မိုးေကာင္းၿမိဳ႕နယ္ ရထားလမ္းမွာ မိုင္းေပါက္ကြဲမႈျဖစ္ပြား

0
408

ကခ်င္ျပည္နယ္၊ မိုးေကာင္းၿမိဳ႕နယ္၊ မရမ္းဘူတာနဲ႔ နမၼတီး ဘူတာၾကား မိုင္တိုင္ အမွတ္ ၆၉၅ /၂၄-၁၃ တံတားညီေနာင္ တံတားအနီးမွာ မေန႔က ေမလ ၁၅ ရက္ေန႔ ညေနပိုင္းက  မိုင္းရွင္းရထား ကေန မိုင္းေပါက္ကြဲမႈ ျဖစ္ပြားခဲ့ပါတယ္။

အဲ့ဒီ ေပါက္ကြဲမႈမွာ လူအေသအေပ်ာက္ မရွိခဲ့ေပမယ့္ မိုင္းရွင္းရထားရဲ႕ သံုးတြဲေျမာက္ သံခ်ပ္ကာတြဲနဲ႔ ၄ တြဲေျမာက္ မိုင္းခံတြဲကေတာ့ ၄၅ ဒီဂရီ တိမ္းေစာင္းခဲ့ပါတယ္။ လက္ရွိမွာေတာ့ မိုင္းေပါက္ကြဲ မႈျဖစ္ပြားတဲ့ေနရာကို သက္ဆိုင္ရာ တာဝန္ရွိသူေတြ စစ္ေဆးဖို႔ ေရာက္ရွိေနၿပီ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

မိုးကောင်းမြို့နယ် ရထားလမ်းမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွား

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ မရမ်းဘူတာနဲ့ နမ္မတီး ဘူတာကြား မိုင်တိုင် အမှတ် ၆၉၅ /၂၄-၁၃ တံတားညီနောင် တံတားအနီးမှာ မနေ့က မေလ ၁၅ ရက်နေ့ ညနေပိုင်းက မိုင်းရှင်းရထား ကနေ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီ ပေါက်ကွဲမှုမှာ လူအသေအပျောက် မရှိခဲ့ပေမယ့် မိုင်းရှင်းရထားရဲ့ သုံးတွဲမြောက် သံချပ်ကာတွဲနဲ့ ၄ တွဲမြောက် မိုင်းခံတွဲကတော့ ၄၅ ဒီဂရီ တိမ်းစောင်းခဲ့ပါတယ်။ လက်ရှိမှာတော့ မိုင်းပေါက်ကွဲ မှုဖြစ်ပွားတဲ့နေရာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ စစ်ဆေးဖို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

?bph6