ရထားလမ္း မိုင္းေထာင္ဖ်က္ဆီးတာ KIA လက္ခ်က္လို႔ တပ္မေတာ္ ထုတ္ျပန္

0
394

ကခ်င္ KIA လက္နက္ကိုင္ အဖြဲ႔ဟာ ေမလ ၁၅ ရက္ေန႔က ျမစ္ႀကီးနား-မႏၱေလး မီးရထားလမ္းေပၚရွိ မိုးေကာင္းဘူတာနဲ႔ ထိုပူးဘူတာၾကား မီးရထားသံလမ္းတံတား အမွတ္ ၆၆၂ ကို မိုးေထာင္ေဖာက္ခြဲခဲ့တယ္လို႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးက သတင္းထုတ္ျပန္ပါတယ္။

မိုင္းေထာင္ေဖာက္ခြဲမႈေၾကာင့္ သံလမ္းတံတားရွိ အုတ္ခံု ၄ ေပေလာက္ ပြင့္ထြက္ၿပီး တံတားသံေဘာင္ က်ိဳးထြက္ကာ သံေဘာင္ ၄ ေပခန္႔ ေကြးသြားခဲ့ပါတယ္။ လံုၿခံဳေရးတပ္ဖြဲ႔ေတြက ဆက္လက္ ရွင္းလင္းရာမွာ မိုင္တိုင္ ၆၈၄/၁၈ နဲ႔ မိုင္တိုင္အမွတ္ ၆၈၄/၁၉ ၾကားရွိ မီးရထားသံလမ္း တံတားအမွတ္ ၆၆၅ မွာလည္း မိုင္းေထာင္ ဖ်က္ဆီးခဲ့တာ ေတြ႔ရွိရပါတယ္။

အဲဒီေနရာမွာ မုိင္းေထာင္ရာမွာ အသံုးျပဳတဲ့ ရီမုဆားကစ္အိမ္ ၂ ခုနဲ႔ ယမ္းထုတ္ ၁ ထုတ္တို႔ကုိ ရွာေဖြေတ႔ြရွိခဲ့ပါတယ္။ ကားလမ္း၊ ရထားလမ္းအနီးမွာ ေနထိုင္ၾကသူေတြအေနနဲ႔ မသကၤာဖြယ္ရာ လႈပ္ရွားမႈ၊ ေဖာက္ခြဲေရးပစၥည္းလို႔ သံသယရွိတဲ့ အရာေတြေတြ႔ရင္ သက္ဆိုင္ရာကို အေၾကာင္းၾကားဖို႔ ႏိႈးေဆာ္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရထားလမ်း မိုင်းထောင်ဖျက်ဆီးတာ KIA လက်ချက်လို့ တပ်မတော် ထုတ်ပြန်
ကချင် KIA လက်နက်ကိုင် အဖွဲ့ဟာ မေလ ၁၅ ရက်နေ့က မြစ်ကြီးနား-မန္တလေး မီးရထားလမ်းပေါ်ရှိ မိုးကောင်းဘူတာနဲ့ ထိုပူးဘူတာကြား မီးရထားသံလမ်းတံတား အမှတ် ၆၆၂ ကို မိုးထောင်ဖောက်ခွဲခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

မိုင်းထောင်ဖောက်ခွဲမှုကြောင့် သံလမ်းတံတားရှိ အုတ်ခုံ ၄ ပေလောက် ပွင့်ထွက်ပြီး တံတားသံဘောင် ကျိုးထွက်ကာ သံဘောင် ၄ ပေခန့် ကွေးသွားခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက ဆက်လက် ရှင်းလင်းရာမှာ မိုင်တိုင် ၆၈၄/၁၈ နဲ့ မိုင်တိုင်အမှတ် ၆၈၄/၁၉ ကြားရှိ မီးရထားသံလမ်း တံတားအမှတ် ၆၆၅ မှာလည်း မိုင်းထောင် ဖျက်ဆီးခဲ့တာ တွေ့ရှိရပါတယ်။

အဲဒီနေရာမှာ မိုင်းထောင်ရာမှာ အသုံးပြုတဲ့ ရီမုဆားကစ်အိမ် ၂ ခုနဲ့ ယမ်းထုတ် ၁ ထုတ်တို့ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကားလမ်း၊ ရထားလမ်းအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မသင်္ကာဖွယ်ရာ လှုပ်ရှားမှု၊ ဖောက်ခွဲရေးပစ္စည်းလို့ သံသယရှိတဲ့ အရာတွေတွေ့ရင် သက်ဆိုင်ရာကို အကြောင်းကြားဖို့ နှိုးဆော်ထားပါတယ်။

?bph6