မ်ဳိးဆက္သစ္တုိ႔အတြက္ တီထြင္ဆန္းသစ္တဲ့ ပညာေရးျပပြဲ က်င္းပ (႐ုပ္/သံ)

0
502

မ်ဳိးဆက္သစ္တုိ႔အတြက္ တီထြင္ဆန္းသစ္တဲ့ ပညာေရးျပပြဲကုိ ရန္ကုန္နည္းပညာတကၠသုိလ္မွာ ျမန္မာ လူငယ္ေရွ႕ေဆာင္အဖြဲ႕က ပထမဆုံးအႀကိမ္ က်င္းပျပဳလုပ္ခဲ့ပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ ေကသြယ္က ေပးပုိ႔ထားပါတယ္။

ေမလ ၁၃ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ရန္ကုန္နည္းပညာတကၠသုိလ္မွာ ျမန္မာလူငယ္ေရွ႕ေဆာင္အဖြဲ႕က တီထြင္ ဆန္းသစ္ရဲ႕ သိပၸံနည္းပညာရပ္ေတြကုိ လူငယ္ေတြ လက္လွမ္းမီႏုိင္ဖို႔နဲ႔ လူငယ္ေတြရဲ႕ ရည္မွန္းခ်က္ေတြကုိ အေကာင္အထည္ေဖာ္ေဆာင္ရြက္နုိင္ဖို႔ ရည္ရြယ္ၿပီး မ်ဳိးဆက္သစ္တုိ႔အတြက္ တီထြင္ဆန္းသစ္တဲ့ပညာေရးျပပြဲ ကုိ ပထမဆုံးအႀကိမ္က်င္းပျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

Sound Bite ေဒၚခ်ဳိမာ၀င္း ( ဥကၠ႒)
ျမန္မာလူငယ္ေရွ႕ေဆာင္အဖြဲ႕

ဒီပညာေရးျပပြဲမွာ တကၠသုိလ္အသီးသီးက ေက်ာင္းသူေက်ာင္းသားေတြကုိယ္တုိင္ တီထြင္ဆန္းသစ္ထားတဲ့ နည္းပညာ တကၠသိုလ္ေက်ာင္းေတြရဲ႕ ျပခန္းေတြအပါအ၀င္ ႏိုင္ငံတကာ Scholarship program ေတြ အေၾကာင္းကုိ က်ယ္က်ယ္ျပန္႔ျပန္႔ေလ့လာႏိုင္မယ့္ ျပခန္းေတြျပသထားတာပါ။

ဒါ့အျပင္ လက္ရွိအစုိးရလက္ထက္ ပညာေရးဆုိင္ရာျပဳျပင္ေျပာင္းလဲမႈလုပ္ငန္းေတြကုိ အရင္လကထက္ ပုိမုိျပဳလုပ္လာေပမယ့္ လက္ေတြ႔အခုလုိနည္းပညာဆုိင္ရာ ျပပြဲေတြကုိ ေက်ာင္းသားလူငယ္ေတြ လက္လွမ္းမီနုိင္ဖုိ႔ လုိအပ္ေနေသးတဲ့အေျခအေနမွာ ရွိေနေသးတာပါ။

Sound Bite ကုိခ်မ္းေျမ႕ ( ဗိသုကာေနာက္ဆုံးႏွစ္ )
ေမွာ္ဘီနည္းပညာတကၠသုိလ္

ျမန္မာလူငယ္ေရွ႕ေဆာင္အဖြဲ႕ကုိ ၿပီးခဲ့တဲ့ ၂၀၁၄ ခုႏွစ္က စတင္ဖြဲ႕စည္းခဲ့တာျဖစ္ၿပီး ရန္ကုန္ၿမိဳ႕ အပါအ၀င္ ေ၀းလံေခါင္ဖ်ားတဲ့ တုိင္းရင္းသားေဒသေတြမွာ သိပၸံနဲ႔နည္းပညာဆုိင္ရာ ပညာရပ္ေတြကုိ လက္လွမ္းမီႏုိင္ဖို႔နဲ႔ တစ္ေနရာတည္း ေလ့လာခြင့္ရဖုိ႔ကိုလည္း လုပ္ေဆာင္ေနပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မျိုးဆက်သစ်တို့အတွက် တီထွင်ဆန်းသစ်တဲ့ ပညာရေးပြပွဲကို ရန်ကုန်နည်းပညာတက္ကသိုလ်မှာ မြန်မာ လူငယ်ရှေ့ဆောင်အဖွဲ့က ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ကေသွယ်က ပေးပို့ထားပါတယ်။

မေလ ၁၃ ရက်နေ့က ရန်ကုန်မြို့ ရန်ကုန်နည်းပညာတက္ကသိုလ်မှာ မြန်မာလူငယ်ရှေ့ဆောင်အဖွဲ့က တီထွင် ဆန်းသစ်ရဲ့ သိပ္ပံနည်းပညာရပ်တွေကို လူငယ်တွေ လက်လှမ်းမီနိုင်ဖို့နဲ့ လူငယ်တွေရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး မျိုးဆက်သစ်တို့အတွက် တီထွင်ဆန်းသစ်တဲ့ပညာရေးပြပွဲ ကို ပထမဆုံးအကြိမ်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Sound Bite ဒေါ်ချိုမာဝင်း ( ဥက္ကဋ္ဌ)
မြန်မာလူငယ်ရှေ့ဆောင်အဖွဲ့

ဒီပညာရေးပြပွဲမှာ တက္ကသိုလ်အသီးသီးက ကျောင်းသူကျောင်းသားတွေကိုယ်တိုင် တီထွင်ဆန်းသစ်ထားတဲ့ နည်းပညာ တက္ကသိုလ်ကျောင်းတွေရဲ့ ပြခန်းတွေအပါအဝင် နိုင်ငံတကာ Scholarship program တွေ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာနိုင်မယ့် ပြခန်းတွေပြသထားတာပါ။

ဒါ့အပြင် လက်ရှိအစိုးရလက်ထက် ပညာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေကို အရင်လကထက် ပိုမိုပြုလုပ်လာပေမယ့် လက်တွေ့အခုလိုနည်းပညာဆိုင်ရာ ပြပွဲတွေကို ကျောင်းသားလူငယ်တွေ လက်လှမ်းမီနိုင်ဖို့ လိုအပ်နေသေးတဲ့အခြေအနေမှာ ရှိနေသေးတာပါ။

Sound Bite ကိုချမ်းမြေ့ ( ဗိသုကာနောက်ဆုံးနှစ် )
မှော်ဘီနည်းပညာတက္ကသိုလ်

မြန်မာလူငယ်ရှေ့ဆောင်အဖွဲ့ကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ရန်ကုန်မြို့ အပါအဝင် ဝေးလံခေါင်ဖျားတဲ့ တိုင်းရင်းသားဒေသတွေမှာ သိပ္ပံနဲ့နည်းပညာဆိုင်ရာ ပညာရပ်တွေကို လက်လှမ်းမီနိုင်ဖို့နဲ့ တစ်နေရာတည်း လေ့လာခွင့်ရဖို့ကိုလည်း လုပ်ဆောင်နေပါတယ်ရှင်။

?bph6