ကြ်န္းစုၿမိဳ႕နယ္မွာ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ ထားရွိ

0
486

တနသၤာရီတိုင္း၊ ၿမိတ္ၿမိဳ႕၊ ကြ်န္းစုၿမိဳ႕နယ္ ခန္းမေရွ႕မွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေၾကး႐ုပ္တုကို စတင္ထားရွိမွာ ျဖစ္ပါတယ္။

မေန႔က ေမလ ၁၅ ရက္ေန႔ ၿမိတ္ၿမိဳ႕ကတဆင့္ ေရယာဥ္နဲ႔ ကြ်န္းစုၿမိဳ႕ကို သယ္ယူလာတာ ျဖစ္ပါတယ္။ ေၾကး႐ုပ္ကို လႉဒါန္းသူက အျပည္ျပည္ဆိုင္ရာ ၿမိတ္ငါးေလးလံေစ်း မန္ေနးဂ်င္း ဒါ႐ိုက္တာ ေဒၚေဌးေဌးဝင္းက ေဒသခံေတြက အကူအညီေတာင္းတဲ့အတြက္ လႉဒါန္းတာ ျဖစ္ၿပီး ဗိုလ္ခ်ဳပ္ ေအာင္ဆန္းေၾကး႐ုပ္ထားဖို႔ ေနရာအဆင္သင့္ မရွိေသးလို႔ မပို႔ျဖစ္ခဲ့တာလို႔ ေျပာပါတယ္။

 

ဗိုလ္ခ်ဳပ္ ေအာင္ဆန္း ေၾကး႐ုပ္တုဟာ ေၾကးပိႆာခ်ိန္ ၃၅၀၊ အျမင့္ေပ ၉ ေပ၊ ကြန္ကရစ္နဲ႔ ျပဳလုပ္ထားတဲ့ ေအာက္ခံခုံ အျမင့္ ၆ ေပရွိၿပီး တန္ဖိုးေငြ က်ပ္သိန္း ၁၅၀ ခန္႔ ရွိတယ္လို႔ ကြ်န္းစုၿမိဳ႕နယ္ အမ်ဳိးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ ဥကၠ႒ ဦးေအာင္ျမတ္ထြန္းဦးက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>

ကျွန်းစုမြို့နယ်မှာ ဗိုလ်ချုပ်ကြေးရုပ် ထားရှိ

တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ကျွန်းစုမြို့နယ် ခန်းမရှေ့မှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို စတင်ထားရှိမှာ ဖြစ်ပါတယ်။

မနေ့က မေလ ၁၅ ရက်နေ့ မြိတ်မြို့ကတဆင့် ရေယာဉ်နဲ့ ကျွန်းစုမြို့ကို သယ်ယူလာတာ ဖြစ်ပါတယ်။ ကြေးရုပ်ကို လှူဒါန်းသူက အပြည်ပြည်ဆိုင်ရာ မြိတ်ငါးလေးလံဈေး မန်နေးဂျင်း ဒါရိုက်တာ ဒေါ်ဌေးဌေးဝင်းက ဒေသခံတွေက အကူအညီတောင်းတဲ့အတွက် လှူဒါန်းတာ ဖြစ်ပြီး ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ်ထားဖို့ နေရာအဆင်သင့် မရှိသေးလို့ မပို့ဖြစ်ခဲ့တာလို့ ပြောပါတယ်။

ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ်တုဟာ ကြေးပိဿာချိန် ၃၅၀၊ အမြင့်ပေ ၉ ပေ၊ ကွန်ကရစ်နဲ့ ပြုလုပ်ထားတဲ့ အောက်ခံခုံ အမြင့် ၆ ပေရှိပြီး တန်ဖိုးငွေ ကျပ်သိန်း ၁၅၀ ခန့် ရှိတယ်လို့ ကျွန်းစုမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်မြတ်ထွန်းဦးက ပြောပါတယ်။

?bph6