အေမရိကန္က ဘဂၤလားေဒ့ရွ္ရွိ ဒုကၡသည္ေတြအတြက္ ေဒၚလာ ၄၄ သန္း ေထာက္ပံ့မယ္

0
385

ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းရွိ မြတ္စလင္ေတြအတြက္ အေရးေပၚလိုအပ္ခ်က္ေတြ ျဖည့္ဆည္းဖို႔ ေနာက္ထပ္ အေမရိကန္ ေဒၚလာ ၄၄ သန္း ေထာက္ပံ့မယ္လို႔ အေမရိကန္က မေန႔က ေမလ ၁၅ ရက္ေန႔မွာ ေၾကညာပါတယ္။

၂၀၁၇ ဘ႑ာေရးႏွစ္ကစၿပီး ေနရပ္စြန္႔ခြာတဲ့ ဘဂၤါလီ မြတ္စလင္ေတြကို လူသားခ်င္း စာနာေထာက္ထားတဲ့ အကူအညီေပးဖို႔ ေထာက္ပ့ံခဲ့တာ ေဒၚလာ ၂၉၉ သန္းရွိၿပီလို႔ ဒါကာရွိ အေမရိကန္ သံ႐ံုးထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အေမရိကန္ ႏိုင္ငံတကာ ဖြံ႔ၿဖိဳးေရး ေအဂ်င္စီ (USAID) အႀကီးအကဲ မာ့ခ္ ဂရင္းက ကူတာပါေလာင္ ဒုကၡသည္စခန္းကို ေရာက္ရွိေနစဥ္ ေထာက္ပံ့မႈအသစ္ကို ေၾကညာတာ ျဖစ္ပါတယ္။ အေမရိကန္ရဲ႕ အကူအညီေတြကို USAID ကတဆင့္ ေပးအပ္မွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန်က ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်တွေအတွက် ဒေါ်လာ ၄၄ သန်း ထောက်ပံ့မယ်

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းရှိ မွတ်စလင်တွေအတွက် အရေးပေါ်လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ နောက်ထပ် အမေရိကန် ဒေါ်လာ ၄၄ သန်း ထောက်ပံ့မယ်လို့ အမေရိကန်က မနေ့က မေလ ၁၅ ရက်နေ့မှာ ကြေညာပါတယ်။

၂၀၁၇ ဘဏ္ဍာရေးနှစ်ကစပြီး နေရပ်စွန့်ခွာတဲ့ ဘင်္ဂါလီ မွတ်စလင်တွေကို လူသားချင်း စာနာထောက်ထားတဲ့ အကူအညီပေးဖို့ ထောက်ပံ့ခဲ့တာ ဒေါ်လာ ၂၉၉ သန်းရှိပြီလို့ ဒါကာရှိ အမေရိကန် သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) အကြီးအကဲ မာ့ခ် ဂရင်းက ကူတာပါလောင် ဒုက္ခသည်စခန်းကို ရောက်ရှိနေစဉ် ထောက်ပံ့မှုအသစ်ကို ကြေညာတာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ အကူအညီတွေကို USAID ကတဆင့် ပေးအပ်မှာ ဖြစ်ပါတယ်။

?bph6