ မီးလောင်မှုကြောင့် အဲကွန်းတစ်လုံး၊ TV ပစ္စည်းဟောင်းတွေနဲ့ စက္ကူကတ်ထူပုံးတွေ မီးလောင်သွားပါတယ်။

မီးလောင်မှုနဲ့ ပတ်သက်ပြီး ဆိုင်မန်နေဂျာ သီဟအောင်ကို အရေးယူထားပါတယ်။

?bph6