အစိုးရဆိုတာ စီးပွားရေး ၀င်လုပ်စရာမလိုဘူးလို့ စီးပွားရေးပညာရှင် ပြော(ရုပ်/သံ)

0
534








>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အစိုးရဆိုတာ စီးပွားရေး ဝင်လုပ်စရာမလိုဘူးလို့ စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်ကပြောကြားလိုက်ပါတယ်။ဒီသတင်းကိုMCNသတင်းထောက်မောင်ထက်ကပေးပို့ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ မတ်လက ရန်ကုန်မြို့သစ်ဖွံဖြိုးတိုးတက်ရေးကုမ္ပဏီ လိမိတက် တည်တောင်ပြီး စီးပွားရေး လုပ်ဆောင်ဖို့ စတင်လုပ်ဆောင် တာတွေအပါအဝင် အခြားသော တိုင်းဒေသကြီး အစိုးရအဖွဲ့တွေအနေနဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ စီစဉ်နေတာပါ ။

အခုလို အစိုးရက စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့လုပ်ဆောင်နေတာနဲ့ပါတ်သက်ပြီး အစိုးရအနေနဲ့ စီးပွားရေး ဝင်လုပ်စရာမလိုဘူးလို့ စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် က မေလ ၁၁ ရက်နေ့က ရန်ကုန်မြို့Novotel ဟိုတယ်မှာ ကျင်းပတဲ့ CEO ညီလာခံမှာ ပြောကြားခဲ့တာပါ။

Soundbites- ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် (စီးပွားရေးပညာရှင်)

မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက်က စီးပွားရေးလုပ်ငန်းတွေကို ဝင်ရောက်လုပ်ကိုင်တာတွေ ရှိခဲ့ပြီး အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်း ဆိုတာကတော့ မရှိသလောက် နည်းပါးနေတာပါ ။
အဲ့ဒီအတွက် လက်ရှိ မှာ ဒီမိုကရေစီ အစိုးရအနေနဲ့ မူဝါဒ အသစ်တွေ ထပ်ချနေတာထက် ရှိပြီးသား ကောင်းတဲ့ မူဝါဒကို ခိုင်မာအောင် လုပ်ရမယ်လို့ ဒေါက်တာအောင်ထွန်းသက်က ပြောပါတယ်။

Soundbites- ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် (စီးပွားရေးပညာရှင်)

မြန်မာနိုင်ငံရဲ့ GDPတိုးတက်မှုနှုန်းဟာ ၂၀၁၅ခုနှစ်မှာ ၇ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၆ခုနှစ်မှာ ၅ရာခိုင်နှုန်း၊၂၀၁၇ခုနှစ်မှာ ၆ဒသမ၄ ရာခိုင်နှုန်း ကျဆင်းလာတဲ့အတွက် အစိုးရသစ်လက်ထက်မှာ
GDPတိုးတက်မှုနှုန်းနှေးကွေးလာနေတာ ဖြစ်ပါတယ် ခင်ဗျာ ။

?bph6