တာေမြဆႏၵျပပြဲျဖိဳခြင္းရာမွာ ပါ၀င္တဲ႔ အရပ္၀တ္ေတြကို ဥပေဒႏွင့္အညီ အေရးယူမယ္(႐ုပ္/သံ)

0
521

တာေမြက ဆႏၵျပပြဲျပဳလုပ္သူေတြကို ဖမ္းဆီးရာမွာ ပါ၀င္တဲ့ အရပ္၀တ္ေတြကို ဥပေဒနဲ႔ အညီအေရးယူ သြားမယ္လို႔ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ ရဲခ်ဳပ္ကေျပာပါတယ္ ။ ဒီသတင္းကိုေတာ့ MCN ေနျပည္ေတာ္ သတင္းေထာက္ၿဖိဳးသက္ပိုင္ျမင့္က ေပးပို႔ ထားပါတယ္။

ကခ်င္ျပည္နယ္မွာျဖစ္ပြားေနတဲ့ စစ္ပြဲေတြကို ရပ္တန္႔ဖို႔နဲ႔ စစ္ေဘးေရွာင္ျပည္သူေတြကို ကယ္ထုတ္ေပးဖို႔ ေမလ ၁၂ ရက္ေန႔က ရန္ကုန္တုိင္းေဒသၾကီး၊ တာေမြျမိဳ႕နယ္မွာ ဆႏၵျပပြဲတစ္ခုျပဳလုပ္ခဲ့တာပါ။

ဒီဆႏၵျပပြဲဟာ ၂၀၁၆ ျငိမ္းစုစီဥပေဒနဲ႔ ညီညြတ္ျခင္းမရွိတဲ့အတြက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ဥပေဒနဲ႔ အညီ ျဖိဳခြဲခဲ့တာျဖစ္ျပီး ဆႏၵျပပြဲျပဳလုပ္သူေတြကို ဖမ္းဆီးရာမွာ ပါ၀င္တဲ့ အရပ္၀တ္ေတြကို ဥပေဒနဲ႔ အညီအေရးယူ သြားမယ္လို႔ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ ရဲခ်ဳပ္ ေအာင္၀င္းဦးက ေျပာပါတယ္။

Soundbite – ရဲခ်ဳပ္ေအာင္၀င္းဦး ( ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕၊ျပည္ထဲေရး၀န္ၾကီး႒ာန)

ရာဇ၀တ္က်င့္ထံုးဥပေဒ ပုဒ္မ ၁၂၈ အရ အမ်ားျပည္သူျငိမ္းခ်မ္းျခင္းကို အေႏွာင့္အယွက္ေပးတဲ့ လူစုလူေ၀းကို ျဖိဳခြဲရာမွာ လက္နက္ကိုင္မဟုတ္သူ မည္သည့္အမ်ိဳးသားကို မဆုိ အကူအညီေတာင္းခံႏုိင္တယ္လို႔ ေဖာ္ျပထားပါတယ္ ။ တာေမြဆႏၵျပပြဲမွာ ရဲတပ္ဖြဲ႔အေနနဲ႔ အရပ္သား အင္အားကို အသံုးျပဳခဲ့ျခင္းမရွိသလို ပါ၀င္ခဲ့တဲ့ အရပ္သားေတြနဲ႔ တန္ျပန္ဆႏၵျပသူေတြကိုလည္း ဥပေဒနဲ႔ အညီ အေရးယူသြားဖို႔ ရွိေနတယ္လို႔ ရဲခ်ဳပ္ကေျပာပါတယ္ ။

Soundbite- ရဲခ်ဳပ္ေအာင္၀င္းဦး ( ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕၊ျပည္ထဲေရး၀န္ၾကီး႒ာန)

တာေမြ ဆႏၵျပပြဲျဖိဳခြဲရာမွာ ဆႏၵထုတ္ေဖာ္သူေတြကို ရဲဲတပ္ဖြဲ႕က ၀င္ေရာက္ထိန္းသိမ္းရာမွာ အရပ္၀တ္/အရပ္သားေတြ ပါ၀င္ေနတဲ့အတြက္ အရပ္ဖက္အဖြဲ႕အစည္းေတြနဲ႔ နိုင္ငံေရး အသိုင္းအ၀ိုင္းၾကားမွာ ေ၀ဖန္မႈေတြ ျမင့္တက္ေနတာျဖစ္ပါတယ္ ခင္ဗ်ာ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တာမွေက ဆန္ဒပြပွဲပြုလုပ်သူတွေကို ဖမ်းဆီးရာမှာ ပါဝင်တဲ့ အရပ်ဝတ်တွေကို ဥပဒေနဲ့ အညီအရေးယူ သွားမယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ကပြောပါတယ် ။ ဒီသတင်းကိုတော့ MCN နေပြည်တော် သတင်းထောက်ဖြိုးသက်ပိုင်မြင့်က ပေးပို့ ထားပါတယ်။

ကချင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ရပ်တန့်ဖို့နဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကယ်ထုတ်ပေးဖို့ မေလ ၁၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်မှာ ဆန္ဒပြပွဲတစ်ခုပြုလုပ်ခဲ့တာပါ။

ဒီဆန္ဒပြပွဲဟာ ၂၀၁၆ ငြိမ်းစုစီဥပဒေနဲ့ ညီညွတ်ခြင်းမရှိတဲ့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဥပဒေနဲ့ အညီ ဖြိုခွဲခဲ့တာဖြစ်ပြီး ဆန္ဒပြပွဲပြုလုပ်သူတွေကို ဖမ်းဆီးရာမှာ ပါဝင်တဲ့ အရပ်ဝတ်တွေကို ဥပဒေနဲ့ အညီအရေးယူ သွားမယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် အောင်ဝင်းဦးက ပြောပါတယ်။

Soundbite – ရဲချုပ်အောင်ဝင်းဦး ( မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ပြည်ထဲရေးဝန်ကြီးဋ္ဌာန)

ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၈ အရ အများပြည်သူငြိမ်းချမ်းခြင်းကို အနှောင့်အယှက်ပေးတဲ့ လူစုလူဝေးကို ဖြိုခွဲရာမှာ လက်နက်ကိုင်မဟုတ်သူ မည်သည့်အမျိုးသားကို မဆို အကူအညီတောင်းခံနိုင်တယ်လို့ ဖော်ပြထားပါတယ် ။ တာမွေဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့အနေနဲ့ အရပ်သား အင်အားကို အသုံးပြုခဲ့ခြင်းမရှိသလို ပါဝင်ခဲ့တဲ့ အရပ်သားတွေနဲ့ တန်ပြန်ဆန္ဒပြသူတွေကိုလည်း ဥပဒေနဲ့ အညီ အရေးယူသွားဖို့ ရှိနေတယ်လို့ ရဲချုပ်ကပြောပါတယ် ။

Soundbite- ရဲချုပ်အောင်ဝင်းဦး ( မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ပြည်ထဲရေးဝန်ကြီးဋ္ဌာန)

တာမွေ ဆန္ဒပြပွဲဖြိုခွဲရာမှာ ဆန္ဒထုတ်ဖော်သူတွေကို ရဲတပ်ဖွဲ့က ဝင်ရောက်ထိန်းသိမ်းရာမှာ အရပ်ဝတ်/အရပ်သားတွေ ပါဝင်နေတဲ့အတွက် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး အသိုင်းအဝိုင်းကြားမှာ ဝေဖန်မှုတွေ မြင့်တက်နေတာဖြစ်ပါတယ် ခင်ဗျာ ။

?bph6