
0
418




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သီလဝါ စက်မှုဇုန်မှာ ဆေးဝါး စက်ရုံသစ် ဖွင့်လှစ်
ရန်ကုန်မြို့၊ သီလဝါ အထူးစီးပွားရေးဇုန်မှာ မေလ ၁၂ ရက်နေ့က သြစတြေးလျနိုင်ငံ အခြေစိုက် Zifam ဆေးဝါး ကုမ္ပဏီနဲ့ မြန်မာနိုင်ငံက Pyrex Trading ကုမ္ပဏီ လီမိတက်တို့ ပူးပေါင်းထားတဲ့ ကုမ္ပဏီ လီမိတက်က ဦးဆောင် ဖွင့်လှစ်တဲ့ ပဋိဇီဝ ဆေးဝါး စက်ရုံ သစ်ကို ဖွင့်လှစ်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အများဆုံး အသုံးပြုနေပြီး အိန္ဒိယကနေ တင်သွင်းနေရတဲ့ ဖလူးမောက်ဆေးကို စတင်ထုတ် လုပ်မှာဖြစ်ပြီး နောက်ပိုင်းမှာ ပြည်သူ့ကျန်းမာရေး အထောက်အကူပြု ဆေးဝါတွေကို တိုးချဲ့ ထုတ်လုပ်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပဋိဇီဝဆေး အမျိုးအစားတွေကို ပြည်ပကနေ ၉၀ ရာခိုင်နှုန်း တင်သွင်းနေရတာ ဖြစ်ပါတယ်။

?bph6