ဒုကၡသည္စခန္းေတြဟာ အၾကမ္းဖက္မႈနဲ႔ အစြန္းေရာက္မႈ အမာခံနယ္ေျမ ျဖစ္လာႏိုင္

0
119

ARSA အၾကမ္းဖက္ အဖြဲ႔အေနနဲ႔ ဒုကၡသည္စခန္းေတြမွာ ေျခကုပ္ယူေနၿပီး အၾကမ္းဖက္မႈနဲ႔ အစြန္းေရာက္မႈတို႔ အမာခံနယ္ေျမတစ္ခု မၾကာမီ ျဖစ္လာလိမ့္မယ္လို႔ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းက ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ဘက္က ေဒသတြင္း အစြန္းေရာက္ေတြ ေပၚေပါက္လာေစေရး အမွတ္တမဲ့ ခြင့္ျပဳေနျခင္းအေပၚ အလြန္စိုးရိမ္ေၾကာင္းနဲ႔ အၾကမ္းဖက္မႈကို စံုစမ္းစစ္ေဆးရာမွာ ARSA အၾကမ္းဖက္သမားေတြရဲ႕ ရက္စက္မႈေတြလည္း ပါဝင္ရမယ္လို႔ ေမလ ၁၄ ရက္ေန႔က လုံၿခံဳေရးေကာင္စီမွာ သံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းက ေျပာပါတယ္။

ရခိုင္ျပည္နယ္ကို ေနရပ္ျပန္ဖို႔ စည္း႐ံုးသူ မိုဟာမက္ ဖိုင္ဆယ္ အူဟက္ (၄၆ ႏွစ္) ကို ေမလ ၉ ရက္ေန႔က အၾကမ္းဖက္သမား အုပ္စုက ဘူလူကာလီ ဒုကၡသည္စခန္းက ေခၚထုတ္ၿပီး ဓားနဲ႔ ထိုးသတ္မႈ ျဖစ္ခဲ့တယ္လို႔လည္း သူက ထည့္ေျပာသြားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒုက္ခသည်စခန်းတွေဟာ အကြမ်းဖက်မှုနဲ့ အစွန်းရောက်မှု အမာခံနယ်မြေ ဖြစ်လာနိုင်

ARSA အကြမ်းဖက် အဖွဲ့အနေနဲ့ ဒုက္ခသည်စခန်းတွေမှာ ခြေကုပ်ယူနေပြီး အကြမ်းဖက်မှုနဲ့ အစွန်းရောက်မှုတို့ အမာခံနယ်မြေတစ်ခု မကြာမီ ဖြစ်လာလိမ့်မယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က ဒေသတွင်း အစွန်းရောက်တွေ ပေါ်ပေါက်လာစေရေး အမှတ်တမဲ့ ခွင့်ပြုနေခြင်းအပေါ် အလွန်စိုးရိမ်ကြောင်းနဲ့ အကြမ်းဖက်မှုကို စုံစမ်းစစ်ဆေးရာမှာ ARSA အကြမ်းဖက်သမားတွေရဲ့ ရက်စက်မှုတွေလည်း ပါဝင်ရမယ်လို့ မေလ ၁၄ ရက်နေ့က လုံခြုံရေးကောင်စီမှာ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

ရခိုင်ပြည်နယ်ကို နေရပ်ပြန်ဖို့ စည်းရုံးသူ မိုဟာမက် ဖိုင်ဆယ် အူဟက် (၄၆ နှစ်) ကို မေလ ၉ ရက်နေ့က အကြမ်းဖက်သမား အုပ်စုက ဘူလူကာလီ ဒုက္ခသည်စခန်းက ခေါ်ထုတ်ပြီး ဓားနဲ့ ထိုးသတ်မှု ဖြစ်ခဲ့တယ်လို့လည်း သူက ထည့်ပြောသွားပါတယ်။

?bph6