
0
427




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘန်ကောက် လေကြောင်းလိုင်းက ရန်ကုန်-ဖူးခက် တိုက်ရိုက် ပြေးဆွဲမယ်

ထိုင်းနိုင်ငံက ဘန်ကောက် လေကြောင်းလိုင်းက ရန်ကုန်နဲ့ ဖူးခက်အကြား လေယာဉ် တိုက်ရိုက်ပြေးဆွဲမှုကို နိုဝင်ဘာ ၁၇ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။

မြန်မာအစိုးရပိုင် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) က ပြီးခဲ့တဲ့လကစပြီး ရန်ကုန်-ဖူးခက်အကြား စတင် ပြေးဆွဲနေပြီ ဖြစ်ပါတယ်။ ဘန်ကောက် လေကြောင်းလိုင်းဟာ မကြာသေးခင်က ရန်ကုန်-ဘန်ကောက်၊ မန္တလေး-ဘန်ကောက်၊ နေပြည်တော်-ဘန်ကောက်နဲ့ ရန်ကုန်-ချင်းမိုင် ခရီးစဉ်တွေကို စတင်ခဲ့ပြီး ဖြစ်ပါတယ်။

ထိုင်းဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနဲ့ ဘန်ကောက် လေကြောင်းလိုင်းတို့က ကမ္ဘောဒီးယား၊ အန်ကောဝပ်နဲ့ မြန်မာနိုင်ငံ၊ ပုဂံတို့ကို ပြေးဆွဲဖို့ ဆွေးနွေးခဲ့ပေမယ့် လေကြောင်းထိန်းသိမ်းရေး ဌာနက ကန့်ကွက်တဲ့အတွက် အစီအစဉ် မဖြစ်မြောက်ခဲ့ပါဘူး။

?bph6